ဒီကားကို အကိုကြီးက ဘာသာပြန်ပြီး လာပေးတော့ တစ်ချက်ကြည့်ကြည့်လိုက်တယ်…ပုံမှန် ဂျပန် ဆာမူရိုင်းတို့ နင်ဂျာတို့ပေါ့
သေချာကြည့်လိုက်တော့….ဘာကိုတွေ့ရလဲဆိုတော့ ပထမတစ်ချက်ကိုပြောမယ်…
မူမွန်…ဆိုတဲ့ကြေးစားလူသတ်သမားလို့လည်းပြောလို့ရတယ်..ပိုက်ဆံရတယ်ဆိုရင် ဘယ်သူ့သတ်ရသတ်ရ ၀န်မလေးဘူး
လူတိုင်းက သူ့ဆိုရင် ကြောက်ကြသလို လေးစားကြတယ်… ပြောရရင် သူကအကောင်ကြီးပေါ့
ဒါပေမယ့်…. အိမ်ပြန်ရောက်ပြီဆိုရင်… မယားလုပ်တဲ့သူကို အသေကြောက်ရတာ….
လူမိုက်ကြီးက အိမ်ပြန်ရောက်တော့ ထမင်းချက်အ၀တ်လျော် ရတယ်ဆိုတာထက်ဆိုးနေပြီ(ချစ်တာလား ကြောက်တာလား မသဲကွဲတာမျိုး)
လုံးဝကို ” မယက” စာရင်းဝင် လူမိုက်မျိုး တွေ့ရတယ်…
တစ်နေ့တစ်နေ့ ၀င်ငွေလေးများ ကောင်းကောင်းမရှာနိုင်ရင်…. ညစာပါလွတ်မယ့်အပြင် (ညစာပြောတာနော်..တစ်မျိုးမထင်နဲ့)
အိမ်ထဲတောင် မ၀င်ရဘူး သူ့ခဗျာ အဲ့လိုကြောက်ရတာ…
ဇာတ်လမ်းသဘောက
မျိုးနွယ်စုနှစ်စုရှိတယ်…..
နင်ဂျာဆိုတဲ့ မျိုးနွယ်စုတစ်စုရယ်… ဆာမူရိုင်းလို့ခေါ်တဲ့ မျိုးနွယ်စုတစ်စုရယ်ပေါ့
နင်ဂျာတွေက ပိုက်ဆံသာရမယ်ဆိုရင် ကိုယ့်ချင်းချင်းလည်း သတ်ရဲကြတယ်..လုပ်ရဲကိုင်ရဲရှိတဲ့သူတွေပေါ့ ဘာကိုမှ မစဉ်းစားဘူး
ဒါကို ဆာမူရိုင်းတွေက မကျေနပ်ကြဘူး အရင်ကတည်းက သူတို့အချင်းချင်းက မတည့်ကြဘူး….
ဒီကောင်တွေကို လူတွေမဟုတ်ဘူး တိရစ္ဆာန်တွေလို့ပဲ သတ်မှတ်ထားကြတာ….
နင်ဂျာတွေကလည်း ဒီကောင်တွေကိုကြည့်မရဘူး….
ဆက်လက်ကြည့်ရှုပေးပါ
Translator — Aung Myint Oo
Encoder — Sai Wunna