ပစိဖိတ်ရွင်းရဲ့ဒုတိယမြှောက်ကားလေးဖြစ်ပြီး 2018 ခုနှစ်မှာထုတ်လုပ်ထားတာဖြစ်ပါတယ်။
ပထမဆုံးဇတ်ကားကိုတော့ 2013 ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး
ယခုပရိတ်သတ်ရှေ့ကိုငါးနှစ်ကြာပြီးမှဒုတိယဇတ်လမ်းကိုတင်ဆက်ထားတာဖြစ်ပါတယ်။
ဇာတ်အိမ်ကိုတော့ ရေဂါလို့ခေါ်တဲ့စက်ရုပ်ကြီးတွေပူးပေါင်းတိုက်ခိုက်မှုကြောင့်
ဂြိုလ်သားတွေဝင်ရောက်တဲ့တွင်းပေါက်ကြီးကိုပိတ်နိုင်ခဲ့တာ ၁ဝနှစ်ကျော်အနေအထားနဲ့ဇာတ်အိမ်ကို
စတင်ထားပါတယ်။ တွင်းပေါက်ကြီးပိတ်သွားခဲ့ပေမယ့်အပျက်အစီးတွေကတော့ပြုပြင်ဆဲဖြစ်တဲ့
အနေအထားမှာပစိဖိတ်ကမ်းခြေစောင့်တပ်ဖွဲ့ကနေပြီးရေဂါတွေတိုက်ခိုက်ထားတဲ့စွန့်ပစ်နေရာကို
ကာကွယ်ယူထားရပါတယ်။အကြောင်းအရင်းကတော့ရေဂါထဲကအစိတ်အပိုင်းတွေကိုခိုးယူရောင်းချ
မှုတွေဆက်တိုက်ဖြစ်နေတာကြောင့်ပါ.တစ်ချို့ကလည်းကိုယ်ပိုင်ရေဂါတွေပြန်လည်တည်ဆောက်
နေကြလို့အခုလိုလုံခြုံရေးတွေယူထားတဲ့အနေအထားဖြစ်ပါတယ်။တစ်ဖက်မှာလည်းရေဂါမောင်းနှင်
သူပိုင်းလောဒ့်တွေက နှစ်ဦးမောင်းနှင်ရတဲ့စနစ်ကိုလည်းဆက်လက်ပြီးပြသနာတစ်ခုအဖြစ်ရှိနေဆဲပါ
ဒီလိုပြသနာတွေကိုဖြေရှင်းဖို့အတွက်တရုတ်ပြည်မှာရှိတဲ့ရှောင်စက်မှုလုပ်ငန်းကနေပြီးတော့
ပိုင်းလော့ဒ်တစ်ယောက်တည်းမောင်းနှင်နိုင်တဲ့အဝေးထိန်းဒရုန်းတွေကိုအစားထိုးဖို့လုပ်ဆောင်
လာပါတယ်။ဒီလိုအစားထိုးဖို့လုပ်ဆောင်နေစဉ်အချိန်မှာဘဲမမျှော်လင့်တဲ့ပြသနာတစ်ချို့့ပေါ်ပေါက်လာတယ်။
ဒီလိုမမျှော်လင့်ဘဲဖြစ်လာတဲ့ပြသနာတွေကိုတော့ ……ဇာတ်ကားလေးကိုကြည့်ရှုရင်းဆက်လက်အားပေးပါ
ခင်ဗျာ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကိုတော့ Burmese Subtitle Team မှပြန်ထားတာဖြစ်ပါတယ်)