Exit print mode Print Data A+ A- Undo all

Raazi (2018)

An Incredible True Story
Raazi (2018)Raazi (2018)

Synopsis:

ဒီကနေ့ ရုပ်ရှင်ကဏ္ဍမှာ တော့ ဖြစ်ရပ်မှန်အကြောင်းအရာ ကို အခြေခံထားတဲ့ အိန္ဒိယသည်း ထိတ်ရင်ဖို သူလျှိုဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။

၁၉၇၁ အိန္ဒိယ-ပါကစ္စတန် စစ်ဖြစ်နေတဲ့ကာလမှာ အိန္ဒိယ မိန်းကလေး ဆာမက်ခန်းဟာ ပါကစ္စတန်  အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ရပါတယ်။ တကယ် တော့ ပါကစ္စတန်က သတင်းတွေ ကို အိန္ဒိယဘက်သို့ ပို့ဖို့အတွက် ဆာမက်ကို သူလျှိုအနေနဲ့ စေ လွှတ်ခဲ့တာပါ။

ဆာမက်ရဲ့ အဘိုးနဲ့ အဖေ ဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအ တွက် ကြိုးပမ်းနေသူတွေဖြစ်ပြီး မိသားစုရဲ့ တစ်ဦးတည်းသော သမီးဖြစ်တဲ့ ဆာမက်ဟာ သူ့ဖခင် ကင်ဆာရောဂါကြောင့် သုံးလပဲ အသက်ရှင်ရတော့မယ်ဆိုတာ သိခဲ့တဲ့နောက် သူ့အဖေရဲ့ အလုပ် တွေကို အမွေဆက်ခံဖို့ ဖြစ်လာခဲ့ပါတယ်။

ကနွဲ့ကလျ မိန်းကလေး ဆာမက်ဟာ ကြီးမားတဲ့ တာဝန် တွေ လက်လွှဲယူရတော့မှာမို့ သူ့ ကိုယ်သူ ပုံစံပြောင်းလဲပစ်ခဲ့ရပါ တယ်။ အတိုက်အခိုက်၊ အပစ်အ ခတ်၊ သတင်းပို့နည်း စတဲ့သူလျှို တွေ တတ်အပ်တဲ့ပညာတွေအ ကုန်လုံးကို ဆာမက်သင်ယူခဲ့ပြီး ပါကစ္စတန်ကို လိုက်သွားရတဲ့အ ခါမှာလည်း အစစအရာရာ အကုန်ပြင်ဆင်သွားခဲ့ပါတယ်။

အစပိုင်းကတော့ ရန်သူနယ် မြေသတင်းတွေကို ထောက်လှမ်း ဖို့ ရောက်သွားခဲ့တဲ့ ဆာမက်တစ် ယောက် နောက်ပိုင်းမှာတော့ သူ့ ခင်ပွန်းသည်အပေါ် မေတ္တာသက် ဝင်သွားခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ သမိုင်းပေး တာဝန်ဖြစ်တဲ့ ပါကစ္စတန်ဘက် က လှုပ်ရှားမှုတွေကို အိန္ဒိယနိုင်ငံ သို့ သတင်းအချက်အလက်တွေ ပို့ဖို့လည်း မလစ်ဟင်းရအောင် ကြိုးပမ်းခဲ့ပါတယ်။

ဆာမက်တစ်ယောက် သတင်းအချက်အလက်ပို့ဖို့  အ သက်ကိုရင်းပြီး ဘယ်လိုတွေ ကြိုး ပမ်းခဲ့ရသလဲ။ ချစ်ရတဲ့ ခင်ပွန်း သည်နဲ့ နိုင်ငံအတွက် ဆာမက် ဘယ်လိုတွေ ပေးဆပ်သွားမလဲ ဆိုတာကို ဖြစ်ရပ်မှန်အကြောင်း အရာကို အခြေခံပြီး တင်ဆက် ထားတာမို့ ပရိသတ်တွေအကြိုက် တွေ့မယ်ထင်ပါတယ်။

ပါဝင်သရုပ်ဆောင်ထားသူ တွေက Alia Bhatt, Vicky Kaushal, Rajit Kapun Shishir Sharma, Jaideep Ahlawat စသူတွေပဲဖြစ်ပါတယ်။

ရုပ်ရှင်အညွန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 2.21 GB
Quality – Blu-Ray 1080p 6CH
Running Time – 2hr 18min
Format – mkv
Genre – Action, Drama, Thriller
Subtitle – Myanmar (Hard Sub)
Translator – Myint Myat Aung
Encoded By – Htet Aung Moe

Original title
Raazi
Director
Chandradeep Singh Rathore, Meghna Gulzar, Tripathi Ankur
Stars
Alia Bhatt, Amruta Khanvilkar, Arif Zakaria, Jaideep Ahlawat, Kanwaljit Singh, Rajit Kapoor, Sanjay Suri, Shishir Sharma, Soni Razdan, Vicky Kaushal
Release Date
11 May 2018
Rated
NOT RATED
Runtime
138 min
Awards
N/A
Country
India
Popularity
12.244
Status
Released
ID IMDb.com
tt7098658
IMDB Rating
7.8
IMDB votes
12,908
ID Themoviedb.org
491629
TMDb Rating
7.5
TMDb votes
35