Instant family ဇာတ်ကားဟာ IMDB 7.5 အထိရထားပြီး
ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ
ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို
တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ
မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက်
အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ
မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့
ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား….
အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို
ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ
လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား…..
မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့
သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ
အပြန်အလှန်လေးစားမှုတွေဆိုတဲ့
နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့
ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်
လည်းမမှားပါဘူး….. လူတစ်ယောက်ရဲ့
လက်တစ်ဖက်တည်းက လက်ချောင်းတွေ
အတိုအရှည်မညီကြသလို…. သွေးရင်းဖြစ်တဲ့
မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး…..
ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့်
သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက်
အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့
တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်
မလွယ်လှဘူးလေ….. အကြင်လင်မယားနှစ်ယောက်ဟာ
မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို
တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့…..
ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော
ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ
နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား……
ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက
ဖြေရှင်းပေးသွားမှာပါ….. ချစ်တာကလွဲပြီး ကျန်တာတွေကို
နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့….
မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း…..
သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့
ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့
နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှု
ရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ…..
ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့
မိဘနေရာကို ခံယူလို့ရပေမယ့်…မိခင်အရင်းကိုသိပ်ချစ်တဲ့
၁၅ နှစ်အရွယ်ကောင်မလေးရဲ့ မိဘအဖြစ်အသိအမှတ်ပြုခြင်းကို
ရဖို့ဆိုတာတော့ ချစ်ခြင်းတစ်ခုတည်းနဲ့ မဖြစ်နိုင်တော့ပါဘူး….
. သူ့ဘဝကို လုံခြုံနွေးထွေးစေပြီး နားလည်မှုအပြည့်ပေးတဲ့
မိဘတွေကိုပဲ ပိုပြီးမက်မောတတ်တဲ့ အရွယ်ပေါ့……
စမ်းသပ်ကာလတစ်ခုအထိ အတူနေပြီး တရားဝင်
မိသားစုဖြစ်လာဖို့ ကြိုးစားကြတဲ့ ပိ(ထ်)နဲ့အယ်လ်တို့ဟာ လစ်ဇီ ၊ ဂွမ်
နဲ့ လီတာတို့ရဲ့ မိဘအဖြစ်အသိအမှတ်ပြုမှုကို နောက်ဆုံးမှာ
ရရှိသွားပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ
အဖြေရှာရင်း လုံးဝကိုအကြိုက်တွေ့စေမယ့်
ဇာတ်ကားလေးလို့ပဲ ညွှန်းဆိုပါရစေ……
Credit Review – CM