Exit print mode Print Data A+ A- Undo all

Miracle in Cell No. 7 (2013)

Miracle in Cell No. 7 (2013)Miracle in Cell No. 7 (2013)

Synopsis:

Miracle in Cell No. 7 (2013)

ဒီတစ်ခါတော့ BS ပရိတ်သတ်ကြီးအတွက် Drama နဲ့ Comedy ပေါင်းစပ်ထားတဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တကယ်ကောင်းပါတယ်

ယဲဆွန်း တို့သားအဖဟာမချမ်းသာပေမဲ့ပျော်ရွှင်အေးချမ်းစွာမိသားစုဘဝကိုဖြတိသန်းနေကြတဲ့သူတွေပဲ ဖြစ်ပါတယ်။အဖေဖြစ်သူဟာစိတ်ကျန်းမာရေးချို့ယွင်းချက်ရှိပေမဲ့သမီးဖြစ်သူကိုလုပ်ကိုင်ရှာဖွေကျွေးမွေးပေးနေတဲ့ဝတ္တရားကျေတဲ့ဖအေတစ်ယောက်။ တနေ့သမီးဖြစ်သူလိုချင်တဲ့လွယ်အိတ်ကိုရှာဝယ်ပေးချင်ရာကသက်ငယ်မုဒိမ်းမှုနဲ့လူသတ်မှုရဲ့တရားခံအဖြစ်စွပ်စွဲခံလိုက်ရတဲ့အခါ သားအဖနှစ်ယောက်တည်းရှိတဲ့သူတို့ဘဝထဲကံကြမ္မာဆိုးကဝင်ရောက်လို့လာခဲ့ပါတယ်။အကျဉ်းခန်းတစ်ခန်းထဲမှာအတူနေတဲ့အကျဉ်းသားတွေနဲ့ထောင်ကြပ်တို့ဟာသူ့စိတ်အခြေအနေကိုမြင်တွေ့ပြီးနောက်အမှုကိုသံသယဝင်လို့စစ်ဆေးလိုက်တဲ့အခါမှာအပြစ်မရှိတဲ့အတွက်အမှန်တရားကိုဖော်ထုတ်ဖို့တရားရုံးကိုအယူခံဝင်ခဲ့ကြပါတယ်။ဒါပေမဲ့ကံဆိုးစွာနဲ့ပဲအသတ်ခံလိုက်ရတဲ့ကလေးရဲ့အဖေကအမှတ်အတေးကြီးတဲ့ကော်မရှင်အဖွဲ့ဝင်ဥက္ကဋ္ဌဖြစ်နေတဲ့အခါမှာတော့….
အမှန်တရားဟာလွယ်လွယ်နဲ့ပေါ်ထွက်လာပါ့မလား သူတို့ကရောဘယ်လိုဖော်ထုတ်ကြမလဲ ဖအေတစ်ယောက်တည်းသာအားကိုးရှိတဲ့သမီးလေးကရောဘယ်လိုဖြစ်သွားမှာလဲ အမှန်တရားကိုအချိန်မီဖော်ထုတ်နိုင်ပါ့မလား ငွေများတရားနိုင်ဆိုပေမဲ့အာဏာရှိရင်လဲ တရား နိုင် နိုင်တဲ့အကြောင်း မိဘနဲ့သားသမီးကြားချစ်ခြင်းမေတ္တာတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်

Review Credit

Original title
7-beon-bang-ui seon-mul
Director
Lee Hwan-kyung
Stars
Jeong Man-sik, Jo Jae-yoon, Jung Jin-young, Kal So-won, Kim Jung-tae, Kim Ki-chun, Oh Dal-su, Park Shin-hye, Park Won-sang, Ryu Seung-ryong
Release Date
23 January 2013
Rated
N/A
Runtime
127 min
Awards
11 wins & 17 nominations.
Country
South Korea
Popularity
7.718
Status
Released
ID IMDb.com
tt2659414
IMDB Rating
8.2
IMDB votes
12,895
ID Themoviedb.org
158445
TMDb Rating
8.2
TMDb votes
188