Exit print mode Print Data A+ A- Undo all

Loving Pablo (2017)

A gangster. A princess. The true story of a most unlikely love affair.
Loving Pablo (2017)Loving Pablo (2017)

Synopsis:

၁၉၈၀ ကာလ ကိုလံဘီယာနိုင်ငံမှာ ပြိုင်ဖက်ကင်း နာမည်ကြီး
မူးယစ်ရာဇာတစ်ယောက် ပေါ်ထွက်လာတယ်။ မူးယစ်ဆေးဝါး
အရောင်းအဝယ်ဈေးကွက်မှာ အချိန်တိုအတွင်း ဘုရင်တစ်ဆူ
ဖြစ်လာတဲ့ Pablo Escobar ဟာ ညဏ်များပြီး ပြိုင်ဖက်၊
ရန်သူတွေကိုလည်း ရက်ရက်စက်စက် အပျောက်ရှင်းတယ်။
လူအများရဲ့ လေးစားမှုကို ရချင်ရင် အကြောက်တရားကို
အသုံးပြုရတယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတယ်။

သူ့နယ်မှာ လှပခမ်းနားတဲ့ စံအိမ်၊ကိုယ်ပိုင်လေယာဉ်ကွင်း၊
အပန်းဖြေ တိရိစ္ဆာန်ဥယျာဉ် စတဲ့ အဆောင်အယောင်တွေနဲ့
တခမ်းတနား ဘုရင်တစ်ပါးလို နေတယ်။ ပညာမတတ်တဲ့
ဆင်းရဲသားတွေကို အထောက်အပံ့ပေးပြီး မွေးထားတယ်။
ကျောင်းမနေတဲ့ လူငယ်တွေဟာ Escobar ဖွင့်ထားတဲ့
ဆိုင်ကယ်စီးလုပ်ကြံချေမှုန်းရေးသင်တန်းကျောင်းကို တက်
ကြတယ်။ နေ့ခင်းကြောင်တောင် လမ်းမပေါ် ကားထဲက
ပစ်မှတ်ကို သေနတ်နဲ့ အမြန်ပစ်သတ်ပြီးပြေးတဲ့ ပညာရပ်ကို
ကျွမ်းကျင်အောင် သင်ယူကြတယ်။ သေနတ်၊ လက်ပစ်ဗုံး၊
မိုင်း ကိုင်တွယ်အသုံးပြုဖို့ သင်ယူကြတယ်။ သူတို့တွေကို
ကတုံးကတိုက် လုပ်လာရင် အစိုးရအဖွဲ့ဝန်ကြီးကိုလည်း
ရှင်းပစ်ဖို့ ဝန်မလေးဘူး။

Escobarဟာ သူ့ရဲ့ချမ်းသာကြွယ်ဝမှု၊ကျော်ကြားမှုအရှိန်
အဝါ ၊ အောက်ခြေလူတန်းစားတွေရဲ့ ထောက်ခံမှုတွေနဲ့
ကိုလံဘီယာလွှတ်တော်ထဲမှာ လွှတ်တော်အမတ်အဖြစ်
ရွေးကောက်တင်မြှောက်တဲ့အထိ နေရာယူနိုင်လာတယ်။
ဘိန်းဖြူ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၇၀၀၀ နဲ့ ပြည်တွင်းမှာ
ကောက်တယ်။မြောက်အမေရိကမှာ တစ်ကီလို ၁၅၀၀၀၀ နဲ့
ပြန်ဖြန့်တယ်။ အဝေးပြေးကားလမ်းမကြီးမှာ သွားလာနေတဲ့
ကားတွေ အကုန်ရပ်ခိုင်း၊ လမ်းပိတ်ဆို့၊ လမ်းပေါ် လေယာဉ်
ဆင်းခိုင်းပြီး ပြောင်ပြောင်တင်းတင်း ဘိန်းဖြူ အတင်အချ
လုပ်တယ်။

Escobar ရဲ့ ဆိုးဝါးသောင်းကျန်းမှုကို သည်းမခံနိုင်တဲ့
အစိုးရက စုံစမ်းစစ်ဆေးတာတွေ လုပ်တော့ ခပ်ကြမ်းကြမ်း
ပြန်တုံ့ပြန်တယ်။ ပညာမတတ်၊ ဆင်းရဲသားလူငယ်တွေကို
လက်နက် တပ်ဆင်ပေးတယ်။ ရဲတစ်ယောက် သတ်နိုင်ရင်
ဘယ်လောက်၊အရာရှိဆိုဘယ်လောက်၊စစ်သားတစ်ယောက်
သတ်နိုင်ရင် ဘယ်လောက်ဆိုပြီး ဆုငွေထုတ်တယ်။နေ့ခင်း
ကြောင်တောင် ယာဉ်ထိန်းရဲကို လူပုံအလယ်မှာ ပစ်သတ်
သွားတာတွေ၊ စားသောက်ဆိုင်ထဲမှာ စစ်သားကို အနီးကပ်
ပစ်သတ်သွားတာတွေ နေရာအနှံ့ဖြစ်လာတယ်။သူ့ကို ဖမ်းဖို့
ကြိုးစားတဲ့ ဝန်ထမ်းတွေ၊ အစိုးရသက်သေတွေကို နှုတ်ပိတ်
သတ်ဖြတ်တယ်။ တရားသူကြီးဆီကို ခေါင်းတလားကြီးပို့်ပြီး
ချိမ်းခြောက်တယ်။

နောက်ပိုင်း သူ ဘိန်းဖြူအဓိကတင်ပို့နေတဲ့ အမေရိကန်က
သူ့ကို ဖမ်းဆီးဖို့ ကြိုးစားလာတယ်။ ကိုလံဘီယာမှာ သူ့ကို
ဘယ်တရားရုံးကမှ ရုံးတင်မစစ်ဆေးရဲတော့ဘူး။ အဲဒီတော့
အမေရိကန်အစိုးရက Escobar ကို သူတို့ဆီ လွှဲပေးဖို့
ကိုလံဘီယာကို ညှိနှိုင်းတယ်။အဲဒီမှာတင် Escobar ဗျူဟာ
တစ်မျိုးပြောင်းတယ်။ သူ့ကို အမေရိကန်တွေဆီ လွှဲမပေးရင်
အဖမ်းခံပါ့မယ်လို့ အစိုးရကို တောင်းဆိုတယ်။ ကတိစကား
ရတော့ အဖမ်းခံတယ်။သူနေမယ့် အကျဉ်းထောင်ကို သူပိုင်
မြေပေါ်မှာ သူ့ဘာသာသူ ဆောက်တယ်။ ကိုယ်ပိုင်ရုံးခန်း၊
ကြီးကျယ်ခမ်းနားတဲ့ ဧည့်ခန်း၊ အစည်းအဝေးခန်းမ၊ ဘား၊
အားကစားကွင်းတွေ ပါဝင်တဲ့ အကျဉ်းထောင်ထဲမှာ ဇိမ်နဲ့
နေတယ်။ အပြင်မထွက်ဘဲထောင်ထဲကနေ ဘိန်းလုပ်ငန်းကို
ဆက်ပြီး ကြိုးကိုင်တယ်။ တပည့်တပန်း အခြွေအရံတွေ
ခြံရံပြီး ပျော်ပျော်ပါးပါးနေတယ်။ လုံခြုံရေးဝန်ထမ်းတွေ နဲ့
ရဲတပ်ဖွဲ့ကလည်း သူ့အတွက် အစေအပါးတွေကို ဖြစ်လို့။
လူငယ်ဘောလုံးသမားတွေကိုခေါ်ပြီး ထောင်ထဲမှာဘောလုံး
ကစားတယ်။ပွဲပြီးရင်ပျော်ပါးဖို့ ပြည့်တန်ဆာတွေ bus ကား
တစ်စင်းနဲ့ ခေါ်ထားတယ်။

နောက်ပိုင်း ထိန်းမရသိမ်းမရ ဖြစ်လာတော့ Escobar ကို
စစ်အကျဉ်းထောင်မှာ ပြောင်းထားဖို့ စီစဉ်ရတယ်။ ထောင်
ပြောင်းဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်ထောင်ကို စစ်တပ်က ဝင်စီး
ရတယ်။ ကွက်ကျော်မြင်တဲ့ Escobar က သတင်းကြိုရပြီး
လစ်သွားပြန်တယ်။ ပုံမှန်စစ်ဆင်ရေးမျိုးနဲ့ ဖမ်းဖို့မလွယ်တော့
Escobar ဖမ်းဆီးရေးအတွက် ရဲတပ်ဖွဲ့ဝင် ၅၀၀ ပါဝင်တဲ့
လက်ရွေးစင်အဖွဲ့ စုဖွဲ့ပြီး သီးခြားသင်တန်းပေးတယ်။ ကမ္ဘာ့
အန္တရာယ်အကြီးဆုံး ဘိန်းဘုရင်ကို ဖမ်းဖို့ CIA ၊ DEA ၊
ကိုလံဘီယာစစ်တပ်၊အထူးရဲတပ်ဖွဲ့ ၊ Escobar ရဲ့ပြိုင်ဘက်
အဖွဲ့တွေပါ ပေါင်းပြီး ရေဆုံးမြေဆုံး ပိုက်စိတ်တပ်ရှာကြတယ်။

==================================

Loving Pablo ရုပ်ရှင်ဟာ မူးယစ်ရာဇာ Escobar နဲ့
တွဲခဲ့တဲ့ ကိုလံဘီယာက နာမည်ကျော် ရုပ်သံတင်ဆက်သူ၊
အမျိုးသမီးဂျာနယ်လစ် Virginia Vallejo ရေးသားတဲ့
Loving Pablo, Hating Escobar ဆိုတဲ့ ဖြစ်ရပ်မှန်
စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ကမ္ဘာ့အဆိုးဆုံး
ဘိန်းဘုရင်ကြီး Pablo Escobar ရဲ့ ရက်စက်မှုတွေအပြင်
သူနဲ့ အတွင်းကျကျ ငြိစွန်းပတ်သက်ခဲ့တဲ့ Vallejo နဲ့ အဖြစ်
အပျက်တွေ၊ Escobar ရဲ့ မိသားစုဘဝ နဲ့ စိတ်ဝင်စားစရာ
အဖြစ်ပျက်တွေ အများကြီး ပြသထားပါတယ်။

Escobar အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Javier
Bardem နဲ့ Vallejo အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး
Penelope Cruz တို့က အပြင်မှာလည်း ဇနီးမောင်နှံတွေ
ဖြစ်ပါတယ်။ဖြစ်ရပ်မှန်နောက်ခံ ဇာတ်လမ်းမျိုး သဘောကျတဲ့
ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ပါ။

ဇနီး နဲ့ သားသမီးနှစ်ယောက် ပါဝင်တဲ့ မိသားစုရှိပေမယ့်
မူးယစ်ရာဇာ သူဌေးပီပီ မိန်းမတွေ အများကြီးနဲ့ တွဲခဲ့တဲ့
Escobar နဲ့ Vallejo တို့ အချီအချပြောတဲ့ scene မှာ
Escobar ပြောလိုက်တဲ့ dialogue လေးတစ်ခုကိုတော့
အတော်သဘောကျမိတယ်။ Vallejo က ( ကျွန်မ ရှင့်ကို
ချစ်ခဲ့ပါတယ်။ ချစ်လို့ပဲ ရှင့်မိန်းမနဲ့ ကွာရှင်းဖို့တောင် ကျွန်မ
မတောင်းဆိုခဲ့ဘူး) လို့ ပြောတော့ Escobar က အခုလို
ပြန်ပြောလိုက်တယ် –

” ဟေ့ မင်းငါ့မိန်းမကို ထည့်မပြောနဲ့။ Victoria နာမည်ကို
မင်းပါးစပ်က ယောင်လို့တောင် မဟမိစေနဲ့။ သူက ငါ
ပိုက်ဆံ ကုန်းကောက်စရာတောင် မရှိအောင် မွဲတေနေပြီး
ဘာကောင်မှာမဟုတ်တဲ့ ဘဝကတည်းက ငါ့နားမှာ နေလာတဲ့
မိန်းမ။ ငါ့မှာ ကိုယ်ပိုင်လေယာဉ်စီး၊ New York သွားပြီး
ဈေးဝယ်သုံးဖြုန်းနိုင်တဲ့ အခြေအနေမရှိရင် မင်း ငါ့ကို ချစ်နိုင်
ပါ့မလား။ သေချာပြန်စဉ်းစားကြည့်ဦး။”

အညွှန်းကိုတော့ International Movie News – IMN Facebook Page မှကူးယူဖော်ပြထားပါတယ်။

Original title
Loving Pablo
Director
Antonio Ordóñez, Biviana Márquez, Fernando León de Aranoa, Guillermo Navajo, Milena Mihaylova, Sandra Serna
Stars
David Ojalvo, David Valencia, Javier Bardem, Joavany Alvarez, Julieth Restrepo, Mark Basnight, Matthew Moreno, Óscar Jaenada, Penélope Cruz, Peter Sarsgaard
Release Date
15 Jun 2018
Rated
R
Runtime
123 min
Awards
1 win & 5 nominations.
Country
Spain, Bulgaria
Budget
USD $4 667 008,00
Popularity
13.995
Status
Released
ID IMDb.com
tt4682788
IMDB Rating
6.3
IMDB votes
12,826
ID Themoviedb.org
425336
TMDb Rating
6.1
TMDb votes
455