၂၀၀၀ ခုနှစ်ကထွက်ခဲ့ရုပ်ရှင်ဆိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတစ်ခုလုံးကို ၁၃ နှစ်အရွယ်လူပျိုပေါက်ကလေး Renato က ပြောပြတဲ့ပုံစံနဲ့ ရိုက်ထားတာ။
Malèna ဆိုတာ မြင်သူတိုင်းကငေးမောပြန်လှည့်ကြည့်ရအောင် ချောမောလွန်းတဲ့ အီတလီတောမြို့လေးတစ်မြို့က အမျိုးသမီးတစ်ဦး … အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်ကာလပေါ့ ။
သူကအပျိုတော့မဟုတ်၊ အိမ်ထောင်သည်။
လှလွန်းတော့ ယောင်္ကျားတိုင်းရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက အမျိုးသမီးဖြစ်နေတယ်။
ဒဲ့ပြောရရင် သူနဲ့အိပ်ချင်ကြတယ်ပေါ့။
အာဖရိကမှာ စစ်မှုသွားထမ်းနေတဲ့ Malèna ရဲ့လင်ယောင်္ကျား ရှေ့တန်းမှာ ကျဆုံးသွားတယ်ဆိုတဲ့သတင်းဟာ Malèna ရဲ့ အလှကို ကျိန်စာတစ်ခုအဖြစ် အသွင်ပြောင်းပေးလိုက်တယ်။
Malèna ကို အိမ်ထောင်ရှိယောင်္ကျားတွေကပါ ငမ်းငမ်းတက်လုံးပန်းလာတဲ့အတွက် အမျိုးသမီးတွေအားလုံးရဲ့ မျက်မုန်းပွါးမှုကိုခံရတယ်။ မရတဲ့ ယောင်္ကျားအချို့ရဲ့ သွားပုပ်လေလွင့်ပြောဆိုမှုတွေကိုခံရတယ်။.
အတိုချုပ်ရင် ဘယ်လောက်ပဲဖြူစင်အောင်နေခဲ့သော်ငြား Malèna ဘ၀ပျက်သွားတယ်။ ဘ၀ရပ်တည်ဖို့အတွက် ဂျာမန်စစ်သားတွေကို ဖျော်ဖြေပေးရတဲ့အထိပေါ့ဗျာ။
စစ်ပြီးလို့ဂျာမန်တွေစစ်ရှုံးသွားတဲ့အခါ အကွက်ဝင်သွားတဲ့အတွက် Malèna ကို မြို့ထဲကမိန်းမတွေက အပျက်မဆိုပြီး ၀ိုင်းဝန်းရိုက်ပုတ်အရှက်ခွဲကြတာမျိုး … Malèna ဒီမြို့ကနေတိတ်တဆိတ်ထွက်သွားတယ်။
အဲဒီအချိန်မှာ ရှေ့တန်းမှာကျဆုံးသွားတယ်ဆိုတဲ့ Malèna ရဲ့ လင်ယောင်္ကျားပြန်ရောက်လာတယ်။ ဒါတွေအကုန်လုံးကို Malèna ကို ခိုးကြိုက်နေတဲ့ ၁၃ နှစ်သားလေး Renato ပြန်ပြောတဲ့အနေနဲ့ရိုက်ထားတာ။
ဒါရိုက်တာ Tornatore အရမ်းတော်တယ်ပြောရမယ်။ Malèna ဇာတ်ကောင်နေရာအတွက် အီတလီညှို့မင်းသမီး Monica Bellucci ကိုရွေးချယ်လိုက်တော့ Malèna ဘယ်လိုလှတယ်ဆိုတာ အထွေအထူးရှင်းပြစရာမလိုဘူးဖြစ်သွားတယ်။
အရမ်းသဘောကျမိတာက ၁၃ နှစ်အရွယ်လူပျိုပေါက်ကလေးတစ်ယောက်ရဲ့ အတွေးတွေကိုထိထိမိမိဖေါ်ပြနိုင်တာကိုပဲ … Malèna ကို စွဲလန်းမိတဲ့ Renato ဟာ စိတ်ကူးထဲမှာမှန်းပြီးအာသာဖြေတာတွေကို ပညာသားပါပါချပြတာမျိုး။
Renato စိတ်ကူးယဉ်တာတွေလှတယ်။ သူက ဂျူးလိယက်ဆီဆာဆိုရင် Malèna က ကယ်လီယိုပတ်ထရာပေါ့ ( Renato ဟာ အသက်မပြည့်သေးတဲ့အရွယ်ဖြစ်တဲ့အတွက် အဲဒီနေရာတွေရိုက်ပြရတာ လက်ပေါက်ကပ်မယ်ထင်တာပါပဲ။ပေါ့ပေါ့ပါးပါးရိုက်ပြရင်လည်း ဇာတ်လမ်းပေါ့မယ်။ ပြင်းလွန်းသွားရင်လည်း ကလေးသူငယ်ဖြစ်တဲ့အတွက်မလွယ်ပါဘူး)
အနှစ်ချုပ်ရရင် Malèna ဟာ ရသ၀တ္ထုကောင်းတစ်ပုဒ်ကိုဖတ်လိုက်ရသလိုမျိုးစွမ်းဆောင်နိုင်တယ်။
လူငယ်တွေရဲ့သဘောသဘာဝ ..
လူ့စရိုက် …
လိင်စိတ် …
အဲဒီအချိန်က နိုင်ငံရေးအခြေနေ … စသဖြင့်ပေါ့။
သူတို့ဆီမှာလည်း ဆုတွေရယူထားတဲ့ ရုပ်ရှင်ကားကောင်းကြီးပါ။
အဲ … တောသားတွေကတော့ အဲဒီလိုမမြင်ဘူး။ နည်းနည်းစာဖတ်တဲ့တောသားဆိုရင်တောင်ဒီလိုညွှန်းမယ်ထင်တယ်။
” အလှအပနဲ့ ဖျင်ကြီးတာကြောင့် ကံဆိုးပြီးဘ၀ပျက်သွားတဲ့ အမျိုးသမီးတစ်ဦးအကြောင်း ” ဆိုပြီးတော့ပေါ့ … ဘိုလိုဆိုရင် The story of a woman whose life is destroyed because she has the misfortune to be beautiful and have a great butt. လို့ဆိုရမလားမသိ …
Malèna ဟာ အမေရိကန်မှာ R အဆင့်သတ်မှတ်ထားခံရတယ်။ (၁၇ နှစ်အောက်ကလေးတွေကြည့်မယ်ဆိုရင် အုပ်ထိန်းသူပါဝင်ဖို့လိုအပ်) အခန်းတော်တော်များများဖြတ်တောက်ခြင်းခံထားရတယ်။
အညွှန်းရေးသားသူကတော့ အောင်ဇော်ဦး ဖြစ်ပါတယ်။
File Size – 1.72 GB
Quality – Blu-Ray 1080p 6CH
Running Time – 1h 48min
Format – mp4
Genre – Comedy, Drama, Romance
Subtitle – Myanmar (Hard Sub)
Translator – Nokime Kugachichiki
Encoded By – Sai Wunna