Exit print mode Print Data A+ A- Undo all

Red Sparrow (2018)

Seduce. Deceive. Repeat.
Red Sparrow (2018)Red Sparrow (2018)

Synopsis:

မြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့ အခန်းတွေများလို့ နာမည်ြ ကီးခဲ့တဲ့  ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တု န်းက Nude Scenes တွေပါတဲ့ ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ် ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ် ။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့ လို မျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့ သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြ ထားတဲ့ ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ် ။ ဇာတ်လမ်းအကျ ဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့  ကောင်မလေးဟာ ရုရှားကျ က်သရေေ ဆာင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံ့ပေးထားတဲ့  တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော် တဆမှုတစ်ခြု ဖစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျ န်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့ အခါ ဒိုမီနီကာတစ်ယောက်ေ ရွးချယ်စရာမရှိတော့ ပဲ သူ့ဦးလေး အကြံပေးတဲ့ အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင် ဖို့ ဆုံးဖြတ်လိုက်ပါတော့ တယ်။

အမျိုးသမီးသူလျှိုတွေကို ရုရှားအစိုးရက ဘယ်လိုလေ့ကျ င့်သလဲ၊ ရု ရှားရဲ့နိုင်ငံရေးမူဝါဒက ဘာလဲ၊ ဘယ်လိုအမှုတွေကို စုံစမ်းထောက်လှမ်းရမလဲဆိုတာ ဆက်ပြီးကြ ည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားကို ဘာသာမပြန်ခင်အထိ သာမန် Spy အက်ရှင်ကားတစ်ကား လို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် သေချာဂရုစိုက်ကြည့်တဲ့ အခါ ကိုယ့်တူမကို အစိုးရသူလျှိုလောကထဲ လွှတ်ရဲတဲ့ ဦးလေးတစ်ယောက်ရဲ့ လုပ်ရပ်၊ နိုင်ငံတော် ရဲ့လိုအပ်ချက်အရဆိုတဲ့  စကားတစ်ခွန်းနဲ့ အ မျိုးသမီးတွေကို ပြည့်တန်ဆာသာသာဖြစ်အောင် ရက်ရက်စက်စက် လေ့ကျ င့်ပေးတဲ့  အစိုးရသင်တ န်းကျောင်း၊ စစ်အေးကာလမှာ အင်အားအကြီးဆုံးနဲ့ ရန်ငြိုးရန်စအများဆုံး အမေရိကန်နဲ့ ရုရှား တို့ရဲ့ သူလျှိုထောက်လှမ်းရေးအစီအစဉ်တွေအကြောင်းတွေ အများကြီး ပါဝင်သလို ရုရှားသူလျှိုတ စ်ယောက်နဲ့ အမေရိကန်သူလျှိုတစ်ယောက်ရဲ့ အတွေးအမြင်မတူပုံကိုလဲ ဖော်ပြထားတာတွေ့ရပါ တယ် ။ ဒီဇာတ်ကားက အက်ရှင်ဝုန်းဒိုင်းကြဲ ဂျက်မ ဇာတ်ကားတစ်ကားမဟုတ်ပဲ ပညာသားပါပါလှည့်ကွ က်တွေ၊ နိုင်ငံရေးလောကရဲ့ အမည်းစက်တွေ၊ သူလျှိုလောကရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သေ ချာ ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုကို မမှီရင်တောင်မှ ၀တ္ထုကပေးချင်တဲ့  အနှစ်သာရကိုတော့ေ ပးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ ထပ်ပြီး အသိပေးချင်တာကတော့ ဒီဇာတ်ကားဟာ ဂျနီဖာလောရင့်စ်ရဲ့ nude scene တွေပဲ လိုက်ြ ကည့်ရင် တော် တော် အဓိပ္ပါယ်မဲ့တဲ့ ကားတစ်ကားဖြစ်မှာပါ။ သူ ဒီဘ၀ကိုဘယ်လိုရောက်လာတယ် ၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို ကြည့်မှသာ ဒီရုပ်ရှင်ကြည့်ရကျိုးနပ်မှာဖြစ်ပါတယ်။

~ Review Credit

File Size – 2.03GB
Quality – Blu-Ray 1080P 6CH
Running Time – 2h 20min
Format – mkv
Genre – Action, Drama, Thriller
Translator – Arr Noe
Encoded By – Htet Aung Moe

Original title
Red Sparrow
Director
Alicia Accardo, Francis Lawrence, Rebecca Sheridan
Stars
Bill Camp, Charlotte Rampling, Ciarán Hinds, Douglas Hodge, Jennifer Lawrence, Jeremy Irons, Joel Edgerton, Joely Richardson, Mary-Louise Parker, Matthias Schoenaerts
Release Date
02 Mar 2018
Rated
R
Runtime
140 min
Awards
N/A
Country
USA
Budget
USD $69 000 000,00
Revenue
USD $147 988 192,00
Popularity
29.604
Status
Released
ID IMDb.com
tt2873282
IMDB Rating
6.6
IMDB votes
106,322
ID Themoviedb.org
401981
TMDb Rating
6.5
TMDb votes
2365