Burmese Subtitle
BluRay 1080p 6CH Man of Steel (2013)
Report error

Man of Steel (2013)

Man of Steel    

PG-13 143 min ActionAdventureFantasy

7.1
IMDB: 7.1/10 621,420 votes

, , , , , , , , ,

7 wins & 46 nominations.

USA, UK

469

Report error

ဒီတစ်ခါတော့ မြန်မာပရိတ်သတ်နဲ့လည်းမစိမ်းတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Man of Steel လို့ ခေါ်တဲ့Superman ဇာတ်ကားသစ်က Superman 1,2,3,4 ဇာတ်လမ်းတွဲတွေ ထွက်ခဲ့ပြီး ၁၉ နှစ်ကြာမှာ Reboot ပြန်လုပ်တာဖြစ်ပါတယ်။ Batman ဇာတ်လမ်းတွေကိုလည်း George Clooney ရဲ့ Batman & Robin ဇာတ်ကားအပြီးမှာ ကွာလတီညံ့ဖျင်းလာတာကြောင့် Warner Brothers က Reboot လုပ်ခဲ့ပြီး Batman Begins, The Dark Knight, The Dark Knight rises တို့ အောင်မြင်မှုရခဲ့တာကြောင့် Superman ဇာတ်လမ်းကိုလည်း ပြန်ပြီး Reboot လုပ်တာဖြစ်ပါတယ်။ နောက်တစ်ချက်က Marvel က Avengers ရိုက်ကူးနေချိန်မှာ၊ DC Comic ကလည်း Justic League ဇာတ်ကားကို ရိုက်ကူးဖို့အတွက် ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။ Justice League မှာ Superman, Batman, Green Lantern, Wonder Woman, Flash, Hawkgirl နဲ့ Martian Manhunter တို့ပါဝင်ပြီး လက်ရှိမှာ Superman, Batman နဲ့ Green Lantern ဇာတ်လမ်းတို့ပဲ ထွက်ထားပြီးဖြစ်ပါတယ်။

        

Man of steel ကိုရိုက်ကူးတဲ့ ဒါရိုက်တာ Zack Snyder က ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ 300 ဇာတ်ကားရဲ့ဒါရိုက်တာဖြစ်ပြီး Christopher Nolan ( Batman Trilogy ရဲ့ဒါရိုက်တာ) ရဲ့ တပည့် ဖြစ်ပါတယ်။ ဒီကားမှာ Christopher Nolan က Producer နေရာက ပါဝင်ထားတာကြောင့်လည်း လူတွေက တော်တော်မျှော်လင့်ခဲ့ကြပါတယ်။ ဇာတ်လမ်းက သာမန်တွေ့နေကြ Superman ကားတွေနဲ့မတူအောင်၊ လက်ရှိခေတ် အနေအထားနဲ့ ကိုက်ညီအောင် ရိုက်ကူထားပြီး၊ Superman ဆိုတာ ကလေးကြိုက် ဇာတ်ကားဆိုတဲ့ Idea ကနေ ခွဲထွက်ထားတာတွေ့ရမှာပါ။ အထူးသဖြင့် Superman က ကလေးဘ၀မှာထဲက လူတွေခွဲခြား ဆက်ဆံတာခံခဲ့ရသလို ဦးတည်ချက်မဲ့နေတဲ့ လူအဖြစ် သနားစရာကောင်းအောင် ဇာတ်လမ်းဆင်ထားပါတယ်။ ငယ်ဘ၀မှာ ပတ်ဝန်းကျင်မှာရော ကျောင်းမှာပါ အဆင်မပြေမှုတွေကြုံခဲ့ရပြီး၊ ဖခင်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ လူတွေကို ကယ်တင်ပေးခဲ့တဲ့အချိန်မှာတောင် လူတွေက ကယ်တင်ရှင်အဖြစ် နဲ့မမြင်ပဲ သံသယအကြည့်တွေနဲ့ ကြည့်ခံခဲ့ရပါတယ်။

 

စူပါမင်းရဲ့ ၀တ်စုံကအစ ဇာတ်လမ်းအဆုံးပြောင်းခဲ့သလို ၀တ်စုံရဲ့ရာဇ၀င် သူရဲ့ အမှတ်သင်္ကေတ ဖြစ်နဲ့ ရင်ဘတ်ပေါ်က S စာလုံးရဲ့ ရာဇ၀င်ကိုပါ မိတ်ဆက်ထားပါတယ်။ ကျွန်တော်တို့ သိထားတဲ့ Superman ကို လက်ရှိခေတ်ကာလ နဲ့ ကိုက်ညီအောင် ဇာတ်လမ်းကို ပြောင်းရေးထားတာ အတော်ကို ချီးကျူးဖို့ကောင်းပါတယ်။ ဇာတ်လမ်းက Superman ရဲ့ ချစ်သူဖြစ်လာမယ့် Lois Lane ကိုပါ Supermanရဲ့ Secret Identity ကို ပေးသိခဲ့ပါတယ်။ ကာတွန်းထဲမှာရော တစ်ခြားဇာတ်လမ်းတွေမှာပါ Lois က Superman ကို Clark Kent မှန်း တော်တော် ကြာတဲ့အထိ မသိပါဘူး။ ဒီဇာတ်ကားမှာတော့ ဒါကို ပြောင်းလဲထားပါတယ်။ နောက်ဆုံးပြောစရာတစ်ခုပဲ ရှိတာက Facial Recognition Software တွေ ကောင်းနေတဲ့ ခေတ်မှာ Superman ရဲ့ Secret Identity ကို မသိဘူး ဆိုတာ သိပ်တော့ ဘ၀င် မကျပါဘူး။ ဒါပေမယ့် တစ်ခြား ထွက်ထားသမျှ ဘယ် Superman ဇာတ်ကားနဲ့မှ မတူတဲ့ ရသမျိုး ပေးနိုင်တဲ့ ဇာတ်ကားဖြစ်လို့ ပရိတ်သတ်များ အကြိုက်တွေ့ဦးမှာပါ။

 

ကြည့်ကိုကြည့်သင့်တဲ့ကားဖြစ်ပြီး၊ မိသားစုအတူတူ ကြည့်ရှု့နိုင်ပါတယ်။ PG-13 ဖြစ်လို့ ၁၃ နှစ်အောက်ကလေးများ မိဘနဲ့ အတူတူ ကြည့်တာပိုသင့်တော်ပါတယ်။

(အညွှန်းကိုတော့ ရုပ်ရှင်မိတ်ဆက်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)

 

File Size – 2.92GB
Quality – Blu-Ray 1080P 6CH
Running Time – 2h 23min
Format – mkv
Genre – Action, Adventure, Fantasy
Translator – Aung Myo
Encoded By – K#/4nt_M1nn_K0

Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
Man of Steel (2013)
No downloads available

Related movies