Exit print mode Print Data A+ A- Undo all

RED 2 (2013)

The best never rest.
RED 2 (2013)RED 2 (2013)

Synopsis:

ဒီတစ်ခါတော့ RED 1 ရဲ့အဆက် RED 2 ဆိုတဲ့အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ပထမဇာတ်ကားထဲမှာလိုပဲ အချစ်နဲ့ အက်ရှင်ကိုခပ်မြူးမြူးလေး ပေါင်းစပ်ရိုက်ကူးထားတာပါ
ပထမကားကိုကြည့်ထားပြီးတဲ့ပရိသတ်တွေကိုအေးဂျင့်ဟောင်းကြီးဖရန့်ခ်နဲ့ ဆာရာတို့ရဲ့
အချစ်ဇာတ်လမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်ပါတယ်
ဖရန့်ခ်ကသူ့ကောင်မလေးကို အရမ်းချစ်ပြီး ဘာမှမဖြစ်စေရအောင်သူပဲ ကာကွယ်ပေးချင်နေပါတယ်
ဆာရာကလဲ အဲလိုကာကွယ်ခံရတဲ့ဘဝကိုငြီးငွေ့နေပြီး သူ့ချစ်သူအရိပ်အောက်ကလွတ်ဖိ
မာဗင်ရဲ့အကူအညီယူပြီး ကြိုးစားပါတော့တယ်
အေးဂျင့်တွေရဲ့ အလုပ်ကိုဘာမှသေချာနားမလည်တဲ့ ဆာရာတစ်ယောက် ဘယ်လိုအလွဲတွေလုပ်မလဲဆိုတာ
ဟာသရှုထောင့်ကနေ ထင်သာမြင်သာရိုက်ပြထားပါတယ်
ဒါ့အပြင် ဒီကားထဲမှာ ထပ်ထူးခြားတာကတော့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား
လီဗြောင်ဟွန်း ပါဝင်သရုပ်ဆောင်ထားပါတယ်
ထုံးစံအတိုင်း သူ့ရဲ့ အလန်းစားတိုက်ကွက်တွေကိုဖရန့်ခ်တို့ RED အုပ်စုရဲ့ ပစ်ခန်းခတ်ခန်းအက်ရှင်ပြကွက်တွေနဲ့အတူပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်လာတာပါ
ဖရန့်ခ်တို့ ဘာပြသနာတွေရင်ဆိုင်ရမလဲ
ဘယ်လိုတွေဖြေရှင်းကြလဲ
အောင်မြင်ပါ့မလား ဆိုတာတွေကိုတော့
ဇာတ်လမ်းထဲမှာပဲ ဇိမ်ပြေနပြေနဲ့ ကြည့်ရှုခံစားကြပါဦးလို.
ဇာတ်လမ်းဇာတ်အိမ်ရော ရိုက်ကွက်တွေရောရိုးမသွားစေရဘဲ ပထမဇာတ်ကားနဲ့ အပြတ်အသတ်ယှဉ်နိုင်တဲ့ဇာတ်ကားဆိုတာ ကြည့်လိုက်တာနဲ့ ပြောစရာမလိုအောင်သိနိုင်တယ်ဆိုတာ အာမခံပါတယ်ဗျာ
အက်ရှင်ကြိုက်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ တကယ့်ကို ပြောင်မြောက်တဲ့အက်ရှင်ကားတစ်ကားဆိုတာလဲ
ညွှန်းပေးပါရစေနော်

အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတယ်။

Original title
RED 2
Director
Anna Worley, Cliff Lanning, Dean Parisot, Rob Burgess, Sean Guest, Sharon Mansfield
Stars
Anthony Hopkins, Bruce Willis, Catherine Zeta-Jones, David Thewlis, Helen Mirren, John Malkovich, Jong Kun Lee, Lee Byung-hun, Mary-Louise Parker, Neal McDonough, Tim Pigott-Smith
Release Date
02 Aug 2013 (UK)
Rated
PG-13
Runtime
116 min
Awards
3 nominations.
Country
United States / France / Canada
Budget
USD $84 000 000,00
Revenue
USD $148 100 000,00
Popularity
36.091
Status
Released
ID IMDb.com
tt1821694
IMDB Rating
6.6
IMDB votes
157,680
ID Themoviedb.org
146216
TMDb Rating
6.5
TMDb votes
2868