IMDb….7.5,,,,,Rotten….89%ဒီရုပ္ရွင္ကေတာ့ Bohemian Rhapsody လိုပဲ ကမာၻေက်ာ္ အဆိုေတာ္တစ္ေယာက္ရဲ႕ဘဝဇာတ္ေၾကာင္းကို ရိုက္ကူးထားတာျဖစ္မွာပါ။ သရုပ္ေဆာင္ကေတာ့ Kingsman ရဲ႕မင္းသားTaron Egerton ျဖစ္ေနတာ တုိက္ဆိုင္တာပါပဲ။ Kingsman ရုပ္ရွင္ထဲမွာ အယ္လ္တန္ဂြ်န္ပါခဲ့တာကိုး။
သူ႕နာမည္ကေတာ့ အယ္လ္တန္ ဂြ်န္ပါ။ လူအမ်ားၾကားဖူးၾကမယ္ထင္ပါတယ္။ အျပည့္အစံုဆိုရင္ေတာ့ဆာ အယ္လ္တန္ ဟာက်ဴလီ ဂြ်န္ ျဖစ္ပါတယ္။ သူဟာ အေမရိကရဲ႕ ေရာ့ခ္ဂီတသမိုင္းမွာ အေအာင္ျမင္ဆံုးတစ္ကိုယ္ေတာ္ဂီတသမားျဖစ္ၿပီး ကမာၻ႕ဂီတသမိုင္းမွာ တတိယေျမာက္ အေအာင္ျမင္ဆံုး ျဖစ္ပါတယ္။ သူ႕ေရွ႕မွာ မက္ေဒါနား နဲ႕ဘီတယ္စ္ ပဲ ရွိပါေတာ့တယ္။ (မၾကာခင္ ဘီတယ္စ္ရဲ႕အေၾကာင္းျဖစ္တဲ့ Yesterday ရုပ္ရွင္လည္း ရံုတင္ေတာ့မွာပါ)
အယ္လ္တန္ဟာ ဂရမ္မီဆု 5ၾကိမ္ရရွိခဲ့ၿပီး အျခားေသာ ဆုၾကီးေတြလည္း အမ်ားအျပားကို ရရွိခဲ့တာပါ။ Gold album 26 ခု၊ပလက္တီနမ္ နဲ႕ မာလ္တိုင္ပလက္တီနမ္ ၃၈ ခု၊ ဒိုင္းမြန္း တစ္ခု ရရွိဖူးၿပီး ကမာၻ႕အေခြေရာင္းရမႈအေရအတြက္သန္း ၃၀၀ ေက်ာ္ရွိပါတယ္။ ဒီရုပ္ရွင္မွာေတာ့ သူ႕ရဲ႕ ငယ္ဘဝ၊ ေအာင္ျမင္ေအာင္ ရုန္းကန္ရပံု၊ ေအာင္ျမင္ၿပီးေနာက္ထံုးစံအတိုင္းခံစားရတဲ့ ေအာင္ျမင္မႈဒဏ္ေတြ၊ အထီးက်န္မႈေတြ၊ ေဆးနဲ႕အရက္ျပႆနာေတြ၊ လိင္ကိစၥအရႈပ္အရွင္းေတြ ကေနရုန္းထြက္ၿပီး သာယာတဲ့ ဘဝကို တည္ေဆာက္ႏိုင္ခဲ့ပံုအထိ ျပထားတာပါပဲ။သူက ဖရက္ဒီမာက်ဴရီထက္ေတာ့ ကံေကာင္းခဲ့တယ္ပဲ ေျပာလို႕ရမလား မသိပါဘူး။ဂီတရုပ္ရွင္ ၾကိဳက္သူေတြအတြက္ေတာ့ သီခ်င္းေတြနဲ႕တင္ တန္လွပါၿပီလို႕ ေျပာရမွာပါပဲ။
Review Credit to CM
(Unicode)
IMDb….7.5,,,,,Rotten….89%ဒီရုပ်ရှင်ကတော့ Bohemian Rhapsody လိုပဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်မှာပါ။ သရုပ်ဆောင်ကတော့ Kingsman ရဲ့မင်းသားTaron Egerton ဖြစ်နေတာ တိုက်ဆိုင်တာပါပဲ။ Kingsman ရုပ်ရှင်ထဲမှာ အယ်လ်တန်ဂျွန်ပါခဲ့တာကိုး။
သူ့နာမည်ကတော့ အယ်လ်တန် ဂျွန်ပါ။ လူအများကြားဖူးကြမယ်ထင်ပါတယ်။ အပြည့်အစုံဆိုရင်တော့ဆာ အယ်လ်တန် ဟာကျူလီ ဂျွန် ဖြစ်ပါတယ်။ သူဟာ အမေရိကရဲ့ ရော့ခ်ဂီတသမိုင်းမှာ အအောင်မြင်ဆုံးတစ်ကိုယ်တော်ဂီတသမားဖြစ်ပြီး ကမ္ဘာ့ဂီတသမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ သူ့ရှေ့မှာ မက်ဒေါနား နဲ့ဘီတယ်စ် ပဲ ရှိပါတော့တယ်။ (မကြာခင် ဘီတယ်စ်ရဲ့အကြောင်းဖြစ်တဲ့ Yesterday ရုပ်ရှင်လည်း ရုံတင်တော့မှာပါ)
အယ်လ်တန်ဟာ ဂရမ်မီဆု 5ကြိမ်ရရှိခဲ့ပြီး အခြားသော ဆုကြီးတွေလည်း အများအပြားကို ရရှိခဲ့တာပါ။ Gold album 26 ခု၊ပလက်တီနမ် နဲ့ မာလ်တိုင်ပလက်တီနမ် ၃၈ ခု၊ ဒိုင်းမွန်း တစ်ခု ရရှိဖူးပြီး ကမ္ဘာ့အခွေရောင်းရမှုအရေအတွက်သန်း ၃၀၀ ကျော်ရှိပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့ရဲ့ ငယ်ဘဝ၊ အောင်မြင်အောင် ရုန်းကန်ရပုံ၊ အောင်မြင်ပြီးနောက်ထုံးစံအတိုင်းခံစားရတဲ့ အောင်မြင်မှုဒဏ်တွေ၊ အထီးကျန်မှုတွေ၊ ဆေးနဲ့အရက်ပြဿနာတွေ၊ လိင်ကိစ္စအရှုပ်အရှင်းတွေ ကနေရုန်းထွက်ပြီး သာယာတဲ့ ဘဝကို တည်ဆောက်နိုင်ခဲ့ပုံအထိ ပြထားတာပါပဲ။သူက ဖရက်ဒီမာကျူရီထက်တော့ ကံကောင်းခဲ့တယ်ပဲ ပြောလို့ရမလား မသိပါဘူး။ဂီတရုပ်ရှင် ကြိုက်သူတွေအတွက်တော့ သီချင်းတွေနဲ့တင် တန်လှပါပြီလို့ ပြောရမှာပါပဲ။
Review Credit to CM