Exit print mode Print Data A+ A- Undo all

Rock Dog (2016)

A new breed of rock star
Rock Dog (2016)Rock Dog (2016)

Synopsis:

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍအတွက် တော့ အပြောင်းအလဲလေး ဖြစ် အောင်လို့ 3D Animation ဇာတ်ကားလေး ဖော်ပြပေးလိုက် ပါတယ်။ Lionsgate ရုပ်ရှင်ထုတ် လုပ်ရေးကနေ ဖြန့်ချိမယ့် ဒီဇာတ် ကားလေးက ဂီတ ဝါသနာရှင် တိဗက်အိမ်စောင့်ခွေးလေး ဘိုဒီရဲ့ အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါတယ်။

မျက်လုံးပြူးပြူးနဲ့ ခွေးလေး ဘိုဒီဟာ သူ့အဖေခမ်ပါရဲ့ လက် ဆင့်ကမ်းအမွေအဖြစ် နောက်နှစ် မှာ သူ့ဒေသက သိုးတွေကို ထိန်း သိမ်းစောင့်ရှောက်ရမယ့် အကြီး အကဲတစ်ယောက်ဖြစ်လာဖွယ်ရှိ နေပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘိုဒီက စိတ်မဝင်စားလှပါဘူး။

တစ်ရက်မှာတော့ ဘိုဒီဟာ ရေဒီယိုတစ်လုံးကောက်ရခဲ့အပြီး မှာတော့ ရေဒီယိုကလွှင့်တဲ့ ရော့ခ် စတား ကြောင်တစ်ကောင် ဖြစ်တဲ့ အန်းဂက်စ်စကက်တာဂွတ်ရဲ့ သီချင်းကို နားထောင်ပြီးနောက် မှာ သူ့နှလုံးသားထဲက ဂီတဝါသနာပိုးတွေကြွလာပြီး သီချင်းဆိုချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အ ထည်ဖော်ဖို့ သေချာသွားခဲ့ပါ တော့တယ်။

အဲဒီနောက် ဘိုဒီဟာ သူ့ရဲ့ အရပ်ကို စွန့်ခွာပြီး ဂီတလမ်း ကြောင်းပေါ် တက်နိုင်ဖို့အတွက် မြို့ကြီးပြကြီးဆီကို စွန့်စားဖို့ထွက် လာခဲ့ပါတယ်။ အဲဒီမှာ သူသဘောကျတဲ့ ရော့ခ်အဆိုတော် အန်း ဂက်စ်ကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပေ မယ့် အရာမထင်ခဲ့ပါဘူး။

နောက်ပြီး ဘိုဒီကို မျက်စိကျ နေသူနဲ့လည်း ဆုံခဲ့ပါသေးတယ်။ သူကတော့ လင်းနစ်ဆိုတဲ့ ဝံပု လွေခေါင်းဆောင်ဖြစ်ပြီး ဘိုဒီရဲ့ အဖေခမ်ပါနဲ့လည်း ကမ္ဘာ့ရန်သူ တွေဖြစ်ပါတယ်။ လင်းနစ်က ဘိုဒီကို အသုံးချပြီး သူ့ရွာက သိုးတွေ ကို စားသောက်နိုင်ဖို့ အကြံအစည်ရှိနေတာ ဖြစ်ပါတယ်။

သီချင်းဆိုချင်တဲ့ ဘိုဒီတစ် ယောက် မြို့ပြမှာ ဘယ်လိုအခက် အခဲတွေ ကြုံဆုံရဦးမှာလဲ။ လင်း နစ်ခေါင်းဆောင်တဲ့ ဝံပုလွေအဖွဲ့ တွေက သူ့ရွာကို အန္တရာယ်ပြုဖို့ ကြံစည်နေတဲ့အခါ ဘိုဒီ ဘာတွေ ဆက်လုပ်မှာလဲ၊ သူဝါသနာပါတဲ့ ဂီတဝါသနာကို အကောင်အ ထည်ဖော်ခွင့်ရမှာလား ဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးမှာ အသံသရုပ်ဆောင်ထားသူတွေက ဘိုဒီအဖြစ် လုက်ဝီလ်ဆင်၊ အန်းဂက်စ်အဖြစ် အက်ဒီအစ်ဇက်၊ ခမ်ပါအဖြစ် ဂျေကေဆင်မွန်စ်၊ လင်းနစ်အဖြစ် လူးဝစ်ဘလက် စသူတွေပဲ ဖြစ်ပါတယ်။
#Credit review by www.7daydaily.com

Original title
Rock Dog
Director
Ash Brannon
Stars
Ash Brannon, Eddie Izzard, J.K. Simmons, Jorge Garcia, Kenan Thompson, Lewis Black, Luke Wilson, Mae Whitman, Matt Dillon, Sam Elliott
Release Date
24 Feb 2017
Rated
PG
Runtime
90 min
Awards
2 nominations.
Country
China, USA
Budget
USD $60 000 000,00
Revenue
USD $9 420 546,00
Popularity
8.676
Status
Released
ID IMDb.com
tt2822672
IMDB Rating
5.9
IMDB votes
3,803
ID Themoviedb.org
333667
TMDb Rating
5.7
TMDb votes
117