Burmese Subtitle
BluRay 1080p 6CH Overlord (2018)
Report error

Report error

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ အမေရိကန်သည်းထိတ်ရင် ဖို စစ်အက်ရှင်ဇာတ်ကားသစ် လေး ဖော်ပြလိုက်ပါ တယ်။

အမေရိကန်လေထီးတပ်ဖွဲ့တစ်ဖွဲ့ဟာ ဘုရားကျောင်းပျက် ကြီးတစ်ခုမှာ စခန်းချနေတဲ့ ဂျာမန်ရေဒီယိုတာဝါကို ဖျက်ဆီးပစ်ဖို့စေလွှတ်ခံရပေမယ့် သူတို့ပစ်မှတ်နေ ရာမရောက်ခင်မှာ လေယာဉ်ပစ်ခတ်ဖျက်ဆီးခံခဲ့ရ ပါတယ်။ တပ်ကြပ်ဖို့ဒ်နဲ့ တပ်သားလေးဦးဖြစ်  တဲ့ ဘွိုက်စ်၊ တစ်ဘက်၊ ချေ့စ်နဲ့ဒေါ်ဆင်တို့တွေသာ အသက်ရှင် ကျန်ရစ်တာမို့ မူလစစ်ဆင်ရေးကိုဆက်လက်လုပ်ဆောင်ဖို့ ချီတက် ခဲ့ပါတယ်။

ဒေါ်ဆင်ဟာ လမ်းမှာ မိုင်းနင်းသေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင် တွေက ရှေ့ဆက်သွားရင်း ကလိုး ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ဦး နဲ့ လမ်းမှာဆုံခဲ့ပြီး ကလိုးက ဂျာမန်ရေဒီယိုတာဝါရှိတဲ့နေရာကို လမ်း ညွှန်ခဲ့ပါတယ်။

တကယ်တော့ နာဇီတွေဟာ ဘုရားကျောင်းပျက်ကြီးထဲမှာသုတေသနစခန်းထားပြီး ဒေသခံတွေကို အဓမ္မဖမ်းဆီးစမ်းသပ်မှု တွေလုပ်နေတာပါ။ အန္တရာယ်ဇုန် ထဲကို ရောက်ရှိချိန်မှာ ဘွိုက်စ်ဟာ စမ်းသပ်ခံထားရလို့ ရုပ်ပျက်ဆင်း  ပျက်ဖြစ်နေတဲ့ ရွာသားတွေကို နာဇီတွေမီးရှို့နေတာကို မြင်တွေ့ခဲ့ပါတယ်။ ဘွိုက်စ်ဟာ နာဇီတွေနဲ့ထိပ်တိုက်တိုးမိပြီး အဖမ်းခံခဲ့ရ ကာ နာဇီတွေရဲ့စမ်းသပ်ခန်းရှိရာကိုခေါ်ဆောင်ခံရပါတယ်။

ဘုရားကျောင်းပျက်ထဲက စမ်းသပ်ခန်းမှာ နာဇီတွေဟာ ထူးဆန်းတဲ့ဆေးရည်တစ်မျိုးကို ဖော်စပ်ထားတာ ဘွိုက်စ်တွေ့ခဲ့ပြီး ဘွိုက်စ်ဟာ စမ်းသပ်ခန်းထဲ က ဆေးရည်အနည်းငယ်ကိုယူ လာခဲ့ပြီးနောက် နာဇီစခန်းမှာ အဖမ်းခံထားရသူတွေအကုန်လုံး ကို ပြန်လွတ်အောင် ကူညီပေးခဲ့ ပါတယ်။

နာဇီအဖွဲ့ဝင်တစ်ဦးကို တပ် ကြပ်ဖို့ဒ်တို့အဖွဲ့က ဖမ်းမိခဲ့တဲ့အ  တွက် ထူးဆန်းတဲ့ဆေးရည်နဲ့ ပတ်သက်ပြီး ရိုက်နှက်မေးမြန်းခဲ့ပေ မယ့် အဖြေမရခင်မှာဘဲ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်းလက် ချက်နဲ့ ချေ့စ်သေနတ်မှန်ခဲ့ပါ တယ်။

အဲဒါနဲ့ ဘွိုက်စ်ဟာ ချေ့စ်ကိုကယ်လို့ရငြား နာဇီစခန်းကယူ လာတဲ့ ဆေးရည်ကို ထိုးသွင်း လိုက်တဲ့အခါ ချေ့စ် အသက်ပြန်ရှင်လာပေမယ့် လူတစ်ဦးလို မဟုတ်တော့ဘဲ သန္ဓေပြောင်း သတ္တ၀ါအသွင်ပြောင်းသွားတဲ့အ  တွက် ဘွိုက်စ်ကိုယ်တိုင်အပြတ် ရှင်းခဲ့ရပါတော့တယ်။

အဲဒီအခါမှာ အန္တရာယ်ရှိလှ တဲ့ နာဇီစမ်းသပ်ခန်းကို ဖျက်ဆီးပစ်ဖို့ အရေးကြီးတယ်ဆိုတာ ဘွိုက်စ်တို့ သဘောပေါက်ခဲ့ပါ တယ်။ နာဇီအဖွဲ့ခေါင်းဆောင်နဲ့ ဖို့ဒ်တို့ ရင်ဆိုင်တိုက်ခိုက်ရင်း နာဇီခေါင်းဆောင်က သူ့ကိုယ်သူဆေးရည် ထိုးသွင်းတိုက်လာတဲ့အတွက် ဖို့ဒ်ဒဏ်ရာအပြင်းအ ထန်ခဲ့ပါတယ်။ ဖို့ဒ်ဟာနာဇီစမ်း သပ်ခန်းကို ဖျက်ဆီးပြီး ဘွိုက်စ်နဲ့ကျန်တဲ့အဖွဲ့တွေ လွတ်မြောက် နိုင်ဖို့ သူ့အသက်စတေးခံလုပ်ခဲ့ ပါတော့တယ်။

ရန်သူ့နယ်မြေထဲရောက်နေ တဲ့ ဘွိုက်စ်တို့တစ်တွေ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ရဦး မှာလဲ။ မူလစစ်ဆင်ရေးအတိုင်း အောင်မြင်အောင် လုပ်နိုင်ပါ့ မလားဆိုတာ ဆက်လက်ရှုစားဖို့ ဖော်ပြလိုက်ပါတယ်။

ပါဝင်တဲ့သရုပ်ဆောင်တွေ ကတော့ Jovan Adepo, Wyatt Russell, Mathilde Ollivier, John Magaro, Gianny Taufer တို့ပဲဖြစ်ပါတယ်။

အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 1.75 GB
Quality- Blu Ray 1080p 6CH
Running Time – 1hr 50min
Format – mkv
Genre –  ActionAdventureHorror
Subtitle – Myanmar (Hard Sub)
Translator – Nyi Nyi Aung
Encoded By – Robinn Hood

Overlord (2018)
Overlord (2018)
Overlord (2018)
Overlord (2018)
Overlord (2018)
Overlord (2018)
No downloads available

Related movies