ဒီဇာတ်ကားက
သုံးရက်အတွင်းမှာတင် ဖြစ်ပျက်သွားတဲ့
အကောက်ခွန်အရာရှိတွေ ရဲတပ်သားတွေကအစ
ဝန်ကြီးချုပ်အထိ ပါဝင်တဲ့
သတ္တုတွင်းကရတဲ့ ပလတိုနီယမ်တွေကို
အစိုးရမသိအောင်
မှောင်ခိုရောင်းချတဲ့
အကြီးစားလိမ်လည်မှုကြီး တစ်ခုအကြောင်း
ဖြစ်ပါတယ်
ပုံမှန်ကြည့်နေကျ
တာမီးလ်ကားတွေလို လက်သီးထိုးရင်
လေပေါ်မပျံပါဘူး. . .
မဖြစ်နိုင်တာတွေ မပါပဲ. . .
စုံထောက်တစ်ယောက်ရဲ့အရည်အချင်းနဲ့
တာဝန်ကို
ဖိုက်တင်ခန်းတွေ အပစ်အခတ်ခန်းတွေနဲ့
ရိုက်ပြထားတာပါ. . .
သမ္မရာပါလီရွာလေးမှာ ပလူတိုနီယမ်သတ္တုတွေ
ရှိတယ်ဆိုတာ သိသွားတဲ့
သတ္တုတွင်းဝန်ကြီးဌာနက အကြီးအကဲတစ်ချို့ ဟာ DAE(Department of Atomic Energy) ဥက္ကဌနဲ့
လက်ဝါးချင်းရိုက်ပြီး ပလူတိုနီယမ်တွေကို
အပိုင်သိမ်း ၊ တရားမဝင်ရောင်းချပြီး
ကိုယ်ကျိုးရှာဖို့ ကြံစည်ပါတော့တယ်. . .
ပလူတိုနီယမ်ဆိုတာ အနုမြူလက်နက် ထုတ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းဖြစ်ပါတယ်
ပထမဆုံးအနေနဲ့
အတော်ဆုံးဟက်ကာ လေးယောက်ကို ခေါ်ပါတယ် သမ္မရာပါလီရွာကလေးရဲ့ ဂြိုလ်တုဓာတ်ပုံတွေကို
ပုံအဟောင်းတွေနဲ့ အစားထိုးပြီး
ဂြိုလ်တုကနေ စောင့်ကြည့်လို့ မရအောင်
လုပ်လိုက်ပါတယ်
ဒါမှသာ သတ္တုတူးဖော်ရေးလုပ်ရင် ဘယ်သူမှမသိပဲ အေးအေးဆေးဆေး လုပ်လို့ရမှာကိုး. . .
ဟက်ကာတွေကိုလည်း အစောင့်အကြပ်နဲ့ထားပြီး
စစ်ဆင်ရေးပြီးတဲ့အထိ တစ်လတိတိ
စောင့်ကြည့်နေကြတယ်
ဒါပေမယ့် ဟက်ကာတစ်ယောက်က DAE Serverမှာ ဗိုင်းရပ်စ်တစ်ကောင် ထည့်ပြီး
သူတို့်ရဲ့ လုပ်ငန်းစဉ်အချက်အလက်တွေကို
ခိုးယူနေခဲ့ပါတယ်. . .
ဒီသတင်းအချက်အလက်တွေကို သန်း100 နဲ့ ရောင်းချဖို့  အွန်လိုင်းကနေ ဝယ်လက်လိုက်ရှာစဉ်မှာပဲ DAE ဘက်က သတိထားမိပြီး
ဟက်ကာကို လိုက်လံသတ်ဖြတ်ပါတော့တယ်
ဒါကြောင့်
ဒီကားဟာ အပစ်အခတ် အသတ်အပုတ်နဲ့
စုံထောက်ဇာတ်ကားကောင်းတစ်ကား
ဖြစ်ပါကြောင်း. . .
Review Credit – BBMT
File Size – 1.98 GB , 846.23MB
Quality – Web-Rip 720p
Running Time – 2h 30min
Format – mp4
Genre – Action, Drama
Translator – မြင့်သူ နှင့် ညီညီမောင်
Encoded By – Burmese Subtitle Team