Reservoir Dogs (1992)
Every dog has his day.Synopsis:
ကုတ်အကျီအနက်ဆင်တူ ဝတ်ပြီး ပစ္စတိုသေနတ်တွေ ကိုင်ထားကြတဲ့ လူငါးယောက် . . ။ သူတို့ ကျူးလွန်တဲ့ ဓားပြမှုကြီးက ရုတ်တရက် မအောင်မြင်ဘူးဖြစ်သွားတယ်။ သူတို့ သွားနေတဲ့နေရာကို ရဲတွေ က ကြိုရောက်နေတယ်။ ပစ်ကြ ခတ်ကြရင်း ငါးယေယာက် အသဲအသန် ထွက်ပြေးလာရတယ်။
ထွက်ပြေးလာတဲ့လမ်းမှာ သူတို့တွေ သံသယ ဝင်လာတယ်။ ငါတို့ လုပ်မယ့် plan ကို ဘာလို့ ရဲက ကြိုသိနေတာလဲ? ဒါဆို ငါတို့ အတွင်းထဲမှာ ရဲသူလျှို ရှိနေပြီလား?
ပြသနာက သူတို့အုပ်စုထဲမှာ ရဲတစ်ကောင်ပါနေတာ။ အဲ့ထက် ပိုကြီးတဲ့ ပြသနာက အဲ့ဒီ ရဲ က ဘယ်သူလဲ?
__________
* Reservoir Dogs *
IMDB – 8.3/10
Rotten Tomatoes – 91%
MKWah – 4/5
ဒီကားက တစ်ချိန်မှာ ဟုန်းဟုန်းတောက် အောင်မြင်လာတော့မယ့် Pop – culture ဒါရိုက်တာကြီး Tarantino ရဲ့ ပွဲဦးထွက် ရုပ်ရှင် ဖြစ်ပါတယ်။
ပွဲဦးထွက်ဆိုလို့ မရင့်ကျက်သေးတဲ့ အတွေ့အကြုံနဲ့ မတည်ငြိမ်သေးတဲ့ လက်နဲ့ ယိုပေါက်တွေ အမျာျးြားကြီး နဲ့ ရုပ်ရှင်များဖြစ်နေမလားလို့
ဒီကားဟာ Tarantino ရိုက်သမျှ ကားတွေထဲမှာ လူကြိုက် အများဆုံးတွေထဲက တစ်ကား ပါ။ အထူးသဖြင့် Pulp Fiction ရယ် ဒီကားရယ်က အရမ်းလူကြိုက်များတဲ့ ကားတွေပါ။ ရုပ်ရှင်ဝေဖန်ရေးဆရာတွေက တော်တော်ကောင်းပြီး ထူးခြားသစ်လွင်တဲ့ မှုခင်းရုပ်ရှင်ဖြစ်ကြောင်း အလုအယက် ချီးကျူးကြရတယ်။
ကျွန်တော့်ရဲ့ အကြိုက်ဆုံး Tarantino ရုပ်ရှင်သုံးကားထဲမှာလည်း ဒီကား ပါပါတယ်။
ဇာတ်ညွှန်းပိုင်းကို စ ပြောမယ်ဆိုရင် ဇာတ်ညွှန်း ဇာတ်လမ်းရဲ့ အစမှာကတည်းက လူသားဆန်ပြီး အဲ့ဘက်ခေတ် ( ရုပ်ရှင် ထွက်ခဲ့တဲ့ ၁၉၉၂ ဝန်းကျင်) တွေမှာ ရှားပါးတဲ့ ဇာတ်ဝင်ခန်းမျိုးနဲ့ စ ထားပါတယ်။
ဇာတ်ဝင်ခန်းက ရိုးရိုးလေးပါ။ လူငါးယောက် စကားထိုင်ပြောနေကြတာပါပဲ။ ဒါပေမယ့် သူတို့ကို ကြည့်ရတာ တကယ့် စကားဝိုင်းတစ်ခု ကို ကြည့်နေရသလို ခံစားရတယ်။ သောက်ကြစားကြ မီးခိုးတွေ မှုတ်ထုတ်ကြ ငြင်းခုံ နေကြတယ်။ ပြောတဲ့အကြောင်းအရာတွေကလည်း
ဒါ့အပြင် Tarantino ရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းအသွားအလာက non-linear style ဆိုတဲ့ အတိတ်ရောက်လိုက် ပစ္စုပ္ပာန်ရောက်လာလိုက် အနာဂတ်ရောက်သွားလိုက်နဲ့ timeline ကို ကစားပြတယ်။
တစ်ကားလုံးနီးပါးလည်း သွေးထွက်သံယိုတွေ ချည်းပဲ။ ကြမ်းလွန်းလို့ အဲ့အချိန်တုန်းက တစ်ချို့နိုင်ငံတွေမှာ ဒီကားကို ပြခွင့်တောင် ပိတ်ခဲ့တယ်။
ကြည့်ရတာ အရသာလည်းရှိ what the f လည်း ဖြစ်ရတဲ့ scene တွေလည်း ပါတယ်။ ဥပမာ လူတစ်ယောက်ကို ခုံပေါ်မှာ ကြိုးတုပ်ထားတယ်။ လူသတ်သမားက ဆံပင်ညပ်ဆိုင်မှာသုံးတဲ့ ခေါက်ဓားကို ကိုင်တယ်။ ဆောင်းဘောက် ရေဒီယိုကနေ သီချင်းဖွင့်တယ်။ ကြိုးတုပ်ခံထားရတဲ့သူကို သူ ဘာမှ မလုပ်ခင်မှာ ဇိမ်နဲ့ က လိုက်သေးတာ။ အဲ့ဒီ scene က တကယ့် iconic ပဲ။ လူတွေ အရမ်းသဘောကျကြတယ်။
နောက်ဆုံးဇာတ်သိမ်းမှာလည်း ထင်မထားတဲ့ twisted plot တွေ ပါတယ်။ မိုက်လည်း မိုက်တယ်။ ကျေနပ်စရာလည်း ကောင်းတယ်။
Character တွေအကြောင်းပြောရရင် အဓိက မင်းသား ငါးယောက်က ဒီကားရဲ့ အသက်သွေးကြောပဲ။ Reservoir Dogs ဆိုတဲ့အတိုင်း သိုဝှက်ချက်တွေ တိတ်ဆိတ်မှုတွေ ဟန်ဆောင်မှုတွေ ပြည့်နေတဲ့ ခွေးကြီး ၅ ကောင် . . ။
သူတို့ နာမည်ကလည်း ရယ်ရတယ်။ တစ်ချိန်တည်းမှာပဲ အထာကျနေတယ်။ Mr. Pink တဲ့ . . ။ Mr. White တဲ့ . . ။ Mr. Blond တဲ့ . . ။ Mr. Blue တဲ့ . . ။ Mr. Brown တဲ့ . . ။ မြန်မာလိုဆို မောင်ဖြူ မောင်ညို မောင်ပြာ ပေါ့။ သူတို့ boss က ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူသတ်သမားကောင်ကြီးတွေကို ပေးထားတဲ့ နာမည် တဲ့။ Tarantino ရဲ့ သောက်ခွက်ပြောင်တတ်တဲ့ အကျင့်ပေါ့လေ။
သရုပ်ဆောင်တွေကလည်း ကောင်းကြတယ်။ character နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်တွေကို Tarantino ရွေးချယ်ထားနိုင်ခဲ့တယ်။ character တစ်မျိုးစီမှာ ထူးခြားတဲ့ သွင်ပြင်တွေ ရှိတာကြောင့် ဟောလီးဝုတ် မင်းသားတွေ ကြည့်နေရတာနဲ့မတူပဲ တကယ့် ဒုစရိုက်သမားတွေကို ကြည့်နေရသလိုပဲ။
Music တွေလည်း ကောင်းတယ်။ ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်တယ်။ ဂီတ ရဲ့ classic ဆန်ခြင်း မြူးကြွခြင်း တွေက သွေးရဲရဲသံရဲရဲ ပြေးလွှားပစ်ခတ်နေတဲ့ ဒုစရိုက်သမားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ဗုံးဆံတောင့်ကြီးထဲ ပန်းပွင့်လှလှလေးစိုက်ထားသလ
ဒီကားက Tarantino ဖန်ဆင်းတဲ့ ပွဲဦးထွက် အပျိုမလေးတစ်ယောက်သာသာပါ။ ဒါပေမယ့် အထင်တော့ မသေးလိုက်နဲ့။ sex အကြောင်းကို အပျိုဟိုင်းကြီးတွေထက် ပို သိပြီး ယောကျာ်းကျမ်း ကျေညက်တဲ့ အပျိုမလေး ပါ။ ဒီကားက ပဲ Tarantino ဘာကောင်လဲဆိုတာ ဖြစ်လာစေခဲ့ပါတယ်။
ဒီကား မကြည့်ရသေးဘူးဆို ဝယ်သာကြည့်တော့ဗျာ။ ပိုက်ဆံ မရှိရင် ဇာတ်ကားရှိတဲ့သူဆီကနေ ခိုးသာ ခိုးခဲ့လိုက်။ ငါ ခိုးခဲ့ရတာ တန်လိုက်တာလို့ ပြီးမှ ရေရွတ်မိလိမ့်မယ်။
__________
မောက်ခမ်းဝါ