Mission: Impossible – Ghost Protocol (2011)
No Plan. No Backup. No Choice.Synopsis:
IMDB Rating 7.4, rottentomatoes 93% ရရှိထားတဲ့ Action, Adventure, Thriller အမျိုးအစားဖြစ်ပါတယ်။
Mission Impossible ရဲ့လေးကားမြောက်ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့
-==============-
IMF အေးဂျင့် ဟန်နဝေ က ရုရှားနျူ ကလီးယားပြစ်လွှတ်မယ့် ဖိုင်တွေကိုယူဖို့ ကြိုးစားရင်းကြေးစားလူသတ်သမား
တစ်ယောက်ရဲ့လက်ချက်ရဲ့သေဆုံးခဲ့ပါတယ်။ကြေးစားလူသတ်သမားက ကိုဘော့ ဆိုတဲ့အမည်လွှဲနဲ့သူလက်ထဲကို
နျူ ကလီးယားဖိုင်ကိုပေးအပ်ခဲ့ပါတယ်။အီသန် ကထိုစဉ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ မော်စကိုထောင်ထဲမှာ ကိုဘော့ရဲ့
သတင်းကိုနိုက်ယူနေစဉ်မှာဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ထိုကြောင့် ဂျိန်းကာတာ နဲ့ ဘန်ဂျီတို့ရဲ့
အကူအညီနဲ့ ထောင်ကနေထွက်လာပြီးတော့ ကိုဘော့ရဲ့ အချက်အလက်ကိုရှာဖွေဖို့ ကရင်မလင်နန်းတော်ထဲကို
ဝင်ပြီးရှာဖွေဖို့စစ်ဆင်ရေးတစ်ခုပေးခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ အမည်မသိသူတစ်ဦးကနေပြီးတော့ IMF ရဲ့
Radio လှိုင်းနှုန်းတူကိုအသုံးပြုပြီးပြောဆိုခဲ့တဲ့အတွက် အီသန်တို့ဒီစစ်ဆင်ရေးကို ဖျက်လိုက်စဉ်မှာဘဲ
ကရင်မလင် နန်းတော်ကြီးဟာရုတ်တရက်ဗုံးပေါက်ကွဲသွားပါတော့တယ်။
ကာတာနဲ့ ဘန်ဂျီတို့က လွတ်မြောက်ခဲ့ပေမယ့် အီသန်ကတော့ရဲလက်ထဲကိုတန်းရောက်သွားသလိုမိသွားခဲ့ပါတယ်။
ထို့နောက် အီသန်လွတ်မြောက်လာပြီး IMF ကိုပြန်ဖွဲ့စည်းပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…
ဇာတ်လမ်းထဲမှာဘဲဆက်လက်ရှုစားပေးကြပါခင်ဗျာ။
File Size – 2.12 GB
Quality – Blu-Ray 1080P 6CH
Running Time – 2h 12min
Format – mkv
Genre – Action, Adventure, Thriller
Translator – Kyaw Lwin Tun
Encoded By – Burmese Subtitle Team