Exit print mode Print Data A+ A- Undo all

Johnny English Strikes Again (2018)

A deadly tool
Johnny English Strikes Again (2018)Johnny English Strikes Again (2018)

Synopsis:

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ ဟာသအက်ရှင်ဇာတ်ကား လေး ဖော်လိုက်ပါတယ်။ ပရိ သတ်အချစ်တော် မစ္စတာဘင်းန် ခေါင်းဆောင်ပါဝင်ထားတဲ့ ၂၀၁၁တုန်းက ထွက်ရှိခဲ့တဲ့ Johnny English Reborn ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဗြိတိသျှထောက်လှမ်းရေး အေဂျင်စီဟာ ဆိုက်ဘာတိုက်ခိုက် မှုတစ်ခု ရင်ဆိုင်ရအပြီးမှာတော့ လက်ရှိ အလုပ်လုပ်နေတဲ့ အေး ဂျင့်တွေနဲ့ ပတ်သက်တဲ့ အချက် အလက်တွေအကုန်လုံး ပေါက် ကြားသွားခဲ့ပါတယ်။ အဲဒါနဲ့ပဲ အေးဂျင့်ဟောင်းတွေနဲ့ အလုပ် မလုပ်တော့တဲ့ အေးဂျင့်တွေကို ဖိအားပေးပြီး ပြန်ခေါ်ခဲ့ပါတယ်။

အေးဂျင့်ဟောင်း တစ် ယောက်ဖြစ်တဲ့ ဂျော်နီအင်္ဂလိပ် ဟာ အေးဂျင့်ဘဝက အနားယူပြီး နောက်မှာ ပထဝီဆရာအဖြစ်နဲ့ စာသင်နေရင်း ကျောင်းသား၊ ကျောင်းသူတွေကို ထောက်လှမ်း ရေးပညာတွေ သင်ကြားနေသူ ပါ။ အေးဂျင့်ဟောင်းတွေ ပြန် လည်စုစည်းတဲ့ထဲမှာ ဂျော်နီနဲ့ သူ့ တွဲဖက် ဘိုးတို့ပြန်ပါဝင်လာခဲ့ကြ ပါတယ်။

သူတို့နှစ်ယောက်ဟာ ဝန် ကြီးချုပ်နဲ့ ဆီလီကွန်တောင်ကြား ဘီလျံနာ ဂျေဆင်ဗော်လ်တာတို့ G12 အစည်းအဝေးမှာ သဘောတူညီမှုတစ်ခု လုပ်နိုင်ဖို့ အကြို တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နောက် ကြောင်းစုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးခံရပါတယ်။

ဂျော်နီနဲ့ ဘိုးဟာ စုံစမ်းမှု တွေ စတင်ဖို့အတွက် ပြင်သစ်ကို ခရီးနှင်ခဲ့ပြီး ဆိုက်ဘာတိုက်ခိုက် မှုဟာ Dot Calm ဆိုတဲ့ အပျော် စီးရွက်လှေကနေ လာတယ်လို့ ခြေရာခံမိပါတယ်။ အိုဖယ်လီယာ ဆိုတဲ့ ရုရှားအမျိုးသမီးတစ်ဦးက လည်း ဂျော်နီတို့ရဲ့ လှုပ်ရှားမှုတွေ ကို သတိထားစောင့်ကြည့်နေခဲ့ပါ တယ်။

ဝန်ကြီးချုပ်နဲ့ ဘီလျံနာတို့ ဟာ လန်ဒန်မှာ တွေ့ဖြစ်ခဲ့ပြီး နောက်မှာတော့ မြို့တော်ရဲ့ ယာဉ်လမ်းကြောင်းစနစ် အဟက်ခံခဲ့ရ ပါတယ်။ အိုဖယ်လီယာဟာ ရုရှားသူလျှိုတစ်ယောက်ဖြစ်မယ်လို့ ဘိုးက မသင်္ကာတဲ့အတိုင်း တကယ်ပဲ ဖြစ်နေခဲ့ပြီး ဂျော်နီကို အပြတ်ရှင်းဖို့လုပ်တာနဲ့ ကြုံရပါ တော့တယ်။

ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှု နောက်ကွယ်မှာ ဘယ်လိုအ ကြောင်းရင်းတွေ ရှိနေတာလဲ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေက ဘီလျံနာ ဗော်လ်တာနဲ့ ဆက်စပ်မှု တွေရှိနေတာလား၊ အေးဂျင့် ဟောင်း ဂျော်နီ (မစ္စတာဘင်းန်) ရဲ့ ထုံးစံအတိုင်း အလွဲတွေ၊ ကမောက်ကမတွေနဲ့အတူ ပြောင် မြောက်တဲ့ စစ်ဆင်ရေးတွေ၊ အက်ရှင်တွေကို ရယ်မောရင်း ဆက် လက်ရှုစားဖို့ ဖော်ပြလိုက်ပါ တယ်။

ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက Rowan Atkinson, Olga Kurylenko, Ben Miller, Adam James, Emma Thompson, Pippa Bennett Warner စသူတွေပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 1.4 GB
Quality – Blu-Ray 1080p 6CH
Running Time – 1hr 29min
Format – mkv
Genre – Action, Adventure, Comedy
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – Htet Aung Moe

 

Original title
Johnny English Strikes Again
Director
David Kerr
Stars
Adam James, Amit Shah, Ben Miller, Charles Dance, Emma Thompson, Jake Lacy, Matthew Beard, Michael Gambon, Olga Kurylenko, Rowan Atkinson
Release Date
26 Oct 2018
Rated
PG
Runtime
89 min
Awards
N/A
Country
UK, France, USA
Popularity
71.732
Status
Released
ID IMDb.com
tt6921996
IMDB Rating
6.6
IMDB votes
15,023
ID Themoviedb.org
463272
TMDb Rating
6.3
TMDb votes
392