Exit print mode Print Data A+ A- Undo all

Rio (2011)

1 out of every 8 Americans is afraid of flying. Most of them don't have feathers.
Rio (2011)Rio (2011)

Synopsis:

RIO ကားမှာပါတဲ့ အပြာရောင်ကြက်တူရွေးလေးတွေသဘာဝ တောတွင်းမှာ မျိုးတုန်းပျောက်ကွယ်သွားပြီ

2011 မှာ စရုံတင်ခဲ့ပြီး Blu လို့ ခေါ်တဲ့အပြာရောင် ကြက်တူရွေးလေးနဲ့ သူ့ အဖော်ဌက်မလေး Jewl တို့ ဟာ သူတို့ မျိုးစိတ် ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ဌက်လေးတွေအဖြစ်နဲ့  Brazil နိုင်ငံရဲ့ သဘာဝသစ်တော ပြုန်းတီးမှုတွေ၊ တောတွင်းတိရစ္ဆာန် တရားမဝင် ဖမ်းဆီးရောင်းချမှုတွေကြားမှာ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ရုန်းကန်ပြေးလွှားရင်း သားသမီးရင်သွေးများနဲ့ ပျော်ရွှင်စရာ မိသားစုလေးထူထောင်နိုင်ခဲ့ပုံကို ဟာသ ရီစရာမောစရာများနဲ့  ပရိသတ်တွေ ဇာတ်လမ်းအပြင်က မျိုးတုံးမှု အန္တရာယ်ကျရောက်နေတဲ့ ဌက်မျိုးစိတ်တွေ ကို သတိထားမိအောင် လှုံ့ ဆော်ပေးခဲ့ပြီး ပရိသတ်တွေအတွက်အကြိုက်တွေ့ စေခဲ့တဲ့ RIO ကာတွန်းကားကောင်းလေးကို မှတ်မိကြအုံးမယ် ထင်ပါတယ်။

RIO ကားထဲမှာပါတဲ့ အပြာရောင်ကြက်တူရွေးလေးတွေ ကိုတော့ ”Spix’s Macaw” လို့ ခေါ်ပြီး Brazil တောတွင်းမှာနေထိုင်ကြတဲ့မျိုးတုံးခါနီး ကြက်တူရွေး မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

RIO ကို ရိုက်ကူးခဲ့တဲ့ Director Carlos Saldanha ကတော့
မျိုးတုံးသွားနိုင်တဲ့ Spix Macaws လေးတွေ အကြောင်း လူတွေ သတိထားမိအောင် RIO ဇာတ်လမ်းထဲမှာ အပြာရောင်ကြက်တူရွေး ဇာတ်ကောင်တွေအဖြစ် ထည့်သွင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Director ဖြစ်ချင်တဲ့ အတိုင်း ကာတွန်းကားထဲမှာတော့ အပြာရောင်ကြက်တူရွေးတွေ အောင်မြင်စွာ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ပြီး ရင်သွေးလေးတွေ မွေးဖွားကာတောတွင်း မှာ အကောင်အရေအတွက် ပြန်လည် တိုးများလာပေမယ့် လည်း လက်တွေ့ အပြင်မှာတော့ Director မျှော်မှန်းပြီး ဖြစ်ချင်ခဲ့တာနဲ့  ထပ်တူမကျခဲ့တာတော့ ဝမ်းနည်းဖွယ် တွေ့ ရတာပဲဖြစ်ပါတယ်။

BirdLife International ရဲ့  အသစ်ထုတ်ပြန်လိုက်တဲ့ Report စာတမ်းများအရ ကျွန်ုပ်တို့ ချစ်ကြတဲ့ ဒီအပြာရောင် ကြက်တူရွေးလေးတွေ ဟာ တောတွင်းမှာ ပြန်လည် မြင်ရဖို့ လွန်းဝမဖြစ်နိုင်တော့ကြောင်း သေချာသွားခဲ့ပြီပဲဖြစ်ပါတယ်။ Captive Breeding အရ လူတွေ မွေးမြူထားတဲ့ ရာ မကျော်တဲ့ ကောင်ရေ အနည်းငယ်က လွဲလို့  တောတွင်းမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီပဲဖြစ်ပါတော့တယ်။

Credit Review

Original title
Rio
Director
Carlos Saldanha, Patrick Worlock
Stars
Anne Hathaway, George Lopez, Jamie Foxx, Jane Lynch, Jemaine Clement, Jesse Eisenberg, Leslie Mann, Rodrigo Santoro, Wanda Sykes, Will.i.am
Release Date
15 Apr 2011
Rated
G
Runtime
96 min
Awards
Nominated for 1 Oscar. Another 3 wins & 29 nominations.
Country
USA, Brazil
Budget
USD $90 000 000,00
Revenue
USD $484 635 760,00
Popularity
15.059
Status
Released
ID IMDb.com
tt1436562
IMDB Rating
6.9
IMDB votes
190,882
ID Themoviedb.org
46195
TMDb Rating
6.6
TMDb votes
3733