Exit print mode Print Data A+ A- Undo all

Pitch Perfect 2 (2015)

We're back pitches
Pitch Perfect 2 (2015)Pitch Perfect 2 (2015)

Synopsis:

Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။

ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။

IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။

ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။

Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ  ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ဖျော်ဖြေရေးခရီးစဉ်များကို ပိတ်ပင်ခဲ့သောကြောင့် နာမည်ကောင်း ပြန်လည် ရရှိဖို့ရန်အတွက် ကမ္ဘာ့ Cappella ပြိုင်ပွဲတွင် အနိုင်ရရှိစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ရပါတော့တယ်။

Jesse J ၏ Flashlight သီချင်းကို အဓိကဇာတ်ဝင်တေး အဖြစ်ခံစားရမှာဖြစ်ပြီး အခြားနာမည်ကြီးသီချင်းများစွာ ကိုလည်း ပုံစံအသစ်ဖြင့် နားဆင်ရမှာပဲဖြစ်ပါတယ်။ ထို့အပြင် လွတ်လပ်သော လူငယ်ကျောင်းသားဘဝ၊ Teamworking၊ သူငယ်ချင်းချစ်ခြင်းမေတ္တာတို့ကို ဟာသနှောကာ ရူစားရမှာပဲဖြစ်ပါတယ်။

Original title
Pitch Perfect 2
Director
Elizabeth Banks, Scott Peterson
Stars
Adam Devine, Alexis Knapp, Anna Camp, Anna Kendrick, Ben Platt, Brittany Snow, Hailee Steinfeld, Katey Sagal, Rebel Wilson, Skylar Astin
Release Date
15 May 2015
Rated
PG-13
Runtime
115 min
Awards
9 wins & 16 nominations.
Country
USA
Budget
USD $29 000 000,00
Revenue
USD $287 506 194,00
Popularity
19.706
Status
Released
ID IMDb.com
tt2848292
IMDB Rating
6.4
IMDB votes
136,019
ID Themoviedb.org
254470
TMDb Rating
6.8
TMDb votes
3956