Exit print mode Print Data A+ A- Undo all

Mechanic: Resurrection (2016)

Four continents. Three kills... Or the love of his life is dead.
Mechanic: Resurrection (2016)Mechanic: Resurrection (2016)

Synopsis:

အက်ရှင်ဇာတ်ကားတွေ သဘော ကျတဲ့ ပရိသတ်တွေအတွက် ဒီနေ့ ရွေးချယ်ထားတာကတော့ ၂၀၁၁ တုန်းက ထွက်ရှိခဲ့တဲ့ The Mechanic ဇာတ်ကားရဲ့ အဆက် အဖြစ် ထွက်လာတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

သေဆုံးသွားပြီလို့ သတင်း လွှင့်ပြီးနောက်မှာတော့ အာသာ ဘစ်ရှော့ဟာ ဆန်တို့စ်ဆိုတဲ့အ မည်နဲ့ ရီယိုဒီဂျနေးရိုးမြို့မှာ မထင်မရှားနေထိုင်ခဲ့ပါတယ်။ တစ်ရက်မှာ တော့ ဘစ်ရှော့ဆီကို အမျိုးသမီး တစ်ဦးချဉ်းကပ်လာခဲ့ပြီး သူ့အ လုပ်ရှင်ရဲ့ ဆန္ဒဖြစ်တဲ့ လူသုံးယေက်ကို လက်စဖျောက်ဖို့ ကိစ္စအတွက် ဖြစ်ပါတယ်။ ဘစ်ရှော့က အမျိုးသမီးနဲ့ အပေါင်းပါတွေကို တိုက်ခိုက်ပြီး ထွက်ပြေးခဲ့ပါတယ်။ နောက်တော့ ထိုင်းနိုင်ငံက သူ့မိတ် ဆွေမယ်ရှိရာ ကမ်းခြေအိမ်ကိုသွားခဲ့ပြီး သူ့ကို လာရှာတဲ့အမျိုးသမီးအကြောင်း စုံစမ်းတဲ့အခါ အမျိုးသမီးက ဂီနာသရုန်းဆိုသူဖြစ်ပြီး ရီရာခရိန်းဆိုတဲ့သူဌေးအတွက် အလုပ်လုပ်နေတယ်ဆိုတာ သိသွားခဲ့ပါတယ်။

ဂီနာက ဘစ်ရှော့ရှိရာ ကမ်း ခြေဆီလိုက်လာခဲ့တာကို မယ်က သတိထားမိသွားပြီး ဘစ်ရှော့ကို သတိပေးခဲ့ပါတယ်။ နောက်တော့ ဘစ်ရှော့နဲ့ ဂီနာထိပ်တိုက်တွေ့ကြ တဲ့အခါ ဂီနာက ကမ္ဘောဒီးယားမှာ ရှိတဲ့ မိဘမဲ့ကလေးစောင့်ရှောက် ရေးစင်တာမှာ အလုပ်လုပ်နေသူ ဖြစ်ပြီး ခရိမ်းက ကလေးတွေကို ဒုက္ခပေးမယ်ဆိုပြီး အကျပ်ကိုင် ကာ ဘစ်ရှော့ရှိရာကို လိုက်ခိုင်း တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ခရိမ်းရဲ့ လူတွေဟာ ဂီနာနဲ့ ဘစ်ရှော့ရဲ့ အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပြီး တကယ်တော့ ခရိမ်းက ကလေးတွေကို လူကုန်ကူးဖို့ ကြံစည်ထားတာ ဖြစ်ပါတယ်။ ဘစ်ရှော့က ဂီနာနဲ့အတူ ခရိန်းနောက်ကိုလိုက်သွားခဲ့ပြီး သူရှင်းပစ်ချင်သူသုံးယောက်အကြောင်း မေးခဲ့ပါတယ်။

ပထမတစ်ယောက်က မလေးရှား အကျဉ်းထောင်မှာရှိနေတဲ့ စစ်နယ်ရှင်က ရစ်လ်ကိုရှင်း ပစ်ဖို့ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဆစ်ဒနီမှာနေတဲ့ သက်ငယ်လူကုန်ကူးဂိုဏ်းချုပ် အက်ဒ ရိန်းကွတ်ဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကတော့ ဘူလ်ဂေးရီးယားက လက်နက်ကုန်သည် မက်စ်အဒမ်ဆိုသူပဲ ဖြစ်ပါတယ်။

ခရိမ်းက အဲဒီလူတွေကို ဘယ်လိုကြောင့် သတ်ပစ်ချင်နေတာလဲ။ ဘစ်ရှော့ကကော သုံးယောက်စလုံးကို အပြတ်ရှင်းနိုင်မလား။ ခရိန်းရဲ့ အကြံအစည်တွေ ပေါ်ထွက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမှာလဲ။ ဂီနာနဲ့ ဘစ်ရှော့ရဲ့ ဇာတ်လမ်းကရော ဘယ်လိုပုံစံနဲ့ အဆုံးသတ်မှာလဲဆိုတာဆက်ကြည့်လိုက်ပါနော်။

ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ အကောင်းရော၊ အဆိုးရော ဝေဖန်ခံထားရတဲ့ ဒီဇာတ်ကားမှာ အာသာဘစ်ရှော့အဖြစ် ဂျေဆင်စတက်သမ်၊ ဂီနာသရုန်းအဖြစ် ဂျက်ဆီကာအယ်လ်ဘာ၊ မယ်အဖြစ် မစ်ရှဲယိုး၊ မက်စ်အဒမ်အဖြစ် တော်မီလီးဂျုံးစ်၊ ရီရာခရိန်းအဖြစ် ဆမ်ဟေဇယ်ဒင်းစတဲ့ သရုပ် ဆောင်တွေ ပါဝင်ထားကြပါတယ်။ အက်ရှင်မင်းသားကြီး ဂျေဆင်ရဲ့ ဇာတ်ကားသစ်လည်း ဖြစ်တဲ့အပြင် နာမည်ကြီးသရုပ်ဆောင်တွေချည်းပဲ ပါဝင်ထားတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

(ရုပ်ရှင်းအညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။)

File Size – 1.57 GB
Quality – Blu-Ray 1080p 6CH
Running Time – 1hr 38min
Format – mkv
Genre – Action, Adventure, Crime
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – K#/4nt_M1nn_K0

Original title
Mechanic: Resurrection
Director
Dennis Gansel, Kristina Sakizli, Shelly Stoyanova
Stars
Aaron Brumfield, Bonnie Zellerbach, Jason Statham, Jessica Alba, John Cenatiempo, Michelle Yeoh, Natalie Burn, Rhatha Phongam, Tommy Lee Jones, Vithaya Pansringarm
Release Date
26 Aug 2016
Rated
R
Runtime
98 min
Awards
1 nomination.
Country
France, USA
Budget
USD $40 000 000,00
Revenue
USD $125 729 635,00
Popularity
16.45
Status
Released
ID IMDb.com
tt3522806
IMDB Rating
5.7
IMDB votes
63,200
ID Themoviedb.org
278924
TMDb Rating
5.5
TMDb votes
1709