Exit print mode Print Data A+ A- Undo all

Love and Monsters (2020)

Love and Monsters (2020)Love and Monsters (2020)

Synopsis:

ဒီလန် အိုဘရိုင်ယန်ပါတယ်၊ ဂျက်ဆီကာ ဟန်းဝစ်ပါတယ်၊ ခွေးလိမ္မာလေး တစ်ကောင်ပါတယ်။ အကောင်ကြီးတွေပါတယ် ဒီလောက်ဆို ကြည့်ချင်ကြမယ်ထင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။
ကမ္ဘာကြီးကို ဝင်တိုက်မယ့် ဥက္ကာခဲကြီးတစ်ခု ပျံလာတယ်။ လူတွေက သူတို့ အတော်ဆုံး အလုပ်ကို လုပ်လိုက်ကြတယ်။ ဥက္ကာခဲကြီးကို ဒုံးကျည်ပေါင်းစုံနဲ့ ပစ်တာပေါ့။ ဥက္ကာခဲကြီးကတော့ ကွဲသွားပါတယ်။
ဒုံးကျည်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက ကမ္ဘာပေါ်ကို ကျလာပါလေရော။ လူတွေက ကံကောင်းကြပါတယ် ဓာတုအဆိပ်မသင့်ကြဘူး။ အင်းဆက်ပိုးတွေ၊ ဖားတွေ၊ ပုတ်သင်တွေကတော့ ကံမကောင်းကြရှာဘူး သန္ဓေပြောင်းပြီး ဧရာမကြီးတွေ ဖြစ်သွားတယ်။ လူတွေကို ပြန်စားကုန်ကြတယ်။
အဲဒီဧရာမအကောင်ကြီးတွေနဲ့ တိုက်ပွဲမှာလူသား ၉၅% လောက် သေသွားလေရဲ့။ နောက်ဆုံးကျန်တဲ့ သူတွေက အဖွဲ့လိုက်လေး မြေအောက်မှာ ကိုယ်စီပုန်းနေရင်း ကျူးကျော်လာတဲ့ အကောင်တွေနဲ့ တိုက်နေရတယ်။
အဲဒီထဲမှာ မင်းသားက အကောင်ကြီးတွေဆို ကြက်သေသေလောက်အောင် အသေကြောက်တဲ့ကောင်၊ ဘာလက်နက်မှလည်း မပစ်တတ်ဘူး။ သူတို့စခန်းမှာလည်းအကုန်လုံးက အတွဲတွေချည်းပဲ။ ဒီတစ်ကောင်ပဲ FA ကောင်ဖြစ်နေတာ။
ဒါပေမယ့် ဒီကောင့်မှာ အားကြီးတာ တစ်ခု ရှိတယ်။ ဖွန်ကြောင်တဲ့အားပါ။ သူနဲ့ လွွန်ခဲ့တဲ့ ၇ နှစ်လောက်က လူချင်းကွဲသွားတဲံ ဆော်က အခြား စခန်းတစ်ခုမှာ အသက်ရှင်သေးတာကို သိတဲ့အခါ မြေမျက်နှာပြင်ပေါ်က ၈၅မိုင်ဝေးတဲ့ အဲဒီခရီးကို အသက်စွန့်ပီး ဖွန်သွားကြောင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
အထူးပြုလုပ်ချက်တွေကောင်းတယ်၊ ဇာတ်လမ်းကောင်းတယ်၊ အက်မင်တော့ ကြိုက်ပါတယ်။ အကြိုက်တူသူတွေ ကြည့်ကြပါ။

Review-Credit

Original title
Love and Monsters
Director
Michael Matthews
Stars
Amali Golden, Ariana Greenblatt, Dan Ewing, Dylan O'Brien, Ellen Hollman, Jessica Henwick, Michael Rooker, Pacharo Mzembe, Senie Priti, Tre Hale
Release Date
2020 (UK)
Rated
PG-13
Runtime
109 min
Awards
n/A
Country
Canada / United States
Budget
USD $30 000 000,00
Popularity
231.991
Status
Released
ID IMDb.com
tt2222042
IMDB Rating
7
IMDB votes
19,821
ID Themoviedb.org
590223
TMDb Rating
7.6
TMDb votes
400