Burmese Subtitle

Now You See Me (2013)

Now You See Me    

PG-13 115 min CrimeMysteryThriller

7.3
IMDB: 7.3/10 587,236 votes

,

, , , , , , , , ,

1 win & 3 nominations.

United States / France

1069

Report error

နာမည်ကြီးတဲ့ မျက်လှည့်ရုပ်ရှင်ကားပါ။ မထွက်ခင်ကတည်းကလည်း လူတွေစိတ်ဝင်စားပါတယ်။ ကြည့်လို့လည်းကောင်းပြီး Graphic တွေကလည်း သေသပ်လှပပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မျက်လှည့်ဆရာလေးယောက်ကို လူတစ်ယောက်က ညွှန်ကြားချက်တွေပေးပြီး သူ့နဲ့ ရန်ကြွေးရှိထားတဲ့ လူနှစ်ယောက်ကို ပြန်ပြီး လက်စားချေခိုင်းတာပါ။ ရန်ကြွေးရှိရတဲ့အကြောင်းကတော့ သူ့ရဲ့ အဖေက မျက်လှည့်ဆရာ တစ်ဦးဖြစ်ပြီး တစ်နေ့မှာ မီးခံသေတ္တာထဲ ဝင် ရေအောက်ထဲကို ပစ်ချပြီး ကိုယ်လွတ်ပြန်ရုံးပြတဲ့ ပြကွက် ကို လုပ်ပြနေတုန်း မီးခံသေတ္တာ က စံချိန်မမှီ တဲ့အတွက် တံခါးဖွင့်လို့မရဖြစ်ပြီး သူ့အဖေက အထဲမှာပိတ်မိပြီးသေ သွားပါတယ်။ အဲ့လို သေသွားပြီးနောက် သူ့အဖေရဲ့ အသက်အာမခံ ကုမ္ပဏီကလည်း လျော်ကြေးမပေးလို့ သူတို့မိသားစုတွေနစ်နာခဲ့ရပါတယ်။ ဒါကြောင့် အာမခံကုမ္ပဏီပိုင်ရှင်ရယ် ဘဏ်ရယ်၊ မီးခံသေတ္တာထုတ်တဲ့ ကုမ္ပဏီရယ်၊ နောက်ဆုံး သူ့အဖေကို အရှက်ခွဲတဲ့ သူရယ်ကို ပြန်လက်စားချေတာပါ။ ပြန်လက်စားချေတဲ့နေရာမှာ ဇာတ်ကားထဲက အဓိကသရုပ်ဆောင် ၄ယောက်က (မျက်လှည့်ဆရာလေးယောက်က) မျက်လှည့်ပွဲ ၃ ပွဲ လုပ်ပြီး တစ်ပွဲမှာ တစ်ယောက်စီကို ပြန်ကလဲ့စားချေထားပါတယ်။

ဇာတ်လမ်းကို အဓိက မထားပဲ တစ်ခန်းချင်းစီကို ပဲ ကြည့်မယ်ဆိုရင် တော့ မဆိုးဘူးလို့ပြောလို့ရတဲ့ဇာတ်ကားပါ။ Special Effect တွေနဲ့ Computer Graphic တွေနဲ့ ရိုက်ထားတဲ့ မျက်လှည့်ကားဆိုမှတော့ ကြည့်လို့ကောင်း တယ်လို့ပြောလို့ရပေမယ့်၊ ဒီကားထဲမှာတော့ ထူးထူးခြားခြား လှည့်ကွက်၊ မျက်လှည့်ကွက်ကောင်းကောင်း မပါပါဘူး။ ဒေးဗစ်ကော်ပါဖီး ရဲ့ မျက်လှည့်တွေက Computer Graphic နဲ့လုပ််ထားတဲ့ မျက်လှည့်ပြကွက်တွေထက် ပိုကောင််းပါဦးမယ်။ ဇာတ်လမ်းအရပြောရရင်လည်း ဒီမျက်လှည့်ဆရာလေးယောက်မှာ တစ်ယောက်က (jesse Eisenberg က) ဖဲချပ်တွေနဲ့ လမ်းဘေးမှာ မျက်လှည့်ပြစားနေတာဖြစ်ပြီး၊ Woody Harrelson ကတော့ အိပ်ငွေ့ချ ပညာသုံးပြီး မျက်လှည့်ပြစားတာပါ။ (သူအိပ်ငွေ့ချတာက ၅ စက္ကန့်အတွင်းမှာ ဖြစ်သလို တကယ်အပြင်မှာမရှိတဲ့ လုပ်ကွက်တွေပါ ပါလာတာတွေ့ရပါတယ်)။ Jesse Eisenberg ရဲ့ လက်ထောက် ဟောင်းကောင်မလေးကတော့ Escape Artist လို့ခေါ်တဲ့ ကိုယ်လွတ်ရုံးတဲ့ ပညာနဲ့ မျက်လှည့်ပြတာဖြစ်ပါတယ်။ (သူကလည်း တကယ့် Escape Artist တွေက လိုမဟုတ်ပဲ မျက်လှည့်နဲ့ ရောထားတာဖြစ်ပြီး ကိုယ်လွတ်ရုံးထွက်တဲ့ နေရာမှာ Magic Trick တွေသုံးထားပါတယ်။) နောက်ဆုံး တစ်ယောက်ကတော့ သာမန် လမ်းဘေး မျက်လှည့်ဆရာ တစ်ယောက်သာဖြစ်ပြီး သူက အပေါစား မျက်လှည့်ကွက်တွေနဲ့ လူတွေကို လိမ်စားတာဖြစ်ပါတယ်။ ဒီလေးယောက်ကို ခေါ်ပြီး နာမည်ကြီးအောင်လုပ်၊ လူတွေစိတ်ဝင်စားလာတော့မှ ပြန်ပြီး လက်စားချေဖို့ဖြစ်ပါတယ်။ ပထမဆုံး ပွဲမှာ ပြင်သစ်က ဘဏ်တစ်ခုကို ဓါးပြတိုက် တဲ့အခန်းဖြစ်ပါတယ်။ (ဘယ်လို လုပ်သွားလည်းကတော့ ဇာတ်လမ်းထဲမှာရှင်းထားပါတယ်။) ပြောချင်တာက ဒီဘဏ်ရဲ့ မန်နေဂျာကို ပြင်သစ်ကနေ အမေရိကား Las Vegas ကသူတို့ရဲ့ မျက်လှည့်ပွဲကို လာကြည့်အောင် အကွက်ဆင်ရပါတယ်။ အဲ့ဒီမန်နေဂျာကို လမ်းမှာဖြတ်သွားရင်းနဲ့ ကာဆီနိုက Chip လေးတွေပြတာ၊ ဘေးနားကဖြတ်သွားတုန်း Las Vegas ဆိုပြီး ရွတ်သွားတာ…… #($*%0၊ တကယ့်အပြင်မှာ ဖြစ်နိုင်ချေမရှိတဲ့ လုပ်ကွက်တွေနဲ့ လုပ်ပြသွားတာပါ။

ဒုတိယပြကွက်ကလည်း Insurance ကုမ္ပဏီပိုင်ရှင်ရဲ့ပိုက်ဆံတွေကို ပွဲလာကြည့်တဲ့သူတွေကို ခွဲဝေပေးတာပါ။ ပွဲလာတဲ့သူတွေကလည်း အဲ့ဒီ Insurance ကုမ္ပဏီက လျော်ကြေးရသင့်ပြီး မရခဲ့တဲ့ Customer တွေပါ။ ဒီမှာပြောချင်တာက ပိုင်ရှင်သူဌေးက သူ့ဘဏ့်အကောင့်ထဲမှာ သန်း၁၄၀ ရှိပါတယ်။ ဘယ်သူဌေးမှ သူတို့ရဲ့ ဘဏ်အကောင့်တစ်ခုထဲမှာ သန်း၁၄၀ လုံးထားမှာမဟုတ်သလို၊ သန်း၁၄၀ ကိုလည်း အရင်းအနှီးမလုပ်ပဲ ဘဏ်မှာစုမထားပါဘူး။ (အမေရိကားက ဘဏ်တွေက ၁၀၀၀ ကိုမှ တလကို ၅ပြားပဲပေးပါတယ်။ တစ်ချို့ ဘဏ်တွေက အတိုးမပေးပါဘူး။ အလုပ်မလုပ်ပဲ ထိုင်စားမှာ စိုးလို့ပါ။ ငွေလည်ပတ်နေမှ တိုင်းပြည်ချမ်းသာမှာဖြစ်လို့ အတိုးတမင် မပေးပဲထားတာပါ။) နောက်ပြီး သူတို့ လေးယောက်က ဘဏ့်အကောင့်ထဲကို ခိုးဝင်လို့ရပြီပဲထား သန်း ၁၄၀ လုံးကို လူပေါင်း တစ်ရာ ကျော်ကို မိနစ်ပိုင်းအတွင်းမှာ လွှဲပေးဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ တကယ့်တန်ခိုးရှင်တွေ လာပြီး လုပ်မှပဲရပါမယ်။ ဘာလို့လည်း ဆိုတော့ ငွေလွဲဖို့ဆိုရင် ဘဏ်ချင်းတူရင်တောင်မှ အနည်းဆုံး ရုံးဖွင့်ရက် ၂ရက် (စနေ၊တနင်္ဂနွေမပါ) စောင့်ရပါတယ်။ အထူးသဖြင့် ဒီလောက်ပမာဏကို လွဲပေးဖို့ဆိုရင် ပိုမလွယ်ပါဘူး။ (ဘဏ်ထဲကို ဝင် ဟက်မှပဲ ရပါမယ်။ ဇာတ်လမ်းကတော့ သူဌေးကြီးရဲ့အကောင့်ကို ခိုးပြီးတော့ ဝင်တယ်လို့ပဲ ပြောထားပါတယ်။) လွယ်တယ်ပဲထား ပွဲလာကြည့်တဲ့သူတစ်ယောက်ချင်းရဲ့ ဘဏ်အကောင့်ကို ဘယ်လို သိလည်းမသိပါဘူး။ ဘဏ်က ငွေလွဲတာ online transcation တိုင်းကို ဘဏ်က ပြန်ပြီး ဖျက်သိမ်းလို့ရပါတယ်။ ဒီလိုဆို ဒီလူတွေဆီကို ပိုက်ဆံပေးတာ အလကားဖြစ်သွားပါပြီ။

ဇာတ်ကားတစ်ကားလုံးက မျက်လှည့်ထက် ခန့်မှန်းမှုတွေ၊ အလောင်းအစားထပ်ပြီး လုပ်ရတဲ့ လှည့်ကွက်တွေက များပါတယ်။ တစ်ခုခု ချွတ်ချော်သွားရင် အစီအစဉ်တစ်ခုလုံး ပျက်သွားပါပြီ။ အဆုံးသတ်ပိုင်းကလည်း မျက်လှည့် (Magic) ဆိုတာ တကယ်ရှိပါတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ဇာတ်သိမ်းသွားပါတယ်။ မထင်မှတ်ထားတဲ့ဇာတ်သိမ်းကတော့ ဇာတ်လမ်းကို ကြိုးကိုင်နေတဲ့သူနဲ့ သူ့ရဲ့ အဓိကပစ်မှတ်လူပါ။ ဒါကို တော့ ဇာတ်လမ်းထဲမှာပဲကြည့်လိုက်ကြပါ။

(ဇာတ်ကားအညွှန်းကိုတော့ Movies For Myanmar Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)

Now You See Me (2013)
Now You See Me (2013)
Now You See Me (2013)
Now You See Me (2013)
Now You See Me (2013)
Now You See Me (2013)
Now You See Me (2013)
Now You See Me (2013)
  • Download Links Server Size Quality