Burmese Subtitle
BluRay 1080p 6CH Lone Survivor (2013)
Report error

Lone Survivor (2013)

Lone Survivor    

R 121 min ActionBiographyDrama

7.5
IMDB: 7.5/10 247,945 votes

, , , ,

, , , , , , , , ,

Nominated for 2 Oscars. Another 5 wins & 14 nominations.

USA

500

Report error

2013 ခုနွစ္ကထြက္ခဲ့တဲ့ ဒီ Lone Survivor ဇာတ္ကားကေတာ့ အေကာင္းဆံုး စစ္ကားေတြထဲက တစ္ကားလို႔ေျပာရရင္ မမွားဘူးေပါ့ဗ်ာ။ တကယ့္ျဖစ္ရပ္မွန္ကိုအေျခခံၿပီးရိုက္ကူးထားတဲ့ဇာတ္ကားတစ္ကားဆိုေတာ့ သာမန္စစ္ကားနဲ ့ၾကည့္ရတာမတူေတာ့ပဲ ခံစားမႈရသေတြပိုေပးနိုင္တဲ့စစ္ကားတစ္ကားပါ။ ဒီဇာတ္ကားမွာ ဇာတ္လမ္းအေနနဲ႔ ကေတာ့ ဘာမွသိပ္မရွိေပမဲ့ အဲ့ဒီဘာမွသိပ္မရွိတဲ့ ဇာတ္လမ္းကိုပဲ အေကာင္းဆံုးတင္ဆက္ရိုက္ျပသြားနိုင္တာကေတာ့ အံ့ၾသေလာက္ပါတယ္။
.
ဒီဇာတ္ကားထဲမွာ Director က Closeup Shot ေတာ္ေတာ္မ်ားမ်ားကိုအသံုးျပဳထားတာေတြ႕ရပါတယ္။ ေနာက္ၿပီးေတာ့ Low Angle Shot ေတြသံုးၿပီး စစ္သားေတြကိုရိုက္ျပထားတာကေတာ့ ေတာ္ေတာ္ေလးကိုမိုက္တယ္။ ေျပာရမယ္ဆုိရင္ ဒီဇာတ္ကားကိုဘာေၾကာင့္ အရမ္းသေဘာက်လဲဆိုေတာ့ Reality ျဖစ္လို႔ပါ။ တစ္ခ်ိဳ႕စစ္ကားေတြလို အဓိက စစ္သားတစ္ေယာက္ပဲ စြန္းၾကမ္း ၊ အဲ့ဒီတစ္ေယာက္ကိုပဲ အဓိကထားရိုက္ျပထားတာမဟုတ္ပဲ Mark Wahlberg အျပင္သူ႔ အဖြဲ႔သား သံုးေယာက္လံုုးကိုပါ ေသေသခ်ာခ်ာေပၚလြင္ေအာင္ရိုက္ျပထားနိုင္ပါတယ္။ သူတို႔ ေလးေယာက္ၾကားက Chemistry ကလဲမဆိုးပါဘူး။
.
ၿပီးေတာ့ တိုက္ပြဲျဖစ္တဲ့အခန္းေတြဆိုရင္ေတာ့ ရိုက္ျပထားတာေတာ္ေတာ္ကိုေကာင္းပါတယ္။ သူတိုု ့ေတြ ေက်ာက္ေတာင္ေတြေပၚက ခုုန္ခ်တဲ့အခန္းဆိုရင္ ၾကည့္ေနတဲ့လူေတာင္နာေနသလိုု ၊ အရိုးေတြပါက်ိဳးေနသလိုမ်ိဳး ခံစားရေလာက္ေအာင္ ရိုက္ျပထားနိုင္တာကိုေတြ႕ရပါတယ္။ ဇာတ္ကားတစ္ခုလံုးမွာ Lighting ကအစ ေသခ်ာဂရုုစိုက္ထားတာေၾကာင့္ အရမ္းၾကီး Burn ထြက္ေနတ့ဲအကြက္ေတြကိုလဲသိပ္မေတြ႕ရပါဘူး။ Hard Light သံုးဖို႔လိုအပ္တဲ့ေနရာမွာ Hard Light ေတြသံုးၿပီး Soft Light လိုအပ္တဲ့ေနရာေတြမွာ Soft Light ေတြကိုအသံုးျပဳထားတာေၾကာင့္ Lighting နဲ ့ပက္သက္ၿပီးေတာ့လဲ အေတာ္ကိုဂရုုစိုုက္ထားတာေသခ်ာပါတယ္။
.
ဒီဇာတ္ကားမွာ အားနည္းခ်က္ကေတာ့ ဇာတ္လမ္းသိပ္မရွိတာအျပင္ ေသနတ္ပစ္တဲ့အခါ မီးပြင့္တဲ့ေနရာမွာထည့္သြင္းတဲ့ CGI ကေတာ့ ေတာ္ေတာ္သိသာေနတာကိုေတြ႕ရပါတယ္။ ၾကည့္တဲ့အခါ အဲ့ဒီအခန္းေလးေတြကို သတိထားၾကည့္ရင္ေတြ႕ပါလိမ့္မယ္။ မီးပြင့္တဲ့ေနရာမွာ လိုအပ္သေလာက္ Particle ေတြမထည့္ထားပဲ ဒီတိုုင္းၾကီးပဲ အဝါေရာင္မီးေဖာက္လိုက္သလိုျဖစ္ေနပါတယ္။ ၿပီးေတာ့ Closeup Shot ေတြေတာ္ေတာ္မ်ားမ်ားသံုးထားတာေၾကာင့္ တစ္ခ်ိဳ႕အခန္းေတြဆုုိရင္ အနည္းငယ္ရႈပ္ေထြးေနတာမ်ိဳးေတြရွိေနပါတယ္။
.
ေျပာရမယ္ဆိုရင္ Lone Survivor (2013) ဇာတ္ကားက ေတာ္ေတာ္ကိုေကာင္းတဲ့ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ ၿပီးေတာ့ ဒီဇာတ္ကားက တျခားအျပစ္ေျပာစရာေတာ့သိပ္မရွိပါဘူး။ စစ္ကားဆိုေပမဲ့လဲ ဒီကားထဲမွာ Drama အခန္းေတြလဲပါေနေတာ့ Feel ေတြလိုခ်င္တဲ့ ပရိတ္သတ္ေတြပါရင္လဲၾကိဳက္ၾကမယ္လိုု ့ထင္ပါတယ္။ တကယ္လို ့စစ္ကားကို ရႈခင္းေတြေကာင္းေကာင္း ၊ တင္ဆက္မႈေကာင္းေကာင္းနဲ႔ သည္းထိပ္ရင္ဖိုၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Lone Survivor (2013) ဟာသင့္အတြက္ပါပဲ။

Review Credit to DatShin Facebook Page

(Unicode)

2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Lone Survivor ဇာတ်ကားကတော့ အကောင်းဆုံး စစ်ကားတွေထဲက တစ်ကားလို့ပြောရရင် မမှားဘူးပေါ့ဗျာ။ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဆိုတော့ သာမန်စစ်ကားနဲ ့ကြည့်ရတာမတူတော့ပဲ ခံစားမှုရသတွေပိုပေးနိုင်တဲ့စစ်ကားတစ်ကားပါ။ ဒီဇာတ်ကားမှာ ဇာတ်လမ်းအနေနဲ့ ကတော့ ဘာမှသိပ်မရှိပေမဲ့ အဲ့ဒီဘာမှသိပ်မရှိတဲ့ ဇာတ်လမ်းကိုပဲ အကောင်းဆုံးတင်ဆက်ရိုက်ပြသွားနိုင်တာကတော့ အံ့သြလောက်ပါတယ်။
.
ဒီဇာတ်ကားထဲမှာ Director က Closeup Shot တော်တော်များများကိုအသုံးပြုထားတာတွေ့ရပါတယ်။ နောက်ပြီးတော့ Low Angle Shot တွေသုံးပြီး စစ်သားတွေကိုရိုက်ပြထားတာကတော့ တော်တော်လေးကိုမိုက်တယ်။ ပြောရမယ်ဆိုရင် ဒီဇာတ်ကားကိုဘာကြောင့် အရမ်းသဘောကျလဲဆိုတော့ Reality ဖြစ်လို့ပါ။ တစ်ချို့စစ်ကားတွေလို အဓိက စစ်သားတစ်ယောက်ပဲ စွန်းကြမ်း ၊ အဲ့ဒီတစ်ယောက်ကိုပဲ အဓိကထားရိုက်ပြထားတာမဟုတ်ပဲ Mark Wahlberg အပြင်သူ့ အဖွဲ့သား သုံးယောက်လုုံးကိုပါ သေသေချာချာပေါ်လွင်အောင်ရိုက်ပြထားနိုင်ပါတယ်။ သူတို့ လေးယောက်ကြားက Chemistry ကလဲမဆိုးပါဘူး။
.
ပြီးတော့ တိုက်ပွဲဖြစ်တဲ့အခန်းတွေဆိုရင်တော့ ရိုက်ပြထားတာတော်တော်ကိုကောင်းပါတယ်။ သူတိုု ့တွေ ကျောက်တောင်တွေပေါ်က ခုုန်ချတဲ့အခန်းဆိုရင် ကြည့်နေတဲ့လူတောင်နာနေသလိုု ၊ အရိုးတွေပါကျိုးနေသလိုမျိုး ခံစားရလောက်အောင် ရိုက်ပြထားနိုင်တာကိုတွေ့ရပါတယ်။ ဇာတ်ကားတစ်ခုလုံးမှာ Lighting ကအစ သေချာဂရုုစိုက်ထားတာကြောင့် အရမ်းကြီး Burn ထွက်နေတဲ့အကွက်တွေကိုလဲသိပ်မတွေ့ရပါဘူး။ Hard Light သုံးဖို့လိုအပ်တဲ့နေရာမှာ Hard Light တွေသုံးပြီး Soft Light လိုအပ်တဲ့နေရာတွေမှာ Soft Light တွေကိုအသုံးပြုထားတာကြောင့် Lighting နဲ ့ပက်သက်ပြီးတော့လဲ အတော်ကိုဂရုုစိုုက်ထားတာသေချာပါတယ်။
.
ဒီဇာတ်ကားမှာ အားနည်းချက်ကတော့ ဇာတ်လမ်းသိပ်မရှိတာအပြင် သေနတ်ပစ်တဲ့အခါ မီးပွင့်တဲ့နေရာမှာထည့်သွင်းတဲ့ CGI ကတော့ တော်တော်သိသာနေတာကိုတွေ့ရပါတယ်။ ကြည့်တဲ့အခါ အဲ့ဒီအခန်းလေးတွေကို သတိထားကြည့်ရင်တွေ့ပါလိမ့်မယ်။ မီးပွင့်တဲ့နေရာမှာ လိုအပ်သလောက် Particle တွေမထည့်ထားပဲ ဒီတိုုင်းကြီးပဲ အဝါရောင်မီးဖောက်လိုက်သလိုဖြစ်နေပါတယ်။ ပြီးတော့ Closeup Shot တွေတော်တော်များများသုံးထားတာကြောင့် တစ်ချို့အခန်းတွေဆုုိရင် အနည်းငယ်ရှုပ်ထွေးနေတာမျိုးတွေရှိနေပါတယ်။
.
ပြောရမယ်ဆိုရင် Lone Survivor (2013) ဇာတ်ကားက တော်တော်ကိုကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားက တခြားအပြစ်ပြောစရာတော့သိပ်မရှိပါဘူး။ စစ်ကားဆိုပေမဲ့လဲ ဒီကားထဲမှာ Drama အခန်းတွေလဲပါနေတော့ Feel တွေလိုချင်တဲ့ ပရိတ်သတ်တွေပါရင်လဲကြိုက်ကြမယ်လိုု ့ထင်ပါတယ်။ တကယ်လို ့စစ်ကားကို ရှုခင်းတွေကောင်းကောင်း ၊ တင်ဆက်မှုကောင်းကောင်းနဲ့ သည်းထိပ်ရင်ဖိုကြည့်ချင်တယ်ဆိုရင်တော့ Lone Survivor (2013) ဟာသင့်အတွက်ပါပဲ။

Review Credit to DatShin Facebook Page

 

Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
Lone Survivor (2013)
No downloads available

Related movies