ကဲ ပရိတ်သတ်ကြီးအတွက်…၂၀၁၇ခုနှစ်က ထွက်ထားတဲ့ Happy Death Day နဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ
ဒီဇာတ်ကားလေးဟာ..Horror, Thriller, Mystery အမျိုးအစားဖြစ်ပါတယ်….
Happy Death Day (2017)
————————–
သေနေ့ မင်္ဂလာပါ ……… ။
လူတိုင်းဟာ ကိုယ်မွေးနေ့ ဒါမှမဟုတ် တစုံတခု ကြည်နူးစရာ အကြောင်းတခုဖြစ်ပေါ်ခဲ့တဲ့ နေ့မျိုးကိုဘဲ
အကြိမ်ကြိမ်အခါခါ ခံစားစံစားချင်ကြတာပါ။
ဘယ်သူကများ ကိုယ်ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့နေ့ကို အကြိမ်ကြိမ်ခံစားချင်ပါ့မလဲ ?
Tree ဆိုတဲ့ ကောလိပ်ကျောင်းသူ ချာတိတ်မလေးတစ်ယောက်ဟာ တကယ့် အရှုပ်အထုပ်မလေးတစ်ယောက်ပါဘဲ။
ဘယ်သူ့ကိုမှ တန်ဖိုးမထား ဘယ်သူ့ကိုမှလည်း အရေးမလုပ်တဲ့ IDGAF မျိုးလေးပါ။
တစ်မနက်မှာတော့ Tree တစ်ယောက် မူးပြီးတော့ အိပ်ယာကနိုးလာခဲ့တယ်။ ညက ကိစ္စတွေ ဘာမှမမှတ်မိတော့ဘဲ Carter ဆိုတဲ့ ကောင်လေးရဲ့ အိပ်ယာပေါ်မှာ နိုးလာခဲ့တယ်။ အဲ့ဒိနေ့က မှတ်မှတ်ရရ
စက်တင်ဘာလ ၁၈ ရက်နေ့ …… သူ့မွေးနေ့ပါ။
Tree တစ်ယောက် သူ့မှတ်ညဏ်ထဲက နေ့တစ်နေ့ကထုတ်ခွင့်ရမယ်ဆို အဲ့ဒိနေ့ဟာ သူမရဲ့မွေးနေ့ဘဲဖြစ်ပါလိမ့်မယ်။
ဒီလိုနဲ့ ပုံမှန်အတိုင်း သူ့ရဲ့နေ့တွေကိုကုန်ဆုံးခဲ့တယ်။
ကောင်လေးတွေကိုငြင်းတယ်။
သူငယ်ချင်းတွေကို မာမာထန်ထန်ဆက်ဆံတယ်။
အိမ်ထောင်ရှိတဲ့ သူ့ ပရောဖက်ဆာနဲ့ ချစ်ရည်လူးတယ်။
ညဘက်မှာ ပါတီတစ်ခုကိုသွားခဲ့တယ်။
ဒီလိုနဲ့ပါတီသွားတဲ့ လမ်းမှာ ………
မျက်နှာဖုံးဝတ်ထားတဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်တာကိုကြုံရပြီး Tree တစ်ယောက် သေသွားခဲ့တယ်။ သူသေပြီးပြီဆိုတာနဲ့ သူဟာ နာကျင်မှုမရှိဘဲ မနက်ကလို Carter ရဲ့ အခန်းထဲမှာ ပြန်နှိုးရလာတယ်။ ဒီကိစ္စကို သူကလွဲပြီး ဘယ်သူမှမသိဘူး။ သူ့အနာကျင်ဆုံးနေ့ရက်မှာ အသတ်ခံရတဲ့အပြင် အသတ်ခံရတဲ့နေ့ရက်ကိုပါ အကြိမ်ကြိမ် ခံစားနေခဲ့ရတယ်။
သူဘယ်အထိခံစားရမှာလဲ ?
အဲ့တာကတော့ သူ့ကို သတ်တဲ့သူကို သူမသိမချင်းပါဘဲ။
Tree တစ်ယောက် အကြိမ်ကြိမ်အခါခါဖြစ်ပေါ်နေတာကို ဘယ်လိုဖြေရှင်းမလဲ ? ဘယ်လိုဖြတ်ကျော်မလဲ ? ဘာတွေလုပ်မလဲ ? သူ့ကို သတ်သွားတာကရော ဘယ်သူလဲ ? အစရှိတဲ့ မေးခွန်းတွေကိုတော့ ရုပ်ရှင်ထဲမှာဘဲကြည့်ပါလေ။
__________________
ဒီဇာတ်ကားဟာ သူ့ Mystery Genre ကြောင့် အားပေးသူ အတော်လေးလျော့သွားတယ်ဆိုရမယ်။
ပုံမှန်အားဖြင့် ဒီစာရင်းထဲပါတဲ့ ဇာတ်ကားတွေဟာ ဘယ် Voting မှာဆို အတော်အသင့်ရှိရပါလိမ့်မယ်။ ဒါပေမယ့်
Rating ကောင်းမှ ရုပ်ရှင်ကောင်းတယ်ဆိုတဲ့
ဒီ Stereotype ကြီး မမှန်ဘူးဆိုတာ သက်သေပြဖို့အတွက် Rating သိပ်မကောင်းပေမယ့် အရသာရှိတဲ့ ရုပ်ရှင်အဆန်းလေးတွေကိုပါ ထည့်ပေးပါတော့တယ်။
ဒီရုပ်ရှင်ရဲ့ အကြိုက်ဆုံးတစ်ချက်ပြောရမယ်ဆို ရုပ်ရှင်ဟာ Tree ရဲ့ တစ်ရက်တည်းကိုဘဲ
အကြိမ်ကြိမ် အခါခါပြနေတယ်ဆိုပေမယ့်
လုံးဝ ရိုးအီမသွားတာပါဘဲ။
တစ်နေ့ကို တစ်နည်းနဲ့ ဘာပြီး
ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းနိုင်သည့်တိုင် မှားမြဲမှားနေအုန်းမှာပါဘဲ။
နောက်တစ်ခုက Tree ဆိုတဲ့ ကာရိုက်တာ ……
အစပိုင်းမှာ သူ့ကို လုံးဝ Bitchy Type အနေနဲ့ ပုံဖော်ထားပါတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ ပရိသတ်က ရုပ်ရှင်ကြည့်လာရင်းနဲ့ Tree ကိုနားလည်လာမယ်။ သူခံစားနေရတဲ့ Time loop ကြီးကနေ ဝိုင်းကူ ရုန်းထွက်ပေးချင်စိတ်တွေပေါ်လာမယ်။ တဖြေးဖြေးနဲ့ Tree ကို ချစ်လာပါလိမ့်မယ်။ Tree ဟာ မိန်းကလေးတစ်ယောက်မို့ ယောက်ျားလေးတစ်ယောက်အနေနဲ့ ချစ်နေတာမျိုးမဟုတ်ဘဲ သူခံစားနေရတာတွေကို သူ့နေရာကနေ ဝင်ခံစားမိရင်းက နားလည်ပြီး သနားရင်းနဲ့ချစ်လာတာမျိုးပေါ့။
တစ်နည်းပြောရရင်တော့ ရုပ်ရှင်ဖန်တီးသူတွေရဲ့ Character Building ရော ကာရိုက်တာမိတ်ဆက်ပုံရောဟာ အတော်ကြီးအထာကျပါတယ်။
ရုပ်ရှင်ရဲ့ အဓိကသော့ချက်ဖြစ်တဲ့ Tree ကို ဘယ်သူသတ်သွားတာလဲ ဆိုတဲ့အဖြေဟာ Tree မသိသရွေ့ ပရိသတ်လည်းမသိရပြန်ပါဘူး။ ဒီတော့ ဘယ်သူဖြစ်မလဲလို့ Viewer က စဉ်းစားလိုက် တကယ်ဖြစ်မလာလိုက် Tree ကတစ်ယောက်ကို စဉ်းစားလိုက် Viewer ကရော ဟုတ်နိုင်ရဲ့လားစဉ်းစားကြည့်လိုက်နဲ့ သူ့ဟာနဲ့သူတော့ အဆင်ပြေနေပါလိမ့်မယ်။
ဒီတော့ တစ်ခုလုပ်ဗျာ။
ရုပ်ရှင်ကြည့်ပြီးသူတွေကတော့ ကြည့်တုန်းက အထင်နဲ့ တကယ့်အမြင်မှန်လား မှားလားဆိုတာကို ကော်မန့်မှာရေးခဲ့ပါ။
(ကျေးဇူးပြုပြီး မစပွိုင်းလ်ပါနော်။
စပွိုင်းလ်ခြင်းဟာ သင့်ကို စမတ်ဖြစ်မသွားစေပါဘူး)
မကြည့်ရသေးတဲ့သူတွေကလည်း ရုပ်ရှင်ကြည့်တဲ့အခါ ပထမဆုံး Tree သေတဲ့အခန်းကျရင် Pause လိုက်။
ပြီးရင် ဒီကော်မန့်မှာ လူသတ်တရားခံ ဘယ်သူလို့ထင်လဲဆိုတာ ရေးခဲ့လိုက်ပါ။ မှန်မမှန်ပြီးတော့ကြည့်ရတာပေါ့။
Crd: SilverScreen
Translator — Aung Myint Oo
Encoder — Sai Wunna