Exit print mode Print Data A+ A- Undo all

Ride Along (2014)

Propose to this cop's sister? Rookie mistake.
Ride Along (2014)Ride Along (2014)

Synopsis:

ဒီဇာတ်ကားလေးက ကျနော်အကြိုက်ဆုံး မင်းသား ဖြစ်တဲ့ ICE CUBE ရဲ့ ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ friday / next friday ဇာတ်ကားတွေနဲ့အတူ အောင်မြင်ကျော်ကြားလာခဲ့တဲ့ မင်းသားကြီး ICE CUBE ဟာ ဇာတ်ကားတိုင်းလိုလိုမှာ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်။ ဇာတ်ညွှန်း ၊ ဒါရိုက်တာ ၊ သရုပ်ဆောင် ၊ စသည်ဖြင့် လက်ချိုးရေတွက်လို့ရတဲ့ စွယ်စုံရ မင်းသားတွေထဲက တစ်ယောက်လို့ ပြောရရင်လည်း မမှားပါဘူး။

ဇာတ်လမ်းအကျဉ်း

ဂျိမ်းပေတွန် ဟာ ရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ သူ့မှာ မိဘတွေ မရှိတော့ပါဘူး။ သူအရမ်းချစ်ရတဲ့ ညီမလေးအင်ဂျလာ ပေတွန်နဲ့အတူနေတာပါ။ တစ်နေ့မှာတော့ သူ အိမ်ပြန်လာတဲ့အချိန်မှာ သူ့ညီမရဲ့ချစ်သူ ဖြစ်တဲ့ ဘင်ဘာဘာ နဲ့တွေ့ပါတယ်။ သာမန်လုံခြုံရေးအစောင့် အဖြစ် အလုပ်လုပ်နေတဲ့ ဘင်ဘာဘာ ကို သူ့ညီမနဲ့သူ ဘယ်လိုမှ သဘောမတူပါဘူး။ အသက်လောက်ချစ်ရတဲ့ ညီမလေး ဖြစ်တာမို့ သူလောက် သူ့ညီမလေးရဲ့ဘဝ လုံခြုံအောင် စောင့်ရှောက်ပေးနိုင်မယ့်လူ မရှိဘူးလို့လည်း ယူဆထားလို့ပါ။ မိဘတွေ ဆုံးပါးပြီး နောက်ပိုင်း သူ့ညီမလေးကို မိဘလို တစ်မျိုး အစ်ကိုလို တစ်မျိုး ပြုစုစောင့်ရှောက်လာခဲ့တဲ့ ဂျိမ်းပေတွန် အဖို့ ချစ်ရတဲ့ညီမလေးကို တခြားလူတစ်ယောက်လက်ထဲကို အလွယ်တစ်ကူထည့်ပေးဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘင်ဘာဘာ ကလည်း အင်မတန်မှ ရဲအရာရှိတစ်ယောက် ဖြစ်ချင်သူပါ။ ရဲသင်တန်းတွေ တက်ရောက်ဖို့လည်း လျောက်ထားသူ တစ်ယောက်ပါ။ အဲဒီအချိန်မှာ ဂျိမ်းပေတွန်က ဘင် ကို ပြောပါတယ်။ မင်းသာ ငါ စစ်ဆေးတဲ့ လက်တွေ့စာမေးပွဲကို အောင်မြင်နိုင်မယ်ဆိုရင် မင်းကို ရဲသင်တန်း တက်ရောက်ဖို့လည်း ကူညီမယ် ၊ င့ါညီမနဲ့လည်း သဘောတူတယ် ဆိုပြီးတော့ ကမ်းလှမ်းလာတာပါ။ ဘင် အတွက်တော့ အရမ်းကို ကြီးကျယ်တဲ့ အခွင့်အရေးတစ်ခု ရလိုက်သလိုဘဲပေ့ါ။ ဒီလိုနဲ့ လက်တွေ့ စစ်ဆေးဖို့ ဂျိမ်းပေတွန် က ဘင်ကို သူ စနစ်တကျ စီစဉ်ထားတဲ့အစီအစဉ်အတိုင်း ခေါ်သွားတဲ့ အချိန်မှာတော့ ………. ဘင် တစ်ယောက် ဘယ်လို အခက်အခဲတွေ ကြုံတွေ့မလဲ ဘယ်လိုမျိုး ဂျိမ်းပေတွန်ရဲ့ လက်တွေ့စာမေးပွဲကို ကျော်ဖြတ်မလဲဆိုတာကိုတော့ ဟာသ ဇာတ်ဝင်ခန်းလေးတွေနဲ့အတူ ဆက်လက်ရှုစားကြည့်ပါဦး ။ မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်။

Review – Credit

Original title
Ride Along
Director
Tim Story
Stars
Aaron Saxton, Bruce McGill, Bryan Callen, Dwayne L. Brown, Ice Cube, Jay Pharoah, John Leguizamo, Kevin Hart, Laurence Fishburne, Tika Sumpter
Release Date
28 Feb 2014 (UK)
Rated
PG-13
Runtime
99 min
Awards
1 win & 7 nominations.
Country
United States
Budget
USD $25 000 000,00
Revenue
USD $153 997 819,00
Popularity
14.851
Status
Released
ID IMDb.com
tt1408253
IMDB Rating
6.2
IMDB votes
102,173
ID Themoviedb.org
168530
TMDb Rating
6.3
TMDb votes
1618