ကဲဒီတစ်ခါတော့ အားလုံးစောင့်စားနေကြတဲ့
Rampant 2018 Zoombies ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
BS ဖန်တွေအနေနဲ့ကတော့ 1080p blu ray နဲ့ထွက်လာလို့တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
ရုံတင်ကားဖြစ်တဲ့အပြင် နဂိုကတည်းက ပရိသတ်စိတ်ဝင်စားမှု ရထားပြီးသားမို့လို့ ဇာတ်ရှိန်ပျက်အောင် အများကြီး မပြောပြတော့ပါဘူး
ဂျိုဆွန်းပြည် ချင်အင်ပါယာလက်အောက် ကျရောက်နေစဉ်မှာ ဥရောပကလာတဲ့ ပင်လယ်ကူးသင်္ဘောတစ်စင်း ဆိုက်ကပ်ခဲ့ပါတယ်။ အဲဒီ့သင်္ဘောပေါ်မှာ ခေတ်မီလက်နက်ခဲယမ်းတွေ အပြည့်တင်ဆောင်လာခဲ့ပေမယ့် အမည်မသိ ရောဂါဆိုးတစ်ခုလည်း ပါလာခဲ့ပါတယ်။ ရောဂါကူးစက်ခံရသူတွေဟာ လူ့အသွေးအသားကို ဆာလောင်တဲ့ ဖုတ်ကောင်အသွင် ပြောင်းသွားပြီး တစ်ခြားသူတွေကို လိုက်ကိုက်ရာကနေ ဆင့်ကဲဆင့်ကဲ ကူးစက်သွားတာဖြစ်ပါတယ်။ ဒီလောက်ကတော့ Zombie crazy တွေ သိပြီးသားပါနော့။ အာညောင်းခံပြီး အဲလေ လက်ညောင်းခံပြီး အကျယ်တ၀င့် မရှင်းပြတော့ပါဘူး။ ဒါပေမယ့် ဒီဖုတ်ကောင်တွေက ကြည့်ဖူးပြီးသား zombie တွေလို နေ့ဘက်အပြင်မထွက်နိုင်ဘဲ ညဘက်မှသာ အစာရှာထွက်ကြပါတယ်။
ပင်လယ်ဆိပ်ကမ်းရွာတစ်ရွာမှာ ဖုတ်ကောင်အန္တရာယ်ကျရောက်နေတုန်း ဂျိုဆောင်နန်းတွင်းမှာလည်း ပဋိပက္ခတွေ ဖြစ်နေခဲ့ပါတယ်။ အိမ်ရှေ့စံမင်းသားဦးဆောင်တဲ့ ရဲမက်တစ်စုဟာ ချင်အင်ပါယာလက်အောက်က ရုန်းထွက်နိုင်ဖို့ လျှို့ဝှက်စီစဉ်ခဲ့ပေမယ့် အကြံကြီးတဲ့ နန်းတွင်းအမတ်ကြီး ကင်ဂျာဂျွန်းလက်ချက်ကြောင့် ဂျိုဆောင်ဘုရင်ကို ပုန်ကန်သူတွေအဖြစ် စွပ်စွဲခံခဲ့ရပါတယ်။ ရဲမက်တွေကို စာနာထောက်ထားတဲ့ အိမ်ရှေ့စံမင်းသားက မင်းကြီးရှေ့မှောက်မှာတင် သူ့ကိုယ်သူ အပြစ်ပုံချခဲ့ပြီး အဆုံးစီရင်ခဲ့ပါတယ်။ ဒီလိုအဆုံးမစီရင်ခင်မှာ သားတော်လေးလွယ်ထားရတဲ့ သူ့မိဖုရားကို ကာကွယ်စောင့်ရှောက်ပေးဖို့ ချင်နိုင်ငံရောက်နေတဲ့ ညီတော်မင်းသား ဂန်းလင်ကို အကူအညီတောင်းခဲ့ပါတယ်။ မင်းသားဂန်းလင်ဆိုတာက အိမ်ရှေ့စံနေရာဆက်ခံဖို့ ဝေလာဝေး၊ တိုင်းရေးပြည်ရေး လုံးဝစိတ်မ၀င်စားဘဲ ချင်နိုင်ငံသူ မိန်းမလှလေးတွေနဲ့ ပျော်ဖို့ပါးဖို့လောက်ပဲ စိတ်ပါတဲ့သူပါ။ ဒါပေမယ့် ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ကင်ဂျာဂျွန်းစေလွှတ်လိုက်တဲ့ လူသတ်သမားတွေနဲ့ တစ်ရွာလုံး ဖုတ်ကောင်ဖြစ်နေတဲ့ ရွာတစ်ရွာကို မြင်လိုက်ရတဲ့အခါ…..
အားလုံးပဲ ချေ့ယူ….
File Size – 1.94 GB
Quality – Blu-Ray 1080p 6CH
Running Time – 2h 02min
Format – mp4
Genre – Action, Horror
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – Robinn Hood