Arcade လို့ခေါ်တဲ့ အကြွေစေ့နဲ့ဆော့ရတဲ့ ဂိမ်းစက်တွေပေါ်လာတာ ရာစုနှစ်ဝက်လောက်ရှိတော့မှာဖြစ်ပေမဲ့ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ ဆန်းသစ်တဲ့ဂိမ်းတွေနဲ့ ကမ္ဘ္ဘာတစ်လွှားက လူကြီးလူငယ်ပေါင်းဆုံကို ဖမ်းစားနေဆဲပါ။
ဒီရုပ်ရှင်ဟာ 2012 မှာထွက်ခဲ့ပြီး နာမည်ကျော်လူကြိုက်များခဲ့တဲ့ Wreck-It Ralph ရဲ့အဆက်ဖြစ်ပြီး ပထမကားနည်းတူ အော်စကာတစ်စုအတွက် စံကာတင်ခံထားရတာဆိုတော့ သမရိုးကျ sequel ရုပ်ရှင်တွေလို ခပ်ချာချာမဟုတ်တာတော့ အသေအချာပါပဲ။
Litwik လို့ခေါ်တဲ့ဂိမ်းဆိုင်လေးရဲ့ စက်တွေထဲက ဇာတ်ကောင်တွေကို အခြေခံထားတာဖြစ်ပြီး ထူးခြားတဲ့ပြောင်းလဲမှုတွေကိုစတင်စေမှာကတော့ မိသားစုပိုင်သမရိုးကျဂိမ်းဆိုင်လေးမှာ အင်တာနက်ကိုစတင်တပ်ဆင်လိုက်တဲ့ အခါမှာပါပဲ။ Ralph ရဲ့အခင်မင်ရဆုံးသူငယ်ချင်းဖြစ်တဲ့ ကားကောင်းပြိုင်တဲ့ ဂိမ်းထဲက ကောင်မလေးရဲ့ဂိမ်းစက်လက်ကိုင် ပျက်စီးသွားပြီးတဲ့နောက် လဲရမဲ့ လက်ကိုင်ရဲ့ တန်ဖိုးကများလွန်းတာမို့ စက်ကိုရောင်းပြစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
လဲစရာလက်ကိုင်ကို အီးဘေးမှာဝယ်လို့ရနိုင်တယ်လို့ သူတို့နှစ်ယောက်သိပြီးတဲ့နောက် အင်တာနက်ဆိုတာကြီးထဲကို ဝင်ရောက်ပြီး အရရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အင်တာနက်ပေါ်မှာ ငွေကြေးဆိုတာရှိမှပဲ အရာအားလုံးပြီးမြောက်တယ်ဆိုတာသိရပြီးနောက် လိုအပ်တဲ့ငွေကြေးကို ဘယ်လိုရှာဖွေကြမလဲ ၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရှာ ရှုစားကြနိုင်ဖို့ ယခုပင်လာရောက်ကူးယူနိုင်ကြပါပြီခင်ဗျ။
အင်တာနက်ရဲ့အလုပ်လုပ်ပုံတွေကို မတူညီတဲ့ ရှုထောင့်တွေကနေ ရင်သပ်ရှူမောဖွယ်ရာ animation တွေကိုအသုံးပြုတင်ဆက်ထားပြီး လူကြီးလူငယ်မရွေးကြိုက်နှစ်သက်မည့် မိသားစုအပန်းဖြေကြည့်ရှုဖို့သင့်တော်တဲ့ကားလေးလို့ ညွှန်းလိုပါတယ်ခင်ဗျ။
IMDB Rating:
MDb 7.3/10
အညွှန်းကိုတော့ ZettaByte Plus Facebook Page မှကူးယူဖော်ပြထားပါတယ်။
Translator – Si Thu Win
Encoder – Robinn Hood