Exit print mode Print Data A+ A- Undo all

Kung Fu Yoga (2017)

Kung Fu Yoga (2017)Kung Fu Yoga (2017)

Synopsis:

ဒီတစ်ခါတော့ ပရိသတ်တွေ ကြည့်ဖို့ ညွှန်းပေးချင်တဲ့ ဇာတ် ကားလေးက Kung Fu Yoga ပါ။ ဒီဇာတ်ကားရဲ့ ထူးခြားချက် ကတော့ တရုတ်နဲ့ အိန္ဒိယပူးပေါင်းတင်ဆက်ထားတာဖြစ်ပြီး ပရိ သတ်အချစ်တော် သရုပ်ဆောင် ဂျက်ကီချန်း ခေါင်းဆောင်ပါဝင် ထားတာမို့ စွန့်စားခန်းရော၊ ဟာသရော၊ အက်ရှင်ရော မျိုးစုံအောင် ခံစားကြည့်ရှုရမှာ ဖြစ်ပါ တယ်။

ဂျက်ဟာ ကမ္ဘာသိ ရှေး ဟောင်း သုတေသန ပညာရှင် ပါမောက္ခတစ်ယောက်ပါ။ တစ် ရက်မှာတော့ သူ့ကို အိန္ဒိယနွယ် ဖွား လူငယ်ပါမောက္ခ အက်ရှ်မီ တာက လာရှာခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ အေဒီ ၆၄၇ လောက်တုန်းက အဖိုးတန်ရှေးဟောင်းပစ္စည်းတစ် ခုကို ပြန်လည်ရှာဖွေဖော်ထုတ်ဖို့ ဖြစ်လာပါတယ်။

အက်ရှ်မီတာဆီမှာ မြေပုံရှိ ပေမယ့် အတွေ့အကြုံများတဲ့ ပါမောက္ခဂျက်ကူမှသာ ရှာတွေ့ နိုင်မှာမို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ပါမောက္ခဂျက် နဲ့အတူ အက်ရှ်မီတာရယ်၊ သူ့ လက်ထောက်ကိုင်ရာ၊ ကွယ်လွန် သွားတဲ့ ဂျက်မိတ်ဆွေရဲ့သား ဂျုံးစ်ရယ်။ ဂျက်ရဲ့ တပည့်နှစ် ယောက်ဖြစ်တဲ့ ရှောင်ကွမ်းနဲ့ ညို မင်းတို့ဟာ တိဗက်မှာရှိတဲ့ ကန် လန်တောင်တန်းတွေကို ခရီးထွက်ခဲ့ကြပါတယ်။

သူတို့ရဲ့ ရှေးဟောင်းပစ္စည်း ရှာပုံတော်ခရီးစဉ်ကို သိတဲ့အဖွဲ့ တွေရဲ့ လိုက်လံနှောင့်ယှက်လုပ် ကြံခြင်းကို ခံခဲ့ရပေမယ့် ဂျက်ရဲ့ သမိုင်းကြောင်း နောကျေမှု၊ ကွန်ဖူးကျွမ်းကျင်မှုတွေကြောင့် ကြေးစားလူသတ်သမားတွေလက်ကလွတ်မြောက်ခဲ့ပါတယ်။

ဂျက်တို့အဖွဲ့ဟာ ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်နေတဲ့ ရှေး ဟောင်းအမွေအနှစ်တွေကို ရှာ ဖွေမှုဆက်လက်လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ရန်ဒေါတို့အ ဖွဲ့ရဲ့ နှောင့်ယှက်တိုက်ခိုက်ခြင်းခံ ခဲ့ရပါတယ်။

ပါမောက္ခဂျက်တို့အဖွဲ့ဟာ အမှန်အကန်စွန့်စားခန်းတွေနဲ့အ တူ တိဗက်ရေခဲလိုဏ်ဂူတွေကနေ ဒူဘိုင်း၊ နောက်အိန္ဒိယနိုင်ငံက တောင်ပေါ်ဘုရားကျောင်းအထိ ခရီးဆန့်ပြီး ရှေးဟောင်းအမွေအ နှစ်တွေကို ဘယ်လိုရှာဖွေကြမှာ လဲ။ လမ်းခရီးမှာကော ဘယ်လို ပြဿနာတွေ၊ အခက်အခဲတွေကြုံ ရမှာလဲဆိုတာ ကိုယ်တိုင်ကြည့်ရှု ရင်း ဆက်လက်ခံစားလိုက်ကြပါ ဦး။ ဂျက်ကီချန်းဇာတ်ကားတွေ ရဲ့ ထုံးစံအတိုင်း ဟာသ၊ အက် ရှင်ဇာတ်ကွက်တွေနဲ့အတူ အိန္ဒိယ အကအလှတွေ၊ ကမောက်ကမရယ်စရာဇာတ်ကွက်တွေနဲ့မို့ ပရိ သတ်တွေ သဘောကျမှာ သေချာ ပါတယ်။

ဒီဇာတ်ကားမှာ ဂျက်အဖြစ် ဂျက်ကီချန်း၊ ဂျုံးစ်အဖြစ် အရစ်ဖ် ရာမန်း၊ ရှောင်ကွမ်းအဖြစ် ကျန်ရီ ရှင်း၊ ညိုမင်းအဖြစ် မီရာမူချိ၊ ရန် ဒေါအဖြစ် ဆိုနိုဆုဒ်၊ ကိုင်ရာအ ဖြစ် ဒီရှာပက်တာနီတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 1.62 GB
Quality- Blu-Ray 1080p 6CH
Running Time – 1hr 42min
Format – mkv
Genre – Action, Adventure, Comedy
Subtitle – Myanmar (Hard Sub)
Translator – Thurain Lwin
Encoded By – K#/4nt_M1nn_K0

Original title
Kung Fu Yoga
Director
Garún Daníelsdóttir, James Cho, Nicola Marzano, Stanley Tong
Stars
Aarif Lee, Amyra Dastur, Disha Patani, Eric Tsang, Jackie Chan, Miya Muqi, Paul Philip Clark, Sonu Sood, Zhang Guoli, Zhang Yixing
Release Date
28 Jan 2017
Rated
NOT RATED
Runtime
107 min
Awards
N/A
Country
China, India, Nepal
Budget
USD $65 000 000,00
Revenue
USD $254 212 245,00
Popularity
5.697
Status
Released
ID IMDb.com
tt4217392
IMDB Rating
5.2
IMDB votes
6,912
ID Themoviedb.org
383785
TMDb Rating
5.6
TMDb votes
118