Burmese Subtitle
BluRay 1080p 6CH Mile 22 (2018)
Report error

Report error

ဒီကနေ့ကဏ္ဍလေးမှာတော့ ပရိသတ်တွေအတွက် အမေရိ ကန်သည်းထိတ်ရင်ဖိုသူလျှိုအက် ရှင်ဇာတ်ကားလေး ဖော်ပြပေး လိုက်ပါတယ်။

စီအိုင်အေအေးဂျင့်ဂျိမ်းစ် ဆစ်လ်ဗာဟာ လက်နက်ကိုင် တပ်ဖွဲ့ငယ်တစ်ခုကို ဦးဆောင်နေ သူဖြစ်ပြီး သူ့အဖွဲ့ကငယ်ပေမယ့် တကယ့်ကိုအရေးကြီးတဲ့၊ အန္တ ရာယ်ရှိတဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်နေတာပါ။

အေးဂျင့်ဂျိမ်းစ်ဟာ Overwatch လို့စကားဝှက်နာမည်ပေး ထားတဲ့အဖွဲ့ကို ဦးဆောင်နေတာ ဖြစ်ပြီး အမေရိကန်မှာရှိနေတဲ့ ရုရှား သူလျှိုအဖွဲ့အစည်းကို စောင့်ကြည့်နေတာဖြစ်ကာဓာတုလက်နက်နဲ့ လူထောင်ပေါင်းများ စွာသေစေမယ့်အကြံအစည်ကို တားဆီးနိုင်ခဲ့ပေမယ့်Overwatch အဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ပါ တယ်။

၁၆ လလောက်ကြာအပြီး မှာတော့ အင်ဒိုနီးရှားရဲအရာရှိ လီ နူးဟာ အမေရိကန်သံရုံးမှာ အညံ့ ခံပြီး သတင်းအချက်အလက်ပေး ဖို့အတွက် လမ်းကြောင်းတစ်ခု အကူအညီပေးဖို့ ညှိနှိုင်းခဲ့ပါ တယ်။ လီနူးဟာ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေနဲ့ပတ်သက်တဲ့ သ တင်းရထားတာဖြစ်ပြီး သူ့အ သက်အန္တရာယ်အတွက် လာညှိ နှိုင်းခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ်တို့ဟာ လုံခြုံရေးအင် အားအကာအကွယ်ယူကာ လီနူး ကို ၂၂ မိုင်မှာရှိတဲ့လေယာဉ်ကွင်း တစ်ခုဆီကိုပို့ဆောင်ပေးရမှာဖြစ် ပါတယ်။ အင်ဒိုနီးရှားအစိုးရမှာ အကျင့်ပျက်ခြစားမှုတွေရှိနေသ လို သူ့ရဲ့မိသားစုကိုလည်း အန္တ ရာယ်ပြုမယ့်အနေအထားတွေ ကြောင့် သူ့နိုင်ငံကိုပြန်တာလို့ လီ နူးက ထုတ်ပြောခဲ့ပါတယ်။

လီနူးကိုလိုက်ပို့ပြီဆိုတာနဲ့ လမ်းမှာ ဆိုင်ကယ်သမားတွေရဲ့ ရန်ပြုနှောင့်ယှက်တာခံရပြီး အ ပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပါ တော့တယ်။

၂၂ မိုင်ကလေယာဉ်ကွင်းမှာ လေယာဉ်ဆိုက်တာနဲ့ လီနူးကို အ ချိန်ကိုက်တင်ပေးနိုင်မှသာ အန္တ ရာယ်ကင်းနိုင်မှာမို့ ဂျိမ်းစ်တို့အ ဖွဲ့ဝန်းရံနေတဲ့ရန်သူတွေကို ဘယ် လိုရင်ဆိုင်တုံ့ပြန်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။

လီနူးရဲ့သရုပ်မှန်က ဘာဖြစ် မလဲ၊ လေယာဉ်ကွင်းအရောက် ပို့မယ့် အေးဂျင့်တွေဘယ်လိုအန္တ ရာယ်တွေ၊ စိန်ခေါ်မှုတွေကြုံရ မလဲဆိုတာတော့ ဆက်လက်ရှု စားဖို့ ဖော်ပြလိုက်ပါတယ်။

ရုပ်ရှင်ဝေဖန်ရေးသမားတွေ ဆီက အကြိုက်မတွေ့တဲ့မှတ် ချက်တွေရထားတဲ့ဇာတ်ကားဖြစ် ပေမယ့်လည်း တကယ်ဟုတ်၊ မဟုတ်ကိုယ်တိုင်ခံစားဝေဖန် ကြည့်လိုက်ဦးနော်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေက မာ့ခ်ဝါးလ် ဘာ့ဂ်၊ ဂျွန်မာလ်ကိုဗစ်ခ်ျ၊ လော် ရန်ကိုဟန်၊ အီကိုအူဝိုက်စ်၊ ရွန်ဒါ ရောက်စေတို့ပဲဖြစ်ပါတယ်။

(ရုပ်ရှင်အညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားတာဖြစ်ပါတယ်)

File Size – 1.51 GB
Quality – Blu-Ray 1080P 6CH
Running Time – 1h 52min
Format – mkv
Genre – Action, Adventure, Crime
Subtitle – Myanmar (Hard Sub)
Translator – Zaw Min Thein
Encoded By – Htet Aung Moe

Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
Mile 22 (2018)
No downloads available

Related movies