Burmese Subtitle
BluRay 1080p 6CH How to Train Your Dragon: The Hidden World (2019)
Report error

How to Train Your Dragon: The Hidden World (2019)

How to Train Your Dragon: The Hidden World    

PG 104 min ActionAdventureAnimation

7.5
IMDB: 7.5/10 98,831 votes

, , , , , , , , , , ,

Nominated for 1 Oscar. Another 5 wins & 57 nominations.

United States / Japan

578

Report error

နဂါးဘက်တော်သားများဖြစ်ကြတဲ့ Hiccup နဲ့ အဖွဲ့သားတွေဟာ လူတွေဖမ်းဆီးထားတဲ့ နဂါးတွေ လိုက်ကယ်၊ ပြန်လွှတ်ပေးနဲ့ လုပ်နေလို့ အခုဆို ရွာမှာတောင် နဂါးတွေ တော်တော်များလာပါပြီ။ ဒီလို နဂါးအင်အား များလာတာနဲ့အမျှ နဂါးတွေကို ရန်ရှာ၊ ဖမ်းဆီးချင်တဲ့ လူတွေရဲ့ ပစ်မှတ်အဖြစ်ကလည်း ကြာလေကြီးလေဖြစ်လာပါတယ်။ တစ်ရက်မှာ နောက်ဆုံးကျန်တဲ့ Night Fury ဖြစ်တဲ့ Toothless ကို သတ်ချင်လွန်းတဲ့ နဂါးမုဆိုးတစ်ယောက်ပေါ်လာတယ်။ အဲအတွက် Hiccup ဟာ သူတို့ချစ်တဲ့ နဂါးတွေကို လူတွေလိုက်ရန်မပြုနိုင်တဲ့၊ နဂါးတွေပဲနေကြတဲ့ Hidden World ကို ပို့ပြီး ကယ်တင်ဖို့ ရင်နာနာနဲ့ ကြိုးပမ်းကြရပါတော့တယ်။

Review (Minor Spoiler alert)

Dean Deblois ရဲ့ How to Train your Dragon ဇာတ်ကားတွေထဲမှာ အခုကားဟာ နောက်ဆုံးဇာတ်သိမ်းဖြစ်ပါတယ်။ ဇာတ်သိမ်းဆိုတဲ့နေရာမှာလည်း အသိမ်းမတော်ရင် တစ်တွဲလုံးဂွမ်းသွားနိုင်ချေရှိပေမဲ့ Deblois ကတော့ တော်တော်လေး လှလှပပ နဲ့ အဆုံးသတ်ပေးနိုင်ခဲ့တယ်လို့ ပြောရမှာပါ။

Hiccup ဟာ ရွာအကြီးအကဲလည်းဖြစ်၊ Toothless ကလည်း Alpha ဖြစ်။ အဲအတွက် ၂ ဖက်လုံးရဲ့ ရှေ့ရေးက ၂ ယောက်လုံးနဲ့ ချိတ်ဆက်နေတယ်။ ဒီလိုအချိန်မှာ ခက်ခဲတဲ့ ရွေးချယ်မှုတွေနဲ့ Hiccup နဲ့ Toothless ကြား၊ Hiccup နဲ့ သူ့သူငယ်ချင်း၊ သူ့နောက်လိုက်တွေကြားက love and friendship တို့ကို ကောင်းကောင်းကြီးပြသွားခဲ့တယ်။ လွန်ခဲ့တဲ့ 9 နှစ်က ထွက်ခဲ့တဲ့ How to Train your Dragon ပထမကားမှာကတည်းက Hiccup လည်း Toothless မရှိလို့ မရသလို Toothless လည်း Hiccup မရှိလို့ မရဘူး။ ဒါပေမဲ့ အချိန်တန်လို့ ခွဲခွာကြရတဲ့အခါမှာ သူတို့တော့ မသိ၊ ကိုယ်တွေတော့ လွှတ် feel ပဲ။

Visual ပိုင်းမှာလည်း အများကြီးအားရတယ်။ 3D effect ကို ကောင်းကောင်းသုံးပြီး ရင်သတ်ရှုမောဖြစ်အောင် ဇာတ်ဝင်ခန်းတော်တော်များများနဲ့ ပြသွားတယ်။ Fram ထဲ နဂါးတွေတစ်ကောင်ပြီးတစ်ကောင်ဝင်လာတဲ့ အကွက်ဆို လန်ထွက်။ အနုစိတ်တဲ့အပိုင်းမှာလည်း Hiccup ရဲ့ ပါးပေါ်က မုတ်ဆိတ်မွှေးပါးပါးလေးတွေတောင်မြင်ရတယ်။ ဒီလို perfect ဖြစ်နေတဲ့ visual တွေကို နောက်ခံတီးလုံးတွေကလည်း ကွက်တိထောက်ပံ့ပေးထားနိုင်ခဲ့တယ်။

The Hidden World နဲ့ပတ်သက်ပြီးတော့ အများကြီးမပြောချင်ပါဘူး။ အရင်ကားတွေတုန်းကလိုပဲ အားမရဖြစ်မှာမဟုတ်ဘဲ တစ်ကားလုံး မပျင်းရဘဲ non-stop အားရပါးရ ကြည့်လို့ရတဲ့ ကားပါ။ A Must Watch!

Review Credit to DatShin Facebook Page

No downloads available

Related movies