Burmese Subtitle
BluRay 1080p 6CH Me Before You (2016)
Report error

Me Before You (2016)

Me Before You    

PG-13 106 min DramaRomance

7.4
IMDB: 7.4/10 175,816 votes

,

, , , , , , , , ,

6 wins & 6 nominations.

UK, USA

512

Report error

” မင်းက ငါ့ရဲ့မနက်ဖြန်တိုင်းမှာ နိုးထချင်လာရတဲ့ တစ်ခုထဲသော အကြောင်းအရင်းပါ ”
.
.
.
တခါတလေကျတော့လည်း အချစ်ဆိုတာကြီးကဆန်းကျယ်တယ် …

အနားမှာအကြာကြီးရှိနေပြီး ကိုယ်ချစ်မိတယ်လို့ထင်နေမိတဲ့သူက ကိုယ့်ရဲ့ဖူးစားဖက်မဟုတ်ဘဲ

ကိုယ့်အနား ခဏတာရောက်လာတဲ့သူက ကိုယ့်တစ်ဘဝလုံးဖြစ်သွားတတ်တယ်

အချစ်ဆိုတာကြီးက နက်နဲတယ်…

တစ်စစီဖြစ်သွားပီလို့ထင်ထားတဲ့ အေးစက်နေတဲ့နှလုံးသားတွေက အချိန်တစ်ခုရောက်တဲ့အခါ ဒါမှမဟုတ် တကယ့်ပိုင်ရှင်အစစ်ကိုတွေ့တဲ့အခါ နုပျိုနေတဲ့နှလုံးသားလိုပဲ နွေးထွေးပီး ပန်းရောင်လေးတွေသမ်းရင်း ရင်ခုန်သံတွေကလည်း တဖန် စည်းချက်ပြန်ညီလာတတ်တယ်

အချစ်ဆိုတာကြီးက လှပတယ်

ချစ်ခြင်းရဲ့ အဆုံးသတ်က ဘယ်လောက်ထိနာကျင်ရမလဲဆိုတာသိနေပေမယ့်လည်း ရင်ဘတ်ကြီး စုတ်ပြတ်သတ်အောင် စွန့်စားမိစေတဲ့ လှပတဲ့ ဒဏ်ရာတစ်ခု

အချစ်ဆိုတာ သတ်သေမှုတစ်ခုပဲ

ကိုယ့်ကိုယ်ကိုနှိပ်စက်မိမယ် မချစ်နဲ့လို့တားနေပေမယ့်လည်း အရဲစွန့်ချင်တာဟာ အချစ်ရဲ့ သင်္ကေတတစ်ခုလို့ဆိုကမယ်

နှုတ်ဆက်ကမယ် ထွက်ခွာသွားကမယ်ဆိုတာ သိသိကြီးနဲ့ ရှေ့ဆက်တိုးရဲတယ်ဆိုတာ အချစ်ကပေးတဲ့ အလှဆုံး ရာဇဝတ်မှုတစ်ခုပဲ

အချစ်ဆိုတာ

ရူပါကြောင့်လည်းမဟုတ်သလို
ကိုယ်ခန္ဓာပြည့်စုံပီး သန်မာနေတဲ့ ကြွက်သားတွေကြောင့်လည်းမဟုတ်ဘူး

နှစ်ယောက်ထဲပဲ မြင်နိုင်တဲ့ အက်ကွဲရာတွေ
နှစ်ယောက်ထဲပဲကြားနိုင်တဲ့ နှလုံးခုန်သံငိုရှိုက်သံတွေ
နှစ်ယောက်ထဲပဲသိနိုင်တဲ့ ဝမ်းနည်းပြိုလဲမှုတွေနဲ့ ပေါင်းစည်းထားခြင်းဖြစ်တယ်

ကိုယ့်ဘဝရေစက်က သတ်မှတ်ပေးထားတဲ့သူ ကိုယ့်ဘဝဆုံမှတ်နဲ့ တွေ့မှသာ ဖြစ်ပေါ်လာတဲ့အရာပါ

စိတ်ဆိုတဲ့အရာက မျက်လှည့်ဆရာတစ်ယောက်လိုပဲ

စစချင်းတော့ အံ့သြစရာတွေ သဘောကျမှုတွေနဲ့ပြည့်နေပီး အရမ်းကိုတတ်မြောက်ချင်တဲ့ ပညာစိတ်တွေဖြစ်နေပေမယ့်

တကယ့်တကယ် လေ့လာကြည့်တော့ အလိမ်အညာတစ်ခုဖြစ်နေတာမျိုး

ကိုယ့်ဘဝတစ်လျှောက်လုံး စိတ်ဆိုတဲ့ မျက်လှည့်ဆရာရဲ့ အယုံသွင်းမှုအောက်မှာ ပြားပြားဝပ်ခဲ့ပီး သဘောကျမှုနဲ့ အချစ်ဆိုတာကို အထင်မှားစေခဲ့တယ်

နှစ်အကြာကြီး တွဲလာပီး အတူရှိခဲ့တိုင်း တကယ့်ဖူးစာလို့ ပြောလို့မရသလို

မျက်လုံးချင်းဆုံရုံနဲ့ ချစ်ခြင်းအစပျိုးမိတယ်ဆိုတာကလည်း အလိမ်အညာတစ်ခုမဟုတ်ပြန်ဘူး

အချစ်က အချိန်ဆိုတာကိုမသတ်မှတ်ပေမယ့်

ကံတရားကတော့ သတ်မှတ်ထားတယ်

ကိုယ်တစ်ဘဝလုံး Jokerတစ်ယောက်လို ဟန်ဆောင်အပြုံးတွေနဲ့ အလိမ်အညာတွေအောက်မှာ ကျင်လည်နေခဲ့ပေမယ့် ကိုယ့်ရဲ့နောက်ဆုံးအချိန် ၂လ ၃လလောက်မှာ ကိုယ့်ကမ္ဘာကြီးကိုရှာတွေ့သွားဖို့ဆိုတာ ဘဝကပေးလိုက်တဲ့ မြတ်နိုးဖို့အကောင်းဆုံးကံဆိုးမှုတစ်ခုပါပဲ

သို့ပေမယ့် ကံတရားဆိုတာ ကိုယ့်မိတ်ဆွေမှမဟုတ်တာ

ကိုယ့်ရဲ့နောက်ဆုံးအသက်ရှုချိန်ရောက်မှ ပေးတွေ့ပေးတော့လည်း ရင်နာနာနဲ့ အမြဲတမ်း ပွင့်ပွင့်လင်းလင်းရီနေတတ်တဲ့ မျက်နှာလေးတစ်ခုကို ငေးကြည့်ရင်း လက်ခံပေးလိုက်မိတဲ့အချိန်က ကိုယ်အချစ်ရဆုံးသူရဲ့ အသက်ရှူသံကိုနားဆင်ပီး ထွက်ခွာသွားရတဲ့အခိုက်အတန့်ဖြစ်နေမိကော

ငါအရင်တုန်းက ဘယ်လိုလူတစ်ယောက်
ငါဘာလုပ်နိုင်တယ် ငါဘာဖြစ်ချင်တယ်ဆိုတာမင်းမသိဘူး Louisa……

ကိုယ်ဖြစ်ချင်ခဲ့တာက မင်းမနက်တိုင်း အိပ်ယာနိုးလာမယ့်ပုံလေးကို ငေးကြည့်ချင်တာ

ကိုယ်လိုချင်ခဲ့တာက အားအင်တွေပြည့်မယ့် မင်းလက်ကလေးကိုဆုပ်ကိုင်ပီးကော်ဖီဆိုင်ထိုင်ရင်း ကိုယ်ရွေးပေးထားတဲ့ ပြင်သစ်ရေမွှေးရနံ့လေးကိုဆွတ်ထားတဲ့မင်းအနားကို ကပ်ပီးပင့်သက်ချင်မိတာ

ကိုယ်ဖြစ်ချင်ခဲ့တာက လှိုင်းလုံးတွေဆီ နေဝင်ချိန် မင်းကိုပွေ့ချီပီး ခေါ်သွားပြချင်မိတာ

ကိုယ်လုပ်ချင်ခဲ့တာက မင်းရဲ့ တုတ်နေတဲ့ခါးလေးကိုကိုင်ရင်း ပါတီပွဲတစ်ခုလုံး မနာလိုသွားလောက်အောင်ထိ အတူတူကချင်ခဲ့တာ

ကိုယ်တွေ့ချင်ခဲ့တာက မင်းအကြိုက်ဆုံး Stocking အဝါအမည်းကွက်ကြားလေးဝတ်ပီး ချိုသာအောင်ရီပြနေတဲ့ ဝတ်ခြံအပြည့် မျက်နှာလေးကိုပါ Clark

ဒါတွေကို မင်းဘယ်တော့မှသိလာမှမဟုတ်သလို ကိုယ့်ရဲ့အခုပုံစံနဲ့လည်း အာ့တာတွေကို ကိုယ်မရင်ဆိုင်ချင်ဘူး

~ William Traynor

Louisa Clarkအဖြစ် Emila Clarke (နဂါးမယ်မယ်)
William Traynorအဖြစ် Sam Claffin

Review Credit to Tragic Review Facebook Page

Me Before You (2016)
Me Before You (2016)
Me Before You (2016)
Me Before You (2016)
Me Before You (2016)
Me Before You (2016)
Me Before You (2016)
Me Before You (2016)
Me Before You (2016)
Me Before You (2016)
Me Before You (2016)
No downloads available

Related movies