Burmese Subtitle
BluRay 1080p 6CH Madagascar 3: Europe’s Most Wanted (2012)
Report error

Madagascar 3: Europe’s Most Wanted (2012)

Madagascar 3: Europe's Most Wanted    

PG 93 min AdventureAnimationComedyMadagascar

6.8
IMDB: 6.8/10 151,078 votes

, ,

, , , , , , , , ,

2 wins & 20 nominations.

USA

207

Report error

[Zawgyi]
















Review Credit to CM

[Unicode]

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ

မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်

သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်

သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ

တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့

တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်

သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး

အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ်

မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ်

အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ

သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား

သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ

IMDB rating 6.9 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ

ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

No downloads available

Related movies