Life of Pi (2012)
Believe The UnbelievableSynopsis:
Life of Pi ကြည့်ပြီးအာချောင်ခြင်း
•••••••••••••••••••••••••••••••••••••••
“Life of Pi” ဇာတ်ကား အဆုံးမှာ ဇာတ်လမ်းနှစ်မျိုးဖြင့် ဒါရိုက်တာ နဲ့ မူရင်းစာရေးဆရာကကျွန်တော်တို့ကို အံ့အားသင့် သွားစေသည်။
ပထမဇာတ်လမ်းက ဇာတ်လမ်းတစ်လျှောက်လုံးကျွန်တ်ာတို့ကိုပြသလို သင်္ဘောပျက်ပြီး တိရစ္ဆာန်လေးကောင် နဲ့ ကောင်လေးတစ်ယောက် လွတ်လာသည်။ ခြေကျိုးနေသော မြင်းကျားကို တောခွေးက, စားသည်။ တောခွေးနဲ့လူဝံမ တိုက်ခိုက်ကြပြီးလူဝံမ သေသွားသည်။ တောခွေးကိုကျားကသတ်စားပစ်သည်။ ထို့နောက်ကောင်လေးနဲ့ ကျား နှစ်ပါးသွားခရီးစဉ် အသားစားကျွန်းမျောတွေ ဘာတွေဖြတ်ပြီး (၂၂၇) ရက်အကြာမှာ
မက္ကစီကိုကမ်းခြေသို့ရောက်သည်။
အဲ့မှာမှ သူက သင်္ဘောပျက်ရခြင်းအကြောင်းလာစုံစမ်းတဲ့ အာမခံကုမ္ပဏီမှလူနှစ်ယောက်ကို ပင်လယ်ထဲမှာဖြစ်ခဲ့တဲ့အကြောင်းတွေ ရှင်းပြသည်။
(ဇာတ်လမ်းထဲမှာတော့ စာရေးဆရာနဲ့ ကျွန်တော်တို့ကိုသူ့အကြောင်းပြန်ပြောပြတယ်ပေါ့) ဒါပေမယ့် ပေါင် ၄၅၀ ရှိတဲ့ ကျားကြီးနဲ့ အသက်၁၆နှစ်အရွယ်ကောင်လေးတစ်ယောက် (၂၂၇) ရက် ပင်လယ်ကျယ်ကျယ်ထဲ လှေငယ်လေးတစ်စီးနဲ့ အတူတူ
ရှင်သန်ခဲ့တာ၊ အသားစားတဲ့လူပုံကျွန်းမျောကြီးဆိုတာတွေက သင်္ဘောပျက်တဲ့အကြောင်းလာ စုံစမ်းတဲ့ လူတွေအတွက်တော့ယုံစရာမကောင်းချေ။
တကယ့်အဖြစ်အပျက်တွေလို့ မယုံနိုင်တဲ့အခါ “Pi” ကနောက်ထပ်ပုံပြင်တစ်ပုဒ်ပြောသည်။ သင်္ဘောပျက်ပြီးနောက် သူ့အမေရယ်၊ သူရယ်၊ သူတို့နဲ့ သင်္ဘောပေါ်မှာပြဿနာတက်ခဲ့တဲ့ ထမင်းချက်ရယ်၊ သင်္ဘောသားတစ်ယောက်ရယ် စုစုပေါင်းလေးယောက် လှေလေးတစ်စင်းနဲ့ လွတ်လာသည်။
—-အဲ့ဒီထဲမှာမှ ထမင်းချက်ကရက်စက်ကြမ်းကြုတ်သောသူ ။ အစားအစာတွေရှိနေရက်
နဲ့တောင် ကြွက်ကိုသတ်ပြီး အခြောက်လှန်းစားသူ……….
—-သင်္ဘောသားကတော့ သင်္ဘောပျက်တုန်းက ပြုတ်ကျလို့ ခြေထောက်ကျိုး နေခဲ့သည်။
သူ့ ခြေထောက်က ပိုးဝင်ပြီးပိုဆိုးလာတဲ့အခါ ထမင်းချက်က သင်္ဘောသားကို သေစေပြီး ငါးမျှားဖို့ အသားကိုသုံးသည်။ ဒါ့အပြင် ”သင်္ဘောသားကကြွက်ရဲ့ လမ်းစဉ်ကိုလိုက်သွားသည်” ဟုဇာတ်ကားထဲမှာဆိုသည်။ (အသားကိုပါစားလိုက်ကြောင်း ခန့်မှန်းနိုင်သည်) ။
—-ဒီရက်စက်မှုကို မခံနိုင်တော့ ”Pi” နဲ့သူ့အမေနဲ့ တစ်ဖက် ထမင်းချက်ကတစ်ဖက် ပြဿနာတက်သည်။ နောက်ပိုင်းတစ်ပတ်အကြာ မှာတော့အစာအတွက် လိပ်ဖမ်းတာလွတ်သွား
တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ”Pi” ကို ထမင်းချက်ကရိုက်တော့ ထမင်းချက်ကို သူ့အမေကပြန်ရိုက်သည်။ နောက်ထမင်းချက်ကသူ့အမေကို ငမန်းစာကျွေးပစ်သည်။ ဒီမှာ တင် ”Pi”က ဒေါသထွက်ကာအရိုင်းစိတ်ဝင်လာပြီး ထမင်းချက်ကို ဓါးနဲ့ထိုးသတ်လိုက်သည်။ နောက်ပြီး ”ထမင်းချက်ကသင်္ဘောသားကို လုပ်သလိုမျိုး ထမင်းချက်ကိုသူပြန်လုပ်လိုက်သည်” ဟု “Pi” ကဆိုသည်။ထို့နောက် သူ့တစ်ယောက်ထဲ ရှင်သန်လွတ်မြောက်လာသည်။
ပုံပြင်နှစ်ပုဒ်ကိုဆက်စပ်ကြည့်တော့ သင်္ဘောသားကမြင်းကျားဖြစ်သည် (နှစ်ယောက်လုံးခြေထောက်ကျိုးပြီးသေသွားသည်)။ ထမင်းချက်က တောခွေး ဖြစ်သည်။ (မြင်းကျားကို တောခွေးစားသလို သင်္ဘောသားရဲ့အသားကို ထမင်းချက်က, စားသည်)။ လူဝံမက”pi” ရဲ့အမေဖြစ်သည်။ သူ့ ကိုကာကွယ်ရင်း ထမင်းချက်သတ်တာခံရသည်။ “pi” ကတော့ ကျားဖြစ်သည်….. သူရဲ့အရိုင်းစိတ်ဝင်နေတဲ့အချိန်မှာ ထမင်းချက်ကိုသတ်ပြီး အသားပါစားလိုက်တာ ဖြစ်နိုင်သည်၊ “ဆာလောင်မှုက လူတစ်ယောက်ကိုဘယ်လောက်ပြောင်းလဲစေနိုင်လဲ မင်းမသိဘူး” ဟုဇာတ်လမ်းအလယ်လောက်မှာ သူပြောဖူးသည်။
“Pi”သည် နဂိုကသတ်သတ်လွတ်စားသူဖြစ်သည် စာရေးဆရာနဲ့ ဇာတ်လမ်းအစမှာလည်း (သင်္ဘောပျက်ကလွတ်လာပြီး) သတ်သတ်လွတ်စားသည်။ ကျားက သူ့ရဲ့အရိုင်းစိတ်ဖြစ်သည် ။ ဒါကြောင့်သူက “Richard Parker” (ကျား) မရှိရင် သူ မရှင်သန်နိုင်လို့ ဇာတ်လမ်းထဲမှာ ဆိုတာဖြစ်သည်။ လူသားစားလောက်အောင်အထိရိုင်းစိုင်းတဲ့ အခြမ်းမရှိရင် သူရှင်သန်မည်မဟုတ်ဟုဆိုလိုခြင်းဖြစ်မည်။ ကျားကသူ့ကိုသတ်ဖို့ကြိုးစားတာ
ကတော့ သူစိတ်ဓါတ်ကျပြီး သတ်သေဖို့အထိ စဉ်းစားဖူးခြင်းဖြစ်မည်။
ကျားကိုယဉ်ကျေးအောင် ဆုံးမတာကတော့ သူ့စိတ်ရိုင်းကိုသူထိန်းချုပ်ဖို့ကြိုးစာတာဖြစ်မည်။ အသားစားကျွန်းတွေဘာတွေကတော့ သူကျွန်းတစ်ကျွန်းကျွန်းရောက်သွားပြီး တစ်သက်လုံးအခြေချမယ့်အစား လူတွေဆီရောက်ရင်ရောက် မရောက်ရင်လည်းအသေခံမည်ဆိုပြီး ပြန်ထွက်လာတာဖြစ်နိုင်သည်။ ကျားနဲ့သူနဲ့ဇာတ်လမ်းက သူ့ရဲ့အရိုင်းစိတ်နဲ့ အယဉ်စိတ်အားပြိုင်ခြင်း……….
ထို့နောက် “pi” ကမေးသည် ။ “ပုံပြင်နှစ်မျိုးလုံးကိုပြောပြီး သွားပြီ နှစ်ခုလုံးမှာ သင်္ဘောနစ်သွားသော်လည်း ဘာကြောင့်နစ်သွားတယ်ဆိုတာ အဖြေမရှိ ……နှစ်ခုလုံးမှာ သူ့မိသားစုဆုံးရှုံးသည်…… ပင်လယ်ထဲမှာဒုက္ခရောက်သည်……. နောက်ဆုံး လွတ်မြောက်သည်။ မေးခွန်းက ဘယ်ပုံပြင်ကို မင်းပိုကြိုက်သလဲ”
အာမခံကုမ္ပဏီကလူတွေကိုမေးသည်………………
စာရေးဆရာကိုမေးသည်…………………….
ကျွန်တော်တို့ကိုမေးသည်……………………..
တစ်ခုက အံ့သြစရာ ၊ မယုံနိုင်စရာပုံပြင်…………………
နောက်တစ်ခုက ယုံနိုင်ဖွယ်အဖြစ်မှန်နဲ့နီးစပ်ပေမယ့် စက်ဆုပ်ကြောက်လန့်ရွံရှာဖွယ် လူလူ
ချင်း လူလိုသဘောမထားဘဲနှိပ်စက်စားသောက် တဲ့ဇာတ်လမ်း…..
(အဲ့လိုတွေးမိတဲ့အချိန်မှာ __________”pi” ကိုကျွန်တော်ကြည့်ပြီး အားပေးနေတဲ့ဇာတ်ကောင်အဖြစ်
သဘောမထားမိတော့ဘဲ မသိတော့တဲ့လူတစ်ယောက်လို ခံစားရတယ်) ဘယ်ပုံပြင်ကိုသင်လက်ခံမလဲလို့မေးထားသည်..
စာရေးဆရာနှင့် အာမခံကုမ္ပဏီကလူတွေက တော့ တိရစ္ဆာန်တွေပါတဲ့ဇာတ်လမ်းကိုပဲရွေးသွားကြသည်။
ဒီမှာ”Pi” ကဒီစကားကိုပြောသည် ” And so it goes with God”
(ဒီအရေးကြီးတဲ့ စကားကိုတော့ ကျွန်တော် ဘာသာပြန်ဖို့မကြိုးစားတော့……………..)
“လုံးဝမှန်ကန်သော အမှန်တရားဆိုတာမရှိ” ကိစ္စတိုင်းကို သင်ကြိုက်သလိုယူဆနိုင်ခွင့်ရှိသည် ဆိုတဲ့ မသေချာမှုသဘောတရား ကို ထည့်သွင်းထားသည့် ဒီဇာတ်လမ်းမှာ ဇာတ်လမ်းရေးသူက
”ကျွန်တော်တို့ ဘာသာတရားကိုဘာကြောင့်ကိုးကွယ်နေကြသလဲ” ဆိုတဲ့မေးခွန်းကို အဖြေထုတ်ကြည့်ဖို့ ကြိုးစားထားသည်…..
(“pi” ရဲ့ဇာတ်လမ်းက ဘုရားကို ယုံလာအောင်လုပ်ပေးလိမ့်မယ် လို့ စာရေးဆရာကို “Pi” ရဲ့ မွေးစားဦးလေးကဇာတ်လမ်းအစမှာပြောဖူးသည်။)
တကယ်တမ်းတွေးကြည့်ရင်တော့ ကျွန်တော်တို့လောက ကြီးကရော ဒုတိယဇာတ်လမ်းလိုပဲဘယ်နားနေပျော်စရာကောင်းလို့လဲ ….. လူလူချင်းခေါင်းပုံဖြတ်သည် ၊ယုတ်မာသည်၊ ကြီးနိုင်ငယ်ညှင်းသည်၊ အင်အားနဲ့နှိပ်ကွပ်သည်၊ လူအနည်းစုကချမ်းသာနေချိန်မှာ လူအများစုကဒုက္ခရောက်နေသည်၊ ဘယ်သူတေတေ ငတေမာရင်ပြီးရောဆိုတဲ့လူတွေကတစ်ပုံတစ်ပင်၊
လူလူချင်းအနုနည်းနဲ့တဖြည်းဖြည်း သတ်တာနဲ့ အကြမ်းနည်းနဲ့သတ်တာပဲကွာသည်။ မတရားမှုတွေက……တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာ။
ဒါတွေကိုလက်ခံနိုင်ဖို့ ကျွန်တော်တို့ ရဲ့စိတ်တွေကိုဘာသာတရားက အဖြစ်အပျက်တွေကို သဘောပေါက်လက်ခံပုံ တွေးခေါ်ပုံ ပြောင်းလဲသင်ကြားပေးလိုက်သည်လို့ စာရေးဆရာက ဆိုလိုချင်သလား မသိ……….
ဒါပေမယ့် အလွန်ဆိုးသွမ်းသောလူများအောင်မြင်နေချိန်မှာ ဘာမှမလုပ်နိုင်မယ့်အတူတူ ပူလောင်နေမဲ့ အစား သူ့ အတိတ်ဘ၀ကုသိုလ်ကံကောင်းလို့ ပါလားလို့ တွေးပေးလိုက်တာမျိုးက လူကိုပိုပေါ့ပါးစေသလို၊ကျွန်တော်အလွန်ကံဆိုးပြီး သတ်သေချင်လောက်အောင်ဒုက္ခရောက်နေချိန်မှာ ရှေးဘ၀က
သူများကိုဒါမျိုးလုပ်ခဲ့လို့နေမှာ ဆိုပြီးကောင်းမှုများများလုပ်ပေးလိုက်တာက လည်း ပိုပြီးအားရှိ၊မျှော်လင့်ချက်ရှိ လာပြီးဖြေသာစေတာကလည်းအမှန်ပဲဖြစ်သည်။
ဒါကကျွန်တော်တို့ဘာသာနဲ့ပြောတာ။ ဘယ်ဘာသာတရားမဆို လူတွေကိုစက်ဆုပ်ဖွယ်အမှောင်လောကကြီးထဲ “မျှော်လင့်ချက်အလင်းရောင်” ပေးဖို့ တည်ရှိနေခြင်းလို့စာရေးဆရာ ဆိုလိုချင်ခြင်းဖြစ်သည်။ စာရေးဆရာက သူ့ဇာတ်ကောင်လိုပဲ (ဘာသာမျိုးစုံကိုးကွယ်ဖူးသူဖြစ်သည်လို့ကျွန်တော်ဖတ်ဖူးသည်၊)လက်ခံသည်ဖြစ်စေလက်မခံဘူးဖြစ်စေ တွေးကြည့်စရာကောင်းတာတော့ အမှန်ပဲဖြစ်သည် ။
နောက် သူပေးချင်တဲ့ Message ကလေးကလည်း လှသည်။ ပထမဇာတ်လမ်းက ယုံနိုင်လောက်စရာကျိုးကြောင်းဆီလျော် မှုမရှိချေ …… ထွန်းကားလာသောလောကဓါတ်နည်းပညာများအရလည်း ဖြစ်နိုင်ချေမရှိသလောက်နည်းပါးသည်……………….. ဒုတိယတစ်ခုက တော့ ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း လက်မခံနိုင်လောက်အောင် စက်ဆုပ်ဖွယ်ကောင်းသည်။……
ဒီနေရာမှာ ပထမဇာတ်လမ်း ကိုလက်ခံဖို့ အတွက်ဆိုလျှင်တော ကျိုးကြောင်းဆီလျော်မှုကို (တစ်ကြိမ်လောက်ဖြစ်ဖြစ်) ကျွန်တော်တို့ စွန့်လွတ်ကြရမည်။ တကယ်တော့ ဘ၀ရဲ့ အရေးကြီးတဲ့ အရာတွေဖြစ်တဲ့ …..ဘာသာတရား၊ အချစ် ဆိုတာတွေ………..
နောက်ဆုံး ဘ၀ဆိုတာကြီးကိုက(သေတဲ့လူသေ ရှင်တဲ့လူရှင်နဲ့) ယုံနိုင်လောက်စရာ မရှိချေ။…………………
(အခုချက်ချင်းကိုယ်ထင်ပြပါဘုရားဆိုတာမျိုး) သက်သေပြ ရှင်းပြနိုင်လောက်စရာ ကျိုးကြောင်းဆီလျော်မှုလည်း မရှိချေ……………။
ဒါပေမယ့် ဘာသာတရားနဲ့ အချစ်အပါအ၀င် ဘ၀ရဲ့အံ့သြစရာတွေကိုယုံဖို့ အတွက်တော့
လောကကြီးအပေါ် သင်လက်ခံသော အမြင် ကသာ အရေးကြီးလေသည်။
…………………………………………………………………….
…………………………………………………………………….
တိရစ္ဆာန်တွေနဲ့ ပထမဇာတ်လမ်း ကိုပဲကျွန်တော်ရွေးချယ် လိုက်သည်။……………………\
Credit “Unlimited Movie Craziez Facebook Page”