Exit print mode Print Data A+ A- Undo all

In the Heart of the Sea (2015)

Based on the incredible true story that inspired Moby Dick
In the Heart of the Sea (2015)In the Heart of the Sea (2015)

Synopsis:

1820 က ပင်လယ်ပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ဝေလငါးဖမ်းသင်္ဘော Essex ရဲ့ အဖြစ်ဆိုးအကြောင်းကို ရေးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းစာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာဖြစ်ပါတယ်။ ငါးဖမ်းထွက်လာတဲ့ Whaling Ship Essex ဟာ ဒေါသူပုန်ထနေတဲ့ Sperm Whale တစ်ကောင်ရဲ့ တိုက်ခိုက်တာခံခဲ့ရပြီး သင်္ဘောလည်း နှစ်ခြမ်းကွဲတယ်။ သင်္ဘောသားတွေမှာ ရက် (၉၀) လောက် ပင်လယ်မှာမြောနေရင်းနဲ့ အစာရေစာငတ်ပြတ်လာလို့ နောက်ဆုံးမှာ လူသားချင်း ပြန်စားချင်စိတ်တွေပါ ပေါက်လာခဲ့တဲ့ တော်တော်ဆိုးရွားတဲ့ အဖြစ်အကြောင်းပါ။

In the Heart of the Sea ကို A Beautiful Mind ရုပ်ရှင်နဲ့ Oscar ရရှိခဲ့တဲ့ ဒါရိုက်တာ Ron Howard က ရိုက်ကူးထားတာပါ။ အဓိက သရုပ်ဆောင်တွေအဖြစ် Thor မင်းသား Chris Hemsworth နဲ့ Spiderman မင်းသားသစ် Tom Holland တို့ ပါဝင်ထားပါတယ်။ နိုင်ငံတကာမှာ ဒီအပတ် သောကြာနေ့ 11.12.2015 မှ ပြမှာဖြစ်ပေမဲ့ Star Wars: The Force Awakens ရုပ်ရှင်နဲ့ တိုးမှာစိုးတဲ့အတွက် နိုင်ငံအချို့မှာ 3 ရက်နေ့ကတည်းက ပြနေခဲ့ပါတယ်။ နိုင်ငံတကာ Review အချို့ရဲ့ ပြောပုံအရဆိုရင် ဆိုးတဲ့ဘက်လည်း မရောက် အရမ်းကောင်းတဲ့ဘက်လည်းမရောက်တဲ့ကားတစ်ကားပါ။ Director Ron Howard ရိုက်ချက်တွေ တော်တော်ကောင်းတယ်လို့ ပြောကြတယ်။ Visual တွေက အရမ်းကို ကြည့်ကောင်းပေမဲ့ ဇာတ်ကောင်တွေနဲ့ ကြည့်ရှုသူတွေကြားမှာ ချိတ်ဆက်မှု သိပ်မရှိဘူးလို့ ပြောကြတယ်။ Whale ရဲ့ ကြမ်းတမ်းမှု နဲ့ ကြောက်စရာကောင်းမှုတွေထက် လူတွေရဲ့ မသေအောင် ရုန်းကန်မှုကို ပိုပြထားတယ်လို့ ပြောပါတယ်။ ဇာတ်လမ်းအသွားအလာ သိပ်မကောင်းဘူးလို့လည်း ဖတ်ရတယ်။

IMDB မှာ ခုလောလောဆယ် Rating က 7.5 ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တက်လာမလား ကျသွားမလား ရှိပါသေးတယ်။ Rotten Tomatoes မှာတော့ 64% ရထားပါတယ်။ သူတို့ဘယ်လိုပဲပြောပြော ဘယ်လောက် ကောင်းလဲ ဆိုးလဲဆိုတာ ကြည့်ကြည့်မှပဲ သေချာသိရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် Taste မှ မတူတာကိုး။
ကဲ ပရိတ်သတ်ကြီးရော In the Heart of the Sea ကြည့်ချင်ကြပြီလားဗျ။ မန့်သွားပါဦး။ မှားတာပါရင်လည်း ခွင့်လွှတ်ပါလို့။

Movie Review ကို Datshin မှကူးယူထားပါတယ်

Original title
In the Heart of the Sea
Director
Jo Beckett, Kathy Hughes, Ron Howard
Stars
Ben Whishaw, Benjamin Walker, Brendan Gleeson, Chris Hemsworth, Cillian Murphy, Frank Dillane, Joseph Mawle, Michelle Fairley, Paul Anderson, Tom Holland
Release Date
11 Dec 2015
Rated
PG-13
Runtime
122 min
Awards
1 win & 5 nominations.
Country
USA, Australia, Spain
Budget
USD $100 000 000,00
Revenue
USD $93 820 758,00
Popularity
14.33
Status
Released
ID IMDb.com
tt1390411
IMDB Rating
6.9
IMDB votes
108,079
ID Themoviedb.org
205775
TMDb Rating
6.6
TMDb votes
2139