Burmese Subtitle
BluRay 1080p 6CH Jurassic World (2015)
Report error

Jurassic World (2015)

Jurassic World    

PG-13 124 min ActionAdventureJurassicSci-Fi

7.0
IMDB: 7.0/10 528,787 votes

, , , ,

, , , , , , , , ,

14 wins & 57 nominations.

USA

575

Report error

ဇွန်လ ၁၂ ရက်မှ စတင်ရုံတင်ပြသခဲ့ပြီး သုံးရက်အတွင်းမှာ ၀င်ငွေစံချိန်တင်တဲ့အထိအောင်မြင်နေတဲ့ အမေရိကန်စိတ်ကူးယဉ် သိပ္ပံဇာတ်ကားသစ်လေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဒိုင်နိုဆောတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ ဖန်တီးရိုက်ကူးထားတဲ့ JURASSIC PARK ရုပ်ရှင်ကားတွေကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်တော့ အခု ဇာတ်ကားလေးက လေးကားမြောက်အဖြစ် ကြည့်ရှုရတာပါ။

ကျွန်းလေးတစ်ခုပေါ်မှာ ဒိုင်နိုဆောတွေကို မျိုးပွားထားတဲ့ ဂျူရက်ဆစ်ဥယျာဉ်ဟာ ၂၂ နှစ်ကြာ အပြီးမှာ ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့ အမည်နဲ့ အသစ်ပြန်လည်ဖြစ် တည်လာခဲ့ပါတယ်။ ဇက်ခ်ျနဲ့ ဂ ရေးညီအစ်ကိုဟာ ဒိုင်နိုဆောဥ ယျာဉ်မှာ အုပ်ချုပ်ရေးမန်နေဂျာ လုပ်နေတဲ့သူတို့အဒေါ်ကလဲဆီ ကို အလည်အပတ်သွားခဲ့ကြပါ တယ်။ အဲဒီကျွန်းကိုရောက်တဲ့အ ခါမှာ ဒိုင်နိုဆောဥယျာဉ်ပိုင်ရှင် သူဌေးဆိုင်မွန်က အသစ်ဖန်တီး မွေးဖွားထားတဲ့ ဒိုင်နိုဆောမျိုးစိတ် သစ်ကိုကြည့်ဖို့ အန်တီကလဲကို ခေါ်သွားတာကြောင့် သူတို့အဒေါ် ရဲ့ လက်ထောက်ဇာရာရဲ့ စောင့် ရှောက်မှုအောက်မှာ နေခဲ့ရပါ တယ်။ ဇက်ခ်ျနဲ့ ဂရေးတို့ဟာ ဇာရာ အလစ်မှာလစ်ထွက်ပြီး ဒိုင်နိုဆောဥယျာဉ်ထဲမှာ လေ့လာရေး စတင်ခဲ့ပါတယ်။ အဲဒီမှာ ဒိုင်နိုဆောတစ်ကောင်ရဲ့ တိုက်ခိုက်ခံရ  လို့ ထွက်ပြေးရင်း အရင်ဂျူရက် ဆစ်ဥယျာဉ်ဟောင်းရဲ့ ဧည့်ကြို နေရာတစ်ခုကိုရောက်ခဲ့ပြီးတွေ့ တဲ့ကားကိုပြင်ဆင်ပြီး ဥယျာဉ်ထဲ လျှောက်သွားခဲ့ကြပါတယ်။ သူတို့ အဒေါ်ကလဲကတော့ ဒိုင်နိုဆော ကျွမ်းကျင်ပညာရှင်အိုဝင်နဲ့ ဒိုင်နို ဆောမျိုးစိတ်သစ်ကိုလေ့လာတဲ့ အခါ ဒိုင်နိုဆောက အဆောက်အအုံနံရံကို ဖောက်ပြီးလွတ်မြောက်သွားတာကြောင့် အထူးရဟတ်ယာဉ်နဲ့ လိုက်ဖမ်းရင်း ဥယျာဉ်ပိုင်ရှင်ဆိုင်မွန်မတော်တဆထိခိုက်မိ ပြီးသေဆုံးသွားခဲ့ပါတယ်။

အဲဒီနောက်တော့ ဒိုင်နိုဆော တွေရန်ကလွတ်အောင်အသက် လုပြေးနေရတဲ့ ဇက်ခ်ျနဲ့ ဂရေးနဲ့ ကလဲ၊ အိုဝင်တို့ဆုံမိကြတဲ့အခါ  ဒိုင်နိုဆောတွေကို ထိန်းချုပ်မရ ဖြစ်နေတဲ့ ဂျူရက်ဆစ်ကမ္ဘာကြီး ကနေ ဘယ်လို လွတ်မြောက် အောင်လုပ်မလဲဆိုတာ ရှူစားကြ ရမှာပါ။ ကမ္ဘာ့ဝင်ငွေစံချိန်တင် အောင် ဘယ်လိုရိုက်ချက်မျိုးတွေ နဲ့ ဖန်တီးထားသလဲဆိုတာတော့ ကိုယ်တိုင်ကြည့်မှသိနိုင်မှာမို့ အ ခွေထွက်တာနဲ့ မြည်းစမ်းကြည့် လိုက်ကြဦးနော်။

ဒီဇာတ်ကားမှာ အိုဝင်အဖြစ် ခရစ္စပရက်၊ ကလဲအဖြစ် ဘရိုက် စ်ဒဲလက်စ်ဟောင်းဝပ်၊ ဇက်ခ်ျအ ဖြစ် နစ်ခ်ရော်ဘင်ဆန်၊ ဂရေးအဖြစ် တိုင်ဆင်ပ်ကင်၊ ဆိုင်မွန်အဖြစ် အာဖန်ခန်တို့က သရုပ် ဆောင်ထားကြတာပါ။

အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားပါသည်။

File Size – 2.32 GB
Quality- Blu-Ray 1080p 6CH
Running Time – 2hr 04min
Format – mkv
Genre – ActionAdventureSci-Fi
Translator – Yan Naung Oo
Encoder – K#/4nt_M1nn_K0

Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
Jurassic World (2015)
No downloads available

Related movies