Burmese Subtitle
BluRay 1080p 6CH Last Christmas (2019)
Report error

Report error

Last Christmas ရုပ်ရှင်ဟာ trailer လောက်ကြည့်ရုံနဲ့ဆိုရင်တော့ သာမန် ပြီးပြီးရော ပြီးသွားမဲ့ rom com တစ်ကားလို့ပဲထင်စရာရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းကြည့်ကြည့်ရင်တော့ ရင်ထဲကို တော်တော်လေး ထိစေမဲ့ ရုပ်ရှင်တစ်ကားပါ။

Last Christmas ရဲ့ ဇာတ်လမ်း နဲ့ ဇာတ်ကောင်တွေက ဘာမှ ထူးခြားဆန်းပြားနေတာတွေ မပါပါဘူး။ ဇာတ်လိုက်နှစ်ယောက်ရဲ့ အကြောင်း၊ သူတို့နှစ်ယောက်ကြားက romance ကလည်း တခြားကားတွေနဲ့ယှဉ်ရင် ဘာမှကိုမဆိုင်လောက်အောင် ရိုးရှင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲလှုပ်နေအောင် အနစ်နာခံတာ ချစ်တာဆိုတာမျိုးတွေ၊ အရမ်းကို ro လို့ကောင်းတယ်ဆိုတဲ့အပြုအမူမျိုးတွေမပါပါဘူး။ ဒီအတိုင်း သာမန်လေးပဲ။ ဒီကားမှာ ကျွန်တော် တော်တော်လေး သဘောကျမိတာက အဲအချက်ပါ။ သူ့ပတ်ဝန်းကျင်က လူတွေကလည်း ဒီလို သွားလာလှုပ်ရှားနေကြတဲ့ normal tasks တွေ normal dream တွေနဲ့ လူတွေပဲ။ ဘာမှ ထူးထူးခြားခြား အိပ်မက်တွေမက်ပြီး စကားကြီးစကားကျယ်ပြောနေတာမျိုးတွေ မရှိပါဘူး။

နောက်တစ်ခုသဘောကျမိတာက Emma Thompson ကြီးပါ။ သူ့ Acting ကောင်းတာတင် မက သူရေးထားတဲ့ script က တော်တော်လေး မိုက်ပါတယ်။ ခုနကပြောသလိုပါပဲ။ ဘာမှ ထူးထူးခြားခြား လန်ထွက်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဇာတ်ကောင်တွေအချင်းချင်းကြားက relationship နဲ့ chemistry ကို တော်တော်လေးကောင်းကောင်း မြင်ခဲ့ရတယ်။ သူတို့ပြောစကားတွေ၊ ဆက်ဆံပုံတွေက သဘာဝကျတယ်။

ဒီကားမှာအကြိုက်ဆုံး ဆိုရင်တော့ Emilia Clarke ပေါ့။ ဒီကားမှာ Emilia Clarke being Emilia Clarke လို့ပြောရမှာပါ။ Cute ဖြစ်နေအောင်ဆိုပြီး ဖြစ်နေတာမျိုးမရှိဘဲ တကယ့် ဗရုတ်ကျတဲ့ ဘယ်သူမှဂရုစိုက်မနေတတ်တဲ့မျက်နှာပြောင်မလေးအဖြစ် ကောင်းကောင်း သရုပ်ဆောင်ထားနိုင်ခဲ့တယ်။

ချုံပြောရရင် Last Christmas ကားဟာ Kate ဆိုတဲ့ နမော်နမဲ့ကောင်မလေးနဲ့ Tom ဆိုတဲ့ ကောင်လေးတို့ ၂ ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်းလေး ပြထားတာပါ။ Main cast ရဲ့သရုပ်ဆောင်မှုတွေ၊ နောက်ခံ တေးသီချင်း နဲ့ နောက်ဆုံးမှာ ထွက်လာတဲ့ twist တို့က ပရိတ်သတ်ကို တစ်ကားလုံး ဆွဲဆောင်ထားနိုင်မှာပါ။ တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့ အေးဆေးကြည့်လို့ရတဲ့ကားမျိုးကြည့်ချင်သူတွေ သဘောကျအားရမဲ့ကားတစ်ကားပါ။

Review Credit to DatShin Facebook Page

Last Christmas (2019)
Last Christmas (2019)
Last Christmas (2019)
Last Christmas (2019)
Last Christmas (2019)
Last Christmas (2019)
Last Christmas (2019)
  • View Online Server Audio / Language Quality

Related movies