Exit print mode Print Data A+ A- Undo all

Paddington (2014)

Please look after this bear. Thank you
Paddington (2014)Paddington (2014)

Synopsis:

လန်ဒန်မြို့ကို လူရှာရင်း ရောက်လာတဲ့ ဝက်ဝံလေးတစ်ကောင်တွေ့ရတဲ့ အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ဗြိတိန်ဟာသဇာတ်ကားလေးကို ဖော်ပြပေးလိုက်ပါတယ်။

စူးစမ်းလေ့လာသူ မောင်ဂို မာရီဆလိုက်ဟာ ပီရူးကတော နက်ကြီးထဲမှာ အသိဉာဏ်မြင့်တဲ့ ဝက်ဝံမိသားစုကိုရှာတွေ့ခဲ့ပြီး သူတို့ဟာ အင်္ဂလိပ်စကားသင်ယူ နိုင်သလို လိမ္မော်ယိုကိုလည်း အလွန့်အလွန် နှစ်သက်ကြောင်း သိရှိခဲ့ပါတယ်။ မောင်ဂိုမာရီဟာ ဝက်ဝံမိသားစုလာချင်တယ်ဆိုရင် ဗြိတိန်ကနေ အမြဲကြိုဆိုနေမယ့်အကြောင်းပြောခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ်။

တစ်နေ့မှာတော့ မြေငလျင် လှုပ်ပြီး ဝက်ဝံတွေနေတဲ့အိမ်ပျက် စီးသွားတာကြောင့် အိမ်အသစ်ရှာဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာ ဝက်ဝံလေးပက်စ်တူဇိုဟာ အဒေါ် ဖြစ်သူက စေလွှတ်တာကြောင့် လန်ဒန်မှာ အိမ်သစ်ရှာဖို့ ထွက်လာခဲ့ပါတယ်။

လန်ဒန်ရောက်သွားတဲ့ပက်စ်တူဇိုဟာ အိမ်ရှာမတွေ့သေးမီ စပ်ကြား ဘရောင်းမိသားစုရဲ့ခေါ် ဆောင်သွားခြင်းခံရပြီး သူတို့က ပက်စ်တူဇိုကို ပက်ဒင်တန်လို့ အမည်ပေးခဲ့ပါတယ်။

ဘရောင်း မိသားစုဟာ ပက်ဒင်တန်အိမ်ရှာ နေတုန်းလေး ခဏခေါ်ထားတာဖြစ်ပြီး အဲဒီအိမ်မှာ ဝက်ဝံကလေး ပက်ဒင်တန်တစ်ကောင် အမွှေစိန်လုပ်ပြီး အပျက်အစီးတွေများခဲ့ပါတော့တယ်။

ပက်ဒင်တန်ဟာ သူ့မိသားစု နဲ့ဆုံခဲ့တဲ့ စူးစမ်းလေ့လာသူမောင် ဂိုမာရီကိုရှာတွေ့နိုင်မယ်လို့ ယုံကြည်ပြီး ဘရောင်းမိသားစုထံမှာ မောင်ဂိုမာရီရဲ့ဦးထုပ်ပေးခဲ့ပြီး ထွက်သွားခဲ့ပါတယ်။ မောင်ဂိုမာရီရဲ့ဦးထုပ်ဟာ ရှေးခေတ်အနု ပညာလက်ရာတွေပါတဲ့ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်နေတာကြောင့် ဘရောင်းမိသားစုက ဦးထုပ်ကိုရှေးပစ္စည်းဆိုင်ကို ယူသွားခဲ့ပါတယ်။

မောင်ဂိုမာရီကို လိုက်ရှာနေတဲ့ ဝက်ဝံလေးပက်ဒင်တန်မောင် ဂိုမာရီနဲ့တခြားစီဖြစ်တဲ့သူ့သမီး မီလီဆန့်နဲ့တွေ့ဆုံတဲ့အခါ ဘာတွေ ဆက်ဖြစ်မှာလဲ။ ဘရောင်း မိသားစုနဲ့ ပက်ဒင်တန်ရဲ့ သံယောဇဉ်ကကော ဘယ်လိုအဆုံးသတ်မှာလဲဆိုတာ ကြည့်ရှုလိုက်ပါဦး။

ဝက်ဝံလေးရဲ့ ကမောက်ကမ ဖြစ်ရပ်တွေက ပရိသတ်ကိုပျော်ရွှင် ရယ်မောစေမှာ သေချာသလောက်ပါပဲ။ ပက်ဒင်တန်နေရာမှာ ဘန်ဝစ်ရှောက အသံသရုပ်ဆောင်ပေးထားပါတယ်။
ရုပ်ရှင်အညွှန်းကိုတော့ 7daydaily.com မှကူးယူဖော်ပြထားဖြစ်ပါတယ်။
Original title
Paddington
Director
Laura Miles, Paul King
Stars
Ben Whishaw, Hugh Bonneville, Imelda Staunton, Jim Broadbent, Julie Walters, Madeleine Harris, Nicole Kidman, Peter Capaldi, Sally Hawkins, Samuel Joslin
Release Date
16 Jan 2015
Rated
PG
Runtime
95 min
Awards
Nominated for 1 BAFTA Film Award. Another 2 wins & 6 nominations.
Country
UK, France, USA
Budget
USD $55 000 000,00
Revenue
USD $259 207 227,00
Popularity
13.417
Status
Released
ID IMDb.com
tt1109624
IMDB Rating
7.2
IMDB votes
82,392
ID Themoviedb.org
116149
TMDb Rating
7
TMDb votes
1843