Exit print mode Print Data A+ A- Undo all

Kodi (2016)

Kodi (2016)Kodi (2016)

Synopsis:

Kodi ဆိုတာ မြန်မာလိုပြောရရင်တော့ အလံပေါ့။ကျွန်တော်တို့ တတွေ လူမှန်း သိတတ်စ အရွယ်ကတည်းက အလံဆိုတာ သဘောထားတူညီတဲ့ သက်ဆိုင်ရာ လူမျိုး,အစုအဖွဲ့,အသင်း,ပါတီ,နိုင်ငံ ကိုယ်စားပြုရယ်လို့ စိတ်မှာ သိမှတ်ခဲ့ပြီးသား ဖြစ်ပါတယ်။ ကျယ်ပြောလှတဲ့ နိုင်ငံရေးနယ်ပယ်မှာ ပါတီပေါင်းစုံ ခံယူချက် ပေါင်းစုံနဲ့ ကိုယ်စားပြု အလံတွေလည်း ပေါင်းစုံပါပဲ။ ယိုဂီနဲ့ ဒါးမားက နိုင်ငံရေးခံယူချက် ပြင်းပြတဲ့ ဖခင်နဲ့ သာမာန် အရပ်သား အမျိုးသမီးတစ်ဦးက မွေးဖွားသန့်စင်ပေးလိုက်တဲ့ အမွှာတွေပါ။ တစ်ခြားနိုင်ငံကနေ အိန္ဒိယကို အခြေလာစိုက်ပြီး အိန္ဒိယမှာပဲ လည်ပတ်နေတဲ့ ပြဒါးစက်ရုံရဲ့ စွန့်ပစ် ပစ္စည်းတွေကြောင့် ပြည်သူတွေ အဆိပ်သင့်ကြပါတယ်။ အဆိပ်သင့်ပြည်သူတွေဟာ ရောဂါဘယတွေ ရကြ၊သေကြ ကြေကြနဲ့ အဆိုးဆုံးက မွေးလာတဲ့ ကလေးတွေပါ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့ပါဘူး။

မာကျူရီဟာ(ပြဒါး)ဟာ နျူကလီယားအဆိပ်ပြီးရင် ဒုတိယအပြင်းဆုံး အဆိပ်ပါတဲ့။ ဒီစက်ရုံကြီး ပိတ်သိမ်းပေးရေး ဆန္ဒထုတ်ဖော်တဲ့အခါ အစိုးရက ပြည်သူ့အကျိုးကို လျစ်လျူရှုခဲ့တာကြောင့် ယိုဂီတို့ရဲ့ အဖေဟာ ကိုယ့်ကိုကိုယ် ဓာတ်ဆီလောင်း မီးရှို့ ကာ အသေခံ ဆန္ဒပြခဲ့တဲ့ အထိပါပဲ။ ဖခင်ကြီးသေခါနီးမှာ ပေးလိုက်တဲ့ ကတိကြောင့် ယိုဂီကိုယ်တိုင် နိုင်ငံရေးလောကကို ခြေစုံပစ်ဝင်ပါတော့တယ်။ သူနဲ့ ငယ်စဉ်ကတည်းက ကစားဖက်လည်း ဖြစ် ပြိုင်ဖက်လည်း ဖြစ်တဲ့ ရူဒရာဆိုတဲ့ မိန်းကလေးကလည်း အတိုက်အခံ ပါတီဘက်ကို ဝင်သွားပါတယ်။ အရွယ်ရောက်လို့ သူတို့ ချင်း ချစ်သူတွေ ဖြစ်သွားချိန် အချစ်ရေးက တစ်ဖက်၊ နိုင်ငံရေးက တစ်ဖက်နဲ့၊ အားပြိုင်မှုတွေ စတင်လာပါတော့တယ်။

ဒါးမားအကြောင်း မပြောရသေးဘူး။ ဒါးမားက ယိုဂီလို မဟုတ်ပဲ ရိုးရိုးအေးအေးပဲ နေတတ်တဲ့သူ၊နိုင်ငံရေးကြောင့် ခင်ပွန်းသည် ဆုံးရှုံးခဲ့လို့ နိုင်ငံရေးကို.စိတ်နာပြီး ယိုဂီ့ကိုတောင် ဆယ်နှစ်လောက် စကားမပြောတဲ့ မိခင်ကြီးကို အစစအရာရာ ပြုစုစောင့်ရှောက်နေသူပါ။ အထက်မှာ ရေးပြခဲ့တာတွေကြောင့် ဒီကားကို နိုင်ငံရေးကား၊အငြိမ်ကားလို့ မထင်လိုက်ပါနဲ့။ အက်ရှင်တွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းရသအစုံကို ဇာတ်လမ်း အပြည့်အစုံကြည့်ပြီးမှ ရနိုင်တာမျိုးမို့. . . ဒီလောက်ပဲ ညွှန်းပေးလိုက်တာပါ. . .။
ကျေးဇူးတင်ပါတယ်။

အညွှန်း-မြင့်သူ
မြန်မာဘာသာပြန်-မြင့်သူ၊ဇင်ဝင့်ထည်

File Size – 2.14 GB
Quality – WEB-HD 1080p
Running Time – 1h 25min
Format – mp4
Genre – Action, Drama, Thriller
Subtitle – Myanmar (Hard Sub)
Translator – မြင့်သူ ၊ ဇင်ဝင့်ထည်
Encoded By – Htet Aung Moe

Original title
Kodi
Director
R. S. Durai Senthilkumar
Stars
Anupama Parameswaran, Dhanush, G. Marimuthu, Kaali Venkat, Namo Narayanan, Raja Simman, S. A. Chandrasekhar, Saranya Ponvannan, Trisha Krishnan, Vijayakumar
Release Date
28 Oct 2016
Rated
N/A
Runtime
145 min
Awards
1 win.
Country
India
Popularity
1.077
Status
Released
ID IMDb.com
tt5556784
IMDB Rating
6.8
IMDB votes
1,398
ID Themoviedb.org
376455
TMDb Rating
6.1
TMDb votes
14