Exit print mode Print Data A+ A- Undo all

Nerve (2016)

Are you a watcher or a player?
Nerve (2016)Nerve (2016)

Synopsis:

Nerve ရုပ်ရှင်ဟာ မဝေးတော့တဲ့ အနာဂတ်အချိန် (Year 2020) လောက်ကို အခြေပြုထားပါတယ်။ ဇာတ်လမ်းအဓိကကတော့ ခုနောက်ပိုင်းခေတ်စားလာတဲ့ တိုးတက်ကောင်းမွန်လာသလောက် အန္တာရယ်လည်းများလာတဲ့ internet နဲ့ mobile ခေတ်ကြီးရဲ့ ပြဿနာတွေကို ပြထားတာပါ။

အခုအချိန်မှာ Pokemon Go လည်းတော်တော်လေးနာမည်ကြီး လူကြိုက်များနေတော့ Nerve ရုပ်ရှင်ထွက်တဲ့အချိန်ဟာ တကယ့် အံကိုက်လို့ပြောလို့ရပါတယ်။ Nerve မှာလည်း ဘယ်နားသွားပြီး ဘာလုပ်ပါ။ လုပ်ရဲရင် ပိုက်ဆံဘယ်လောက်ရမယ်ဆိုတဲ့ Dare ပုံမျိုးတွေဆိုတော့ ပို hardcore ဖြစ်တာပေါ့။ Nerve ရုပ်ရှင်ကို ကျွန်တော်သဘောကျမိတဲ့အချက်လေးတွေကတော့ အဲလို Augmented reality ပုံစံ game တွေကြောင့် လူတွေဟာ လောဘတွေတက်ပြီး အန္တရယ်ဘာညာတွေမရှောင် ရူးသွပ်ကုန်ကျတာကို ပြထားတဲ့အပြင် online မှာဖြစ်ဖြစ်နေတဲ့ cyberbullying တွေကိုပါ ထည့်ပြသွားတာကိုပါ။ Online မှာကွကိုယ် လုပ်ချင်တာလုပ်မယ်၊ အဲအတွက် တစ်ဖက်သူဘယ်လိုနစ်နာသွားတာ ဆုံးရှုံးသွားတာတွေကို မကြည့်ဘဲ ကိုယ်နဲ့မဆိုင်သလို မသိချင်ယောင်ဆောင်နေတာမျိုးတွေပါ။
.
နောက်တစ်ချက်ကတော့ Nerve ရုပ်ရှင်ဟာ teenager ဇာတ်ကောင်တွေနဲ့ near future ကိုတည်ထားတော့ တော်တော်လေးကို ပေါ့ပေါ့ပါးပါးသွားထားပါတယ်။ Camera trick လေးတွေက မြင်ဖူးတာတွေနဲ့ မတူဘဲ ထူးထူးခြားခြားလေးတွေပါတယ်။ Mobile phone တို့ laptop တို့ရဲ့ screen အထဲကမြင်နေရသလို ပြောင်းပြန်စာတွေပေါ်နေတဲ့ view တွေလည်းပါတယ်။ သီချင်းလေးတွေလည်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရတာ အရမ်းကြီးပေါ့နေတာလည်းမဟုတ် လေးနေတာမျိုးလည်းမရှိပါဘူး။ ဒီလိုပေါ့ပါးတယ်ဆိုပေမဲ့ nerve ကြောင့် player တွေလုပ်ရတဲ့ challenge တွေဟာလည်း အသည်းယားပြီး စိတ်လှုပ်ရှားစရာကောင်းတယ်။ နှစ်ယောက်ကို Watcher တွေခိုင်းနေတဲ့ပုံနဲ့ ဇာတ်လမ်းအရ Hunger Games နဲ့လည်း သွားဆင်တယ်။ Emma Roberts နဲ့ Dave Fanco တို့နှစ်ယောက်က ကျွန်တော့အမြင်မှာ Perfect couple ကြီးမဟုတ်ပေမဲ့ တော်တော်လေးကို အတွဲညီခဲ့တယ်။ တစ်ယောက်ချင်းဆိုလည်း ပြဿနာမရှိခဲ့ဘူး။ ကိုယ်ကပဲ Emma Robert ကိုကြွေနေလို့လားတော့ မသိ  ။
.
ဇာတ်လမ်းရဲ့ သုံးပုံနှစ်ပုံလောက်က တော်တော်လေးအဆင်ပြေခဲ့ပေမဲ့ နောက်ဆုံးဇာတ်သိမ်းကတော့ အားရစရာမရှိခဲ့ဘူး။ တစ်ကားလုံး ပြလာတဲ့ တည်ဆောက်လာတဲ့ Nerve ကို အချိန်မရှိတော့လို့ ဖြစ်သလိုဇာတ်သိမ်းပစ်လိုက်သလိုဖြစ်သွားတယ်။ နောက်တစ်ခုက ရုပ်ရှင်ရဲ့ Trailer တစ်ပုဒ်ထဲမှာတင် ရုပ်ရှင်ဇာတ်လမ်းအကြောင်းအရာ တော်တော်များများပါနေလို့ အံ့အားသင့်စရာတွေ ခံစားစရာတွေဘာတွေ သိပ်မတွေ့ခဲ့ရပါဘူး။ ဥပမာ တချို့အခန်းတွေကို သူများတွေသဘောကျ ရယ်နေချိန်မှာ လိုက်ရယ်ချင်စိတ် မပေါက်ခဲ့တာမျိုးတွေပေါ့။ အဲအပြင် Plot hole တွေလည်း တော်တော်များပါတယ်။

Nerve ဟာ Thriller ဆိုပေမဲ့ အရမ်းကြီးလည်း serious လည်းမဖြစ် ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေရင်တော့ တော်တော်လေးကြည့်ကောင်းတဲ့ကားဖြစ်ပြီး တစ်ကားလုံးနီးပါး (ဇာတ်သိမ်းကလွဲလို့) ပုံမှန်လေး ဖျော်ဖြေပေးနိုင်တဲ့ကားပါ။ သွားကြည့်မယ်ဆိုရင်တော့ ဖြစ်နိုင်ရင် Trailer လည်းကြည့်မသွားပါနဲ့လို့။ နို့မို့ ဒီထက်ပိုအဆင်ပြေနိုင်မဲ့ကားလို့ ထင်လို့ပါ။

Review Credit to DatShin Facebook Page

Original title
Nerve
Director
Ariel Schulman, Henry Joost, Mike Smith, Renee Burke
Stars
Brian Marc, Dave Franco, Emily Meade, Emma Roberts, Juliette Lewis, Kimiko Glenn, Machine Gun Kelly, Marc John Jefferies, Miles Heizer, Samira Wiley
Release Date
27 Jul 2016
Rated
PG-13
Runtime
96 min
Awards
5 nominations.
Country
USA
Budget
USD $19 000 000,00
Revenue
USD $85 241 496,00
Popularity
12.887
Status
Released
ID IMDb.com
tt3531824
IMDB Rating
6.5
IMDB votes
102,272
ID Themoviedb.org
328387
TMDb Rating
7.1
TMDb votes
4545