ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။
၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။
ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် အိုအေစစ်ထဲမှာ အီစတာဥလို့ခေါ်တဲ့ပစ္စည်းတစ်ခုကိုထားခဲ့ပါတယ်။ဒါပေမယ့် အီစတာ ဥကိုရရှိနိုင်ဖို့အတွက် အဓိက သော့ ၃ ချောင်းကို ရအောင်
ရှာဖွေနိုင်ရမှာဖြစ်ပါတယ် …
ဒီကစားပွဲအတွင်းမှာ ကိုယ်စိတ်ကူးယဉ်တာတွေမှန်သမျှကို တကယ်အကောင်
အထည်ဖော်နိုင်အောင် လုပ်လို့ရပါတယ် …
ဒါကြောင့်လဲ ဆောင်ပုဒ်လေးက “အစစ်အမှန်ကိုခံစားဖို့အဆင့်သင့်ပဲလား” ဆိုတာပါပဲ …
ဟယ်လီဒေး က ဂိမ်းကိုအဆင့်မြင့်မြင့်အဆင့်အတန်းရှိရှိနဲ့ တီထွင်ခဲ့ပါတယ် …
ဒါကြောင့်လဲအောင်နိုင်ဖို့အရမ်းခဲယဉ်းခဲ့ပါတယ် …
ဂိမ်းတီထွင်ပြီး ၅ နှစ်အတွင်း တယောက်မှအောင်နိုင်သူမရှိခဲ့ပါဘူး …
ဒီတော့ ဒီအီစတာဥကို ဘယ်သူရသွားမလဲ ဘာတွေဆက်ဖြစ်မယ်
ဆိုတာကိုတော့ဇာတ်လမ်းထဲမှာဘဲအားပေးလိုက်ကြပါစို့
ပြီးတော့ ဒီဇာတ်ကားထဲမှာ အမျိုးသမီး ထုကြီး အသဲဆွဲကြိုက်ကြတဲ့
မိုရီဆာကီဝင်း (အဝင်း) လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။
~Review Credit