Burmese Subtitle
BluRay 1080p 6CH Red Cliff (2008)
Report error

Red Cliff (2008)

Red Cliff    

R 148 min ActionAdventureDrama

7.4
IMDB: 7.4/10 41,565 votes

, , , , , , , , ,

13 wins & 43 nominations.

China, Hong Kong, Japan, Taiwan, South Korea

240

Report error

ဒီဇာတ်ကား ၂ ကားကို လွီပုနဲ့သောင်းချန်၊ သစ္စာဂုဏ်ရည် ကြည့်ဖူးတဲ့သူတွေ၊ P2 ဂိမ်းမာတွေတော့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။ Romance of the three kingdoms ဂိမ်းတွေလည်း ထွက်ထားပါတယ်။ အရင်နှစ်တွေကတော့ ဒီသမိုင်းကာလ စဆုံးကို စီးရီးထွက်ပါတယ် အပိုင်း ၆၀ လောက်တော့ ရှိမှာပေါ့။(ဘာသာမပြန်နိင်ဘူးနော် မပူဆာကြေး :P)။ တရုတ်ပြည်ရဲ့ မင်းသုံးပါး အပြိုင်ခေတ်သမိုင်းထဲက အကျော်ကြားဆုံးကမ်းပါးနီတိုက်ပွဲကို ကောက်နှုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကာလကတော့ လွီပုနဲ့တုံကြို့တို့အသက်ခံရပြီးနောက်ပိုင်း။ လျိုပေ့ နဲ့ စွန်းကွန် တို့ မင်း ၂ ပါးအဖြစ် အင်အားအနည်းငယ်ရလာချိန်မှာ အမတ်ချုပ်ကြီး ချောင်ချောက်ဟာ လျိုပေ့ကို လိုက်ဖိတိုက်နေတဲ့ကာလပါ။ လျို့ပေ့မှာတော့ ကွမ်းရီ၊ကျန်းဖေး၊ကျောက်ယွန် တို့ သူရဲကောင်း ၃ ယောက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကနေရာမှာပါတဲ့ ပညာရှိအမတ်ခုံးမင်(ကျူးကော့်လျန်) တို့ ပါဝင်နေပါပြီ။ စွန်းမျိုးနွယ်တွေမှာတော့ စွန်းကျင်း နဲ့ စွန်းစီ သေသွားခဲ့ပြီး ညီငယ်က ဘုရင်ငယ်လေး ဖြစ်လာတဲ့အချိန်ပါပဲ။ ချောင်ချောက်ရဲ့ မတန်တဆကြီးမာလှတဲ့အင်အားကို အဖွဲ့ ၂ ဖွဲ့ရဲ့ ဥာဏ်ကြီးရှင် ၂ ယောက်ပူးပေါင်းပြီး အနိုင်တိုက်ခဲ့တဲ့ တိုက်ပွဲအကြောင်းပါ။ ပြောကြစတမ်းဆို ချောင်ချောက်ဟာ ဗီလိန်နေရာဖြစ်ပေမယ့် တကယ်ထက်မြက်တဲ့ နိုင်ငံရေးသမားဆိုတာ သမိုင်းပညာရှင်တွေ မငြင်းနိုင်ပါဘူး။ ချောင်ချောက် ရှုံးတဲ့ပွဲတွေကလည်း ကမ်းပါးနီနောက်ပိုင်းမှာ လက်ချိုးရေလို့တောင် ရမယ်ထင်ပါတယ်။လျိုပေ့ တို့နဲ့ စွန်းကွန်တို့ အချင်းချင်း ပြန်ချကုန်တာလည်း ပါတာပေါ့။ ဒီဇာတ်ကား ၂ ကားရဲ့ အဓိက ဇာတ်ဆောင် ကျူးကော့်လျန်ကတော့ အသက်အတော်ရတဲ့အထိ လျိုပေ့နေရာကို ဆက်ခံခေါင်းဆောင်သွားခဲ့ပြီးနောက်ဆုံးမှာ တီဘီရောဂါနဲ့ ဆုံးသွားတယ်လို့တော့ ဖတ်ဖူးပါတယ်။ နာမည်ကြီးဇာတ်ကောင်တွေကို နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အကောင်းဆုံးရိုက်ကူးထားတဲ့ ကားတွေမို့ ဘယ်ချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တာတော့ အမှန်ပါပဲ။ အားပေးကြပါဦး။

Credit Review

Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
Red Cliff (2008)
No downloads available

Related movies