လက်ရှိလူတွေသုံးစွဲနေတဲ့ရတနာတွေဟာ လူ့သမိုင်းတစ်လျှောက်မှာ ရှာဖွေတွေ့ရှိခဲ့သမျှ ရတနာတွေရဲ့၁၀ ပုံ ၁ ပုံပဲ ရှိသေးတယ်လို့ ဆိုတယ်။ ရှေးလူတွေရှာဖွေတွေ့ရှိခဲ့တဲ့ ရတနာတွေဟာ စစ်ကြောင့် ကပ်ဘေးကြောင့် ရာသီဥတုကြောင့် တိမ်မြှုပ်ပျောက်ကွယ်နေရသလို သိုဝှက်သိမ်းဆည်းခံထားရတာတွေလည်း ရှိတတ်တယ်။ လောဘစေရာ မနေသာလို့ ဒီရတနာတွေနောက် ခြေရာကောက်ပြီး လိုက်ရှာတဲ့ရတနာမုဆိုးတွေလည်း ခေတ်အဆက်ဆက် ပေါ်ခဲ့ကြတယ်။ ရတနာဆိုတဲ့ စကားလုံးမှာ ရွှေငွေကျောက်သံပတ္တမြားတွေ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေပါသလို ဘာသာရေးအရဦးထိပ်ထားစရာ အမွေအနှစ်တွေလည်း အကျုံးဝင်တယ်။ ဒီလိုနယ်ပယ်ကျယ်ပြန့်တဲ့ ဝေါဟာရနဲ့ သမိုင်းအရိပ်အောက်မှာစာရေးဆရာတွေ ဒါရိုက်တာတွေအတွက်တော့ ဖန်တီးချင်စရာ စိတ်ကူးယဉ်စရာ ဇာတ်လမ်းတွေ နှိုက်ထုတ်လို့မကုန်လောက်အောင်ပါပဲ။
၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Nicholas Cage ရဲ့ National Treasure ဆိုတဲ့ ရုပ်ရှင်ကားကို အတော်များများကြည့်ဖူးကြမှာသေချာတယ်။ ဝင်ငွေပိုင်းကော ဝေဖန်ရေးဆရာတွေရဲ့ ကလောင်
ဖျားမှာကော အောင်မြင်လှတယ်လို့ မဆိုနိုင်ပေမယ့် ဒီကားကိုကြည့်မိတဲ့လူငယ်တွေဟာ အမေရိကန် ပြည်ထောင်စုသမိုင်းစာအုပ်တွေကို ပြန်လှန်ဖြစ်ကြတာဟာ ဖန်တီးသူတွေအတွက် အောင်မြင်မှုပဲ။
ကလေးတွေကလည်း လွတ်လပ်ရေးကြေညာစာတမ်းအောက်မှာ တကယ်ပဲ ဝှက်စာရှိလား လို့ ပြတိုက်ကိုရောက်တိုင်းမေးတတ်ကြသလို ဒေါ်လာတစ်ရာတန်ကို အသေအချာ မှန်ဘီလူးနဲ့ ကြည့်ကြတဲ့အထိ စိတ်ဝင်စားခဲ့ကြတယ်လို့ဆိုတယ်။ သမိုင်းကိုဖတ်ရမှာ
ပျင်းတဲ့လူငယ်တွေ စိတ်ဝင်စားလာပြီး ရုပ်ရှင်ထဲမှာပြသမျှ ဟုတ်မဟုတ် အဖြေကိုရှာဖို့ ကြိုးစားကြတာ အမြတ်ပဲမဟုတ်လား။
National Treasure ရုပ်ရှင်မှာ ဒီလိုစိတ်ဝင်စားစရာဖြစ်အောင် သမိုင်းအထောက်အထား တချို့ခန့်မှန်းခြေနဲ့ စိတ်ကူးယဉ်တချို့ ပေါင်းစပ်ထားတာကို ရှာဖွေကြည့်ရင်သိရပါလိမ့်မယ်။
ဇာတ်လမ်းအညွှန်းကိုတော့ Movie Box Mudon မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။
File Size – 2.08 GB
Quality- Blu Ray 1080p 6CH
Running Time – 2hr 11min
Format – mkv
Genre – Action, Adventure, Family
Subtitle – Myanmar (Hard Sub)
Translator – Nay Myo
Encoded By – K#/4nt_M1nn_K0