၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်၊ နံနက်ခင်း ၇ နာရီ ၄၈ မိနစ်
အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်း၊ ပုလဲဆိပ်ကမ်း
အမေရိကန် ရေတပ် စစ်အခြေစိုက်စခန်း
ဂျပန်က သံခင်းတမန်ခင်း နည်းလမ်းနဲ့ အမေရိကန်ကို စစ်ထဲဝင်မလာဖို့ အပျော့ဆွဲ ဆွဲပြီး အီနေချိန် ၊ နောက်ကွယ်က စစ်မဟာဗျူဟာကို အကြီးအကျယ် ပြင်ဆင်ပြီး ၊ အမေရိကန်ရဲ့ အကြီးမားဆုံး ရေတပ် အခြေဆိုက်ရာ ပုလဲဆိပ်ကမ်းကို အလစ်အငိုက် ထိုးစစ်ဆင်ပြီး အမေရိကန်ကို အကောင်းဆုံး စစ်ကြေညာချက် ထုတ်လိုက်နိုင်တယ်။
ပုလဲဆိပ်ကမ်းရဲ့ သမိုင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင် ၊ အချစ်ဇာတ်လမ်းကို ပါးပါး ထည့် ဝါသနာကို အခြေခံ လေယာဉ် အရူးနှစ်ကောင်ကို ဇာတ်ကောင်ပြုပြီး စွန့်စားမှု အမိမြေအတွက် အသက်စွန့် ကြိုးပမ်းမှု အမေရိကန်တို့ရဲ့ အမျိုးသားရေးစိတ်ကို ပြသမှု စစ်ရဲ့ မဟာဗျူဟာ နဲ့ ဒုတိယကမ္ဘာစစ်ရဲ့ အကျည်းတန်မှုတွေကို ချယ်မှုန်းပြတယ်။ ကိုယ့်အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးသား လုံခြုံရေးအပေါ်မှာ ဆင်နွှဲကြတဲ့ စစ်ပွဲတွေ နိုင်ငံရေး ကစားပွဲတွေ စစ်သားတို့ရဲ့ ဘဝ စစ်မှုထမ်းတို့ရဲ့ ခံစားချက် ဝါသနာ အရင်းခံ ပရော်ဖက်ရှင်နယ် စစ်သားတို့ရဲ့ ပြုမှု တုံ့ပြန်ချက်တွေ ရေတပ် အင်အား လေတပ်အင်အား နဲ့ အမျိုးသားရေး အကျိုးစီးပွား စိန်ခေါ်ချက်တွေကို ကျော်လွှားရတဲ့ ကိစ္စ ။
မျက်လုံးတစ်လုံး အတွက်၊ မျက်လုံး တစ်လုံး
လက်တစ်ဖက် အတွက်၊ လက်တစ်ဖက်
အသက်အတွက်၊ အသက်
အသွေးအတွက်၊ အသွေး
စစ်အတွက်၊ စစ်
စစ်ဆိုတာ ပန်းနဲ့ ပေါက်ရတာ မဟုတ်ဘူး
သေမယ် ကြေမယ် သွေးထွက်မယ် ချွေးထွက်မယ်
ဘဝကြီးက စုတ်ပြတ်သတ်သွားမယ်
ကျည်ဆန်ကို အနမ်း နဲ့ နှုတ်ဆက်ရတဲ့ အမုန်းပြိုင်ပွဲ
အဲ့ဒါ စစ်ပွဲ …
~ Review Credit
File Size –2.87GB
Quality – Blu-Ray 1080P 6CH
Running Time – 3h 03min
Format – mkv
Genre – Action, Drama, History
Translator – Volcano
Encoded By – K#/4nt_M1nn_K0