Exit print mode Print Data A+ A- Undo all

Life of the Party (2018)

Give life the old college try
Life of the Party (2018)Life of the Party (2018)

Synopsis:

Life of the Party (2018) မြန်မာစာတန်းထိုး

Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။
သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။
အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက်
နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းပြောရရင်တော့

ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။
တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။
မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ
သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ
သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။
ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။
သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး
မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက်
ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ
ဖြစ်သွားတာပေါ့။ ပညာရေးတန်းလမ်း ကလေးထိန်းပြီးအိမ်ထောင်ထိန်းခဲ့တဲ့အတွက် အလုပ်အကိုင်မရှိတဲ့
အခြေအနေထိကိုရောက်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ဘဝကိုအရှုံးမပေးဘဲနဲ့ သူရှေ့ဆက်ရမဲ့လမ်းကို
ရဲရဲဝံ့ဝံ့ဆက်ပြီးတော့ လျှောက်လှမ်းခဲ့တယ်။ သူမပြီးသေးတဲ့ ကျောင်းကိုပြန်တတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီတော့သမီးနဲ့အမေ တစ်ကျောင်းထဲမှာ အတူတူပြန်တက်ဖြစ်သွားတာပေါ့။
သမီးသူငယ်ချင်းတစ်သိုက်နဲ့မိခင်ဖြစ်တဲ့ဒီယာနာက ပေါင်းမိသွားပြီး ကျောင်းမှာအတူသွားအတူလာရင်း
သမီးနဲ့ပါတီအတူတူတက်တဲ့အမေဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ သူ့ဘဝရဲ့ခရီးကို ကောလိပ်ကျောင်းကနေ
ပြန်စပြီးတော့ ပျော်ရွှင်မှု လွတ်လပ်မှုတွေနဲ့ကိုယ့်လမ်းကိုယ်လျှောက်မဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။
တစ်ကားလုံးဟာသရွှန်းပြီး ရိုက်ကူးထားတာဖြစ်လို့ အပျင်းပြေပြီး စိတ်ရွှင်လန်းစေမဲ့
ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ။

Review Credit

Original title
Life of the Party
Director
Ben Falcone
Stars
Debby Ryan, Gillian Jacobs, Jacki Weaver, Jessie Ennis, Julie Bowen, Matt Walsh, Maya Rudolph, Melissa McCarthy, Molly Gordon, Stephen Root
Release Date
11 May 2018
Rated
PG-13
Runtime
105 min
Awards
3 wins & 4 nominations.
Country
USA
Budget
USD $30 000 000,00
Revenue
USD $61 700 416,00
Popularity
13.611
Status
Released
ID IMDb.com
tt5619332
IMDB Rating
5.6
IMDB votes
29,771
ID Themoviedb.org
399796
TMDb Rating
6.2
TMDb votes
572