မီဂန်တစ်ယောက် ဆေးခြောက်တွေ အတူသုံးစွဲတဲ့သူငယ်ချင်းဆုံးပါးသွားပြီးကတည်းက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့ပါတယ် အဲ့အချိန်မှာ ငါသာ ဒါတွေဆက်လုပ်နေရင် သေဖို့ပဲရှိတော့တယ်ဆိုပြီး စစ်ထဲဝင်ဖို့ ရည်ရွယ်လိုက်ပါတော့တယ်.. စစ်တပ်ထဲရောက်သွားပြီး သင်တန်းတွေဘာတွေဆင်းပြီးတဲ့အချိန် သောက်စားပျော်ပါးကြရင်း သတိလက်လွတ်ဖြစ်ပြီး စစ်ရုံးမှူးရဲ့ အဆောင်ကို သေးနဲ့ပန်းမိသွားတယ် မနက်ခင်းရောက်တော့ ဒဏ်ပေးခံရပြီး မရိန်းခွေးတွေကို လေ့ကျင့်ပေးတဲ့ နေရာဆီရောက်သွားတယ်…
မီဂန် လီဗီတစ်ယောက် မရိန်းခွေး ထိန်းသိမ်းတဲ့နေရာကို သန့်ရှင်းရေးလုပ်နေရပြီး ကြာလာတော့ မရိန်းခွေးတစ်ကောင်လိုချင်မိကြောင်း တပ်ကြပ်ကြီးကိုပြောလိုက်တယ်…. တပ်ကြပ်ကြီးက မပေးဘဲ သံပုံးကို ခွေးပုံစံထားပြီး လေ့ကျင့်ခိုင်းတဲ့တယ်..နည်းနည်းတော့ ရယ်စရာဖြစ်သွားခဲ့တာပေါ့ မကြာဘူး… မီဂန်ကို ခွေးတစ်ကောင်ပေးခဲ့တယ်… အဲ့ခွေးက သူ့အရင်သခင်ကို ကိုက်ခဲ့လို့ တပ်ကြပ်ကြီးက ခွေးထိန်းဒဏ်ရာရနေလို့ မီဂန်ကို ပေးလိုက်တယ်.. အဲ့နောက်ပိုင်းမှာ မီဂန်တစ်ယောက် မရိန်းခွေးတစ်ကောင်ကို လေ့ကျင့်ပေးပါတော့တယ်…
ဒါကြောင့် ဒီဇာတ်ကားထဲမှာ အယ်ဇေးရှင်းခွေးတစ်ကောင်ကို စစ်ထွက်ဖို့အတွက် ဘယ်လိုလေ့ကျင့်ပေးရတယ်..တကယ့်စစ်ပွဲမှ ဘယ်လိုရင်ဆိုင်သလဲနဲ့ စစ်အက်ရှင်ဇာတ်ကားကော်းတစ်ကားဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ
တကယ်တော့ စစ်သားဘ၀ဆိုတာ မလွယ်ကူပါဘူး တိုင်းပြည်အတွက် အသက်ပေးထားရတယ်… ဒီလိုပဲ မရိန်းခွေး(စစ်ခွေး) တွေဆိုလည်းအတူတူပဲ စစ်သားတွေ ဗုံးမထိအောင် သူတို့ရဲ့အသက်ကို ရင်းပြီး ဗုံးလိုက်ရှာပေးရတာ…. လေ့ကျင့်မှု အားကောင်းမှ ရမှာဖြစ်သလို လေ့ကျင့်ပေးတဲ့သူကလည်း နည်းစနစ်ကျဖို့လိုပါတယ်…ဒါကြောင့် ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်တာကြောင့် ပရိတ်သတ်ကြီးအတွက် ရှားပါးကွာလတီနဲ့ တင်ဆက်ပေးလိုက်ပါတယ်…
Translator — Aung Khaing Htun
Encoder — Sai Wunna