1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ်
ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက်
Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ်
Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ်
ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့
နည်းနည်းပြောင်းလဲသွားတာရှိတယ်
အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲ
သွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ်
ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာ
ခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကို
ခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ်
ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကို
ကယ်ဆယ်ပြီး ၀ံပုလွေမိသားစုဆီ ပေးခဲ့တယ်….
ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီး
သူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေ
Mowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်…
ဒီလိုနဲ့ Mowgli အရွယ်ရောက်လာတဲ့အခါ
သူဟာ ၀ံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီး
မေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်…
သူ့မေးခွန်းတွေကို ဒိုင်ခံဖြေရတဲ့သူတွေကတော့
ကျားသစ်နက်ကြီး ဘာဂီရာ နဲ့ ၀က်ဝံကြီး ဘာလူး တို့ပဲ
ဖြစ်ပါတယ်…..
ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ Mowgli လေးကို စားသောက်ချင်နေတဲ့
ရှီရာခန်းကြီး ဟာလဲ တစ်ဖြေးဖြေး နဲ့ Mowgli အနားသို့ ရောက်လာခဲ့သော်အခါ…
ဒီ ရုပ်ရှင်ဟာ IMDb မှာ Rating 8 လောက်ထိ ရထားပါတယ်
အရမ်းလဲ လူကြိုက်များ အောင်မြင်ပါတယ်…
ဘာလို့အောင်မြင်လဲ ဆိုတာလဲ မမေးနဲ့
အသံသရုပ်ဆောင်ကိုပဲ အရင်ပြောပြပါမယ်…
ကျားသစ်နက်ကြီး ဘာဂီရာ အဖြစ်
ဘတ်မန်းမင်းသားကြီး Christian Bale အသံသရုပ်ဆောင်ပါတယ်
ပြီးတော့ ခင်ဗျားတို့ ကျားဆိုးကြီး ရှီရာခန်းကို မုန်းလို့ရမှာ မဟုတ်ဘူး
ဘာလို့လဲ ဆိုတော့ နောက်ခံ အသံသရုပ်ဆောင်က
ဒေါက်တာထူးဆန်း ကိုကို Benedict Cumberbatch ပါပဲ <3
Tom Hollander တို့ ဘာတို့ အပြင် အခြား နာမည်ကျော်
မင်းသားကြီး မင်းသမီးကြီးတွေက နောက်ခံ အသံ သရုပ်ဆောင်ပေးထားပါတယ်
ကဲ ဒါဆိုရင် ဒီရုပ်ရှင်က သင်ကြည့်ကိုကြည့်သင့်တဲ့
တောတွင်းသားလေး ဇတ်လမ်း ပါပဲ…..
Translator — Chan Myae Kyaw
Encoder — Sai Wunna[Pyinmana]