Exit print mode Print Data A+ A- Undo all

Once Upon a Time… in Hollywood (2019)

In this town, it can all change… like that
Once Upon a Time… in Hollywood (2019)Once Upon a Time… in Hollywood (2019)

Synopsis:

တစ်ခါတုန်းက ဟောလိဝုဒ်မှာ ဆိုတဲ့ ရုပ်ရှင်လေးကို တင်ပေးလိုက်ပါတယ်။ဒါကတော့ ရုပ်ရှင် ၁၀ ကား ရိုက်ပြီးရင် အနားယူပါတော့မယ်ဆိုတဲ့ ဂန္ဓဝင်ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ ၉ ကားမြောက်ရုပ်ရှင်ပါပဲ။အရင်ရှစ်ကားကတော့ Django Unchained (2012) … The Hateful Eight (2015) … Death Proof (2007) …Inglourious Basterds (2009) … Reservoir Dogs (1992) … Kill Bill: Vol. … Kill Bill: Vol. … Jackie Brown (1997) ဆိုတဲ့ကားတွေပါပဲ။

ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။လီယိုနာဒို၊ ဘရက်ပစ်၊ မာဂေါ့ ရော်ဘီ တို့ အဓိက ပါဝင်ထားပါတယ်။လီယိုနာဒိုကတော့ ရစ်ခ် ဒယ်တန်ဆိုတဲ့ နာမည်ကျဆင်းနေတဲ့ ဟောလိဝုဒ် မင်းသားပေါ့။တစ်ချိန်ကတော့ ဂျိတ်ကေဟေးဆိုတဲ့ ကောင်းဘွိုင်ဇာတ်ကောင်နဲ့ ပေါက်ခဲ့ဖူးခဲ့သူပါ။အခုတော့ ဇာတ်လမ်းတွဲလေးတွေမှာ ဗီလိန်လိုက်လုပ်ပေးနေရပါပြီ။သူ့ရဲ့ စတန့်အရံကတော့ ကလစ်ဖ် ဘုသ် ( ပရက်ပစ်) ပါပဲ။သူကတော့ ရစ်ခ်ရဲ့ မိတ်ဆွေကောင်းအဖြစ် အတူရုန်းကန်နေတဲ့သူပေါ့။မာဂေါ့ရော်ဘီကတော့ ဟောလိဝုဒ်နာမည်ကျော် ဒါရိုက်တာ ရိုမန် ပိုလန်းစကီးရဲ့ မိန်းမအဖြစ် သရုပ်ဆောင်ထားပါတယ်။

မထင်ရှားသေးတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ အခြေအနေကိုလည်း ပြထားတာပေါ့။သူတို့တွေကို အခြေခံပြီး ဟောလိဝုအထာ၊ ဟစ်ပီတွေ၊ အီတလီရုပ်ရှင်တွေနဲ့ ၁၉၆၀ ဝန်းကျင် ရွှေခေတ်ကို ပုံဖော်ပြထားတာလေးကို လှလှပပ ခံစားကြည့်ရမှာပါ။ဘောနက်စ်အနေနဲ့တော့ ဘရုစ်လီဇာတ်ကောင်ကိုလည်း တွေ့ရပါလိမ့်ဦးမယ်။ ဘရုစ်ဖန်တွေတော့ နည်းနည်းထိရှမလားပဲ။

Credit Review

Original title
Once Upon a Time ...in Hollywood
Director
Brendan Lee, Christopher T. Sadler, Debbie Chung, Katie Pruitt, Martin Kitrosser, Quentin Tarantino, William Paul Clark
Stars
Austin Butler, Brad Pitt, Bruce Dern, Dakota Fanning, Emile Hirsch, Julia Butters, Leonardo DiCaprio, Margaret Qualley, Margot Robbie, Timothy Olyphant
Release Date
26 July 2019
Rated
R
Runtime
161 min
Awards
N/A
Country
USA
Budget
USD $95 000 000,00
Revenue
USD $372 353 736,00
Popularity
94.669
Status
Released
ID IMDb.com
tt7131622
IMDB Rating
7.8
IMDB votes
332,526
ID Themoviedb.org
466272
TMDb Rating
7.5
TMDb votes
4003