Burmese Subtitle
BluRay 1080p 6CH Green Book (2018)
Report error

Report error

ဒီဇာတ်ကားက BEST ORIGINAL SCREENPLAY, BEST ACTOR IN A SUPPORTING ROLE, BEST PICTURE စတဲ့
အော်စကာဆုတွေကိုဆွတ်ခူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဘဲဖြစ်ပါတယ်။ ပိုစတာကြည့်ကြည့်ရင်တော့ သိပ်ပြီးဆွဲဆောင်မှုမရှိတဲ့ဇာတ်ကားတစ်ကားလိုပါဘဲ။

တကယ်တမ်းကြည့်လိုက်တဲ့အခါ ဒီဇာတ်ကားဟာ အတော်ကြည့်လို့ကောင်းပြီး Driving Miss Daisy နဲ့ 12 Years a Slave ကို သွားသတိရမိစေတယ် ။ ကျွန်တော့်အထင် Green Book ထဲက အိမ်တစ်အိမ်က 12 Years a Slave က အိမ်တစ်အိမ်နဲ့ တူနေပါတယ် ။ ( 12 Years a Slave ကိုပြန်ကြည့်ပြီးတိုက်ကြည့်မှရမှာ ဆိုတော့ အတိအကျ မပြောတက်) ။ ပြီးတော့ ဒီဇာတ်ကားက Driving Miss Daisy ဇာတ်အိမ်တည်ထားတဲ့ ခုနှစ်က မတိမ်းမယိမ်း ၊ ဇာတ်ကားရဲ့ Theme ရောပါ တူနေတယ် ။

ဇာတ်လမ်းက Frank “Tony Lip” Vallelonga ဆိုတဲ့ နိုက်ကလပ်အစောင့်တစ်ဦးက နိုက်ကလပ်ခနပိတ်ထားချိန်မှာ Doctor Don Shirley ဆိုတဲ့ လူမည်း စန္တရားပညာရှင်ဆီမှာ ယာဉ်မောင်းအလုပ်သွားလျှောက်တယ် ။ ဒီလိုနဲ့ Don Shirley နဲ့ Frank “Tony Lip” Vallelonga တို့ဟာ အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို ၈ ပတ်ကြာဖျော်ဖြေပွဲထွက်ရပါတယ် ။ သူတို့ရည်ရွယ်ချက်က ခရစ်စမတ်အမှီ New York ပြန်ရောက်ဖို့ပါပဲ ။

ဒီလိုခရီးရက်ရှည်ထွက်မယ်ဆိုတော့ Don Shirley ရဲ့ အသံသွင်းကုမ္ပဏီက Tony ကို Green Book ကလေးပေးလိုက်တယ် ။ အဲဒီစာအုပ်က လူမည်းခရီးသွားတွေအတွက် မော်တယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ဓာတ်ဆီဆိုင်တွေ လမ်းညွှန်ပေးတဲ့စာအုပ်ပါ ။ အဲဒီအချိန်က အမေရိကန်မှာ လူဖြူ ၊ လူမည်းခွဲခြားမှုရှိနေတဲ့အချိန်ပါ ။ ဒီလိုနဲ့ သူတို့ ခရီးထွက်ခဲ့တဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ ၊ စရိုက်မတူ အသားအရောင်မတူတဲ့ လူနှစ်ဦး ရဲ့ သဘောထားမတိုက်ဆိုင်မူတွေ ၊ ဖြစ်ပေါ်လာမဲ့အပြောင်းအလဲတွေ ၊ သူတို့နှစ်ဦးကြားက ခင်မင်ရင်းနှီးမှုတွေဖြစ်လာကြပုံတွေကို ရိုက်ကူးထားတာပါ ။

ဒီဇာတ်ကားဟာ အချိန် ၂ နာရီ ၁၀ မိနစ်ကြာမြင့်ပါတယ် ။ ဒီဇာတ်ကားရဲ့ အားနည်းချက်က ဇာတ်လမ်းကို အနည်းငယ်ခန့်မှန်းမိစေတာပါ ။ ဒါပေမဲ့ ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ဖြစ်နေတာကြောင့်လည်း ခန့်မှန်းရလွယ်ကူနေတာ ဖြစ်ပါလိမ့်မယ် ။ ဒီဇာတ်ကား Comedy Drama ဖြစ်တာကြောင့် တစ်ကားလုံးပျင်းချိန်မရပါဘူး ။ တချို့နေရာတွေဟာ အတော်ရယ်ရပြီး ၊ အတော်များများမှာတော့ ပြုံးချင်စရာ ဟာသမျိုးလောက်သာထည့်ထားတာမို့ ဇာတ်လမ်းကပေါ့မသွားပါဘူး ။

ဒီဇာတ်ကားမှာ နောက်ခံတေးဂီက လိုက်ဖတ်ရုံလောက်သာအပြင် မပိုပါဘူး ။ ဒီထက်ပိုကောင်းမယ်ဆိုရင် အတော်ကလေး ပြည့်စုံသွားမှာပါ ။ ဒီဇာတ်ကားဟာ Editing ပိုင်းလည်း အတော်ကလေးကောင်းမွန်ပါတယ် ။ ဒီဇာတ်ကားမှာ အကောင်းဆုံးကတော့ သရုပ်ဆောင်တွေပါပဲ ။ ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်တွေဖြစ်ကြတဲ့ Viggo Mortensen နဲ့ Mahershala Ali တို့ဟာ အတော်သရုပ်ဆောင်ကောင်းကြပါတယ် ။ သူတို့နှစ်ယောက်ကြား Chemistry ကလည်း အတော်ကလေးကောင်းပါတယ် ။ အထူးသဖြင့် Viggo Mortensen ဟာ စကားပြောမပြေပြစ်သူ ၊ စကားပြောရိုင်းတက်ပေမဲ့ စိတ်ကောင်းသူ ၊ စည်းကမ်းမရှိပေမဲ့ အလုပ်အပေါ်သစ္စာရှိသူ အီတလီအမေရိကန်တစ်ယောက်အနေနဲ့ အတော်သရုပ်ပါခဲ့ပါတယ် ။ ဒီအတွက် နှစ်ဦးစလုံးဟာ အော်စကာစကာတင်မှာပါနေကြပါတယ် ။

ဒီဇာတ်ကားရဲ့ ဒုတိယအကောင်းဆုံးအချက်က ဇာတ်ညွှန်းပိုင်းပဲ ။ ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာတဲ့ ၂၀၁၈ ထွက် ဇာတ်ကားတွေကို ကြည့်ရှူ့ခဲ့တဲ့အခါ ဇာတ်ညွှန်းတွေကို သဘောကျခဲ့ရတယ် ။ ဒီဇာတ်ကားဟာ Comedy Drama ဖြစ်တာကြောင့် ဇာတ်လမ်းက အခြားကားတွေထက် သွက်လွန်းလှတယ် ။ ရယ်စရာ ၊ ပြုံးစရာအချို့ ကို သေသပ်စွာထည့်သွင်းသွားခဲ့သလို ဇာတ်ညွှန်းကလည်း အပိုအလိုမရှိပါဘူး ။ အနည်းငယ်ချဲ့ကားထားတာမျိုးလည်းမရှိတဲ့ သဘာဝကျတဲ့ ဇာတ်လမ်း ၊ ဇာတ်ညွှန်းပါ ။

အချုပ်ဆိုရရင်တော့ ဒီဇာတ်ကားဟာ အားနည်းချက်အနည်းငယ်ရှိပေမဲ့ အတော်ကောင်းမွန်ပါတယ် ။ ဇာတ်လမ်းဟာသွက်ပြီး မပျင်းရိသွားစေဘဲ အချိန်ကုန်ရကျိုးနပ်မဲ့ ဇာတ်ကားတစ်ကားပါ ။ ၂၀၁၈ ရဲ့အကောင်းဆုံးဇာတ်ကားတွေထဲမှာ တစ်ကားအပါအဝင်လို့ပြောလို့ရတဲ့ ဒီဇာတ်ကားကို အော်စကာဆုပေးပွဲမတိုင်မှီကြည့်ကိုကြည့်သင့်ပါတယ် ။

IMDB – 8.3
Rotten Tomatoes – 82%
MSR Rating – 4/5

ရုပ်ရှင်အညွန်းကိုတော့ Movie Short Review Facebook Page မှကူးယူဖော်ပြထားတာဖြစ်ပြီးတော့
Nang May Thu Aung ကအကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်။

Green Book (2018)
Green Book (2018)
Green Book (2018)
Green Book (2018)
Green Book (2018)
Green Book (2018)
Green Book (2018)
Green Book (2018)
Green Book (2018)
No downloads available

Related movies