#ရုပ်ရှင်မိတ်ဆက်
ဒီကားက မထွက်ခင်ကတည်းက ပြောထားခဲ့သလိုပါပဲ ၁၉၈၀ ခုနှစ်တွေတုန်းကထွက်ခဲ့တဲ့ RoboCop ကို Remake ပြန်လုပ်ထားပေမယ့် မူလကားကို လုံးဝမမှီပါဘူး။
ဇာတ်လမ်းကတော့ ပထမကားနဲ့ သိပ်မတူပါဘူး။ မူလကားမှာ Detroit မြို့တော်ဝန်က ရဲဌာနကို OCP ကုမ္ပဏီကို လွှဲပေးပြီး ငွေထောက်ပံ့ခိုင်းရာက OCP က လူတွေအစား စက်ရုပ်တွေအစားထိုးဖို့လုပ်ပါတယ်။ အဲ့ဒီမှာ သူ့တို့ရဲ့စက်ရုပ်က အဆင်မပြေဖြစ်ပြီး၊ စက်ရုပ်သီးသန့်အစား လူနဲ့ စက်နဲ့ပေါင်းဖို့ အစီအစဉ်လုပ်ပါတယ်။ အဲ့ဒီမှာ Officer Murphy က လူဆိုးတွေ ရက်ရက်စက်စက်သတ်တာ ခံရပေမယ့် အသက်မသေခင်မှာပဲ စက်ရုပ်အဖြစ် OCP ကပြောင်းပေးလိုက်ပြီး RobCop ဖြစ်လာပါတယ်။
၂၀၁၄ ကားမှာတော့ OCP ကစက်ရုပ်တွေကို ထုတ်လုပ်ထားနိုင်ပြီး အမေရိကန်ရဲ့ လက်အောက်ခံနိုင်ငံတွေ ဖြစ်တဲ့ အရှေ့အလယ်ပိုင်း၊ ဗီယက်နမ်၊ ကိုရီးယား နဲ့ အခြားအခြားသော နိုင်ငံတွေမှာ သုံးနေပေမယ့် အမေရိကန်နိုင်ငံ မှာတော့ ဥပဒေအရတားမြစ်ထားပါတယ်။ ပြည်သူတွေက စက်ရုပ်တွေကို မယုံကြည်ကြသလို လူတွေလို ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ လူတွေလို အမှားအမှန် ဝေဖန် ပိုင်းခြားနိုင်စွမ်းမရှိတာကြောင့် လက်မခံကြပါဘူး။ အဲ့ဒီဒါကြောင့် အမေရိကားမှာ ပစ္စည်းရောင်းရဖို့ စက်ရုပ်နဲ့လူကို ပေါင်းဖို့ ကြံစည်ပါတယ်။ Officer Murphy က လူဆိုးတွေလက်ချက်နဲ့ ကားဗုံးဖောက်ခံ ရပြီးနောက် OCP က သူ့တို့ရဲ့ အစည်အစဉ်ကို အကောင်အထည်ဖော်ပါတော့တယ်။
ဒီကားက RoboCop remake သာမဟုတ်ခဲ့ရင် အရမ်းကောင်းတဲ့ စက်ရုပ်ကားတစ်ကားဖြစ်မှာဖြစ်ပြီး နာမည်ကြောင့် လူတွေ စိတ်ပျက်တာဖြစ်ပါတယ်။ လူတိုင်းကြိုက်ခဲ့တဲ့ RoboCop ကို ယူပြီး ဇာတ်လမ်းလုံးဝပြောင်းလိုက်တာကလည်း ပရိတ်သတ်ကို ဒေါသထွက်စေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ခေတ်က RoboCop က Made in USA ဖြစ်ပြီး ဒီ RoboCop ကတော့ Made in China ဖြစ်ပါတယ်။ အဲ့ဒီလောက်ထိ ဒီဘက်ခေတ်နဲ့ လျှော်ညီအောင် ရိုက်ကူးထားနိုင်သလို ဇာတ်လမ်းအားဖြင့်လည်း အထူးကောင်းမွန်ပါတယ်။ စက်ရုပ်နဲ့ လူနဲ့ တွဲထားပြီး စက်ရုပ်လိုပဲ လိုသလို ထိမ်းခြုပ်နိုင်အောင်ကြိုးစား ပေမယ့် လူဦးနှောက်နဲ့ နှလုံးသားက အထိန်းအချုပ်မခံ ပဲ Program ကို Override လုပ်တာမျိုး တွေက ဒီဘက်ခေတ် စက်ရုပ်အက်ရှင်ကား တစ်ကားအနေနဲ့ အထူးကောင်းမွန် ပါတယ်။ ဒါပေမယ့် RoboCop Remake ဆိုတာတစ်ခုတည်းနဲ့တင် RoboCop fan တွေ ကလက်မခံ ချင်ကြပါဘူး။
အားလုံးခြုံပြောရရင် ဇာတ်ကားကောင်းတစ်ကားပါ။ RoboCop လို့မမြင်ပဲ စက်ရုပ်ကားတစ်ကား လို့ သာ မြင်ရင် သို့မဟုတ် RoboCop (1987) ကားကို မကြည့်ဖူးရင်၊ ဇာတ်ကားကောင်းတစ်ကားဖြစ်လာ မှာပါ။ ကြည့်သင့်ပါတယ်။ ဒါက ဒီဘက်ခေတ်ကလေးတွေအတွက် 2014 RoboCop ပါ။ IronCop လို့နာမည်ပေးရင်တောင် တော်တော် ကောင်းပါဦးမယ်။ RoboCop နဲ့ လားလားမှမတူပါဘူး။ ကျန်တာအကုန်ကောင်းပါတယ်။
#Sololay
(ရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြသည်…)