Burmese Subtitle
Web-Rip 1080p 6CH Roma (2018)
Report error

Report error

ဇာတ်လမ်းအညွန်း
==============

2018 ရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကား

အခုလိုပြောလို့ ကျွန်တော် မလွန်ဘူးလို့ထင်တယ်။

Roma ဆိုတာဟာ Mexico နိုင်ငံမြို့တော်ဖြစ်တဲ့ Mexico City မှာရှိတဲ့ Colonia Roma လို့ ခေါ်တဲ့ ရပ်ကွက်နာမည်ကို ဆိုလိုတာပါ။ Cleo ဟာ Colonia Roma ရပ်ကွက်ထဲမှာရှိတဲ့ Sofia တို့ အိမ်မှာ အလုပ်လုပ်နေတဲ့ အိမ်အကူတစ်ယောက်ပေါ့။ Sofia တို့ အိမ်မှာ သူ့ယောင်္ကျားဖြစ်တဲ့သူရယ်၊ ကလေး ၄ ယောက်ရယ်၊ အဖွားရယ်၊ နောက်အိမ်အကူတစ်ယောက်ရယ် တူတူနေကြတယ်။

ဇာတ်လမ်းဟာ ဒီဇာတ်ကောင်တွေကြားမှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေကို ၁၉၇၀ ခုနစ် မက္ကဆီကိုမှာဖြစ်နေတဲ့ လူနေမှုအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ရောယှက်တင်ပြထားတယ်။

ဇာတ်လမ်းဟာ Cleo ကို အခြေတည်ထားတာပါ။ ပထမတစ်နာရီလောက်ဟာ Cleo ရဲ့ နိစ္စဓူဝအလုပ်တွေကို ပြရင်းနဲ့ပဲ ပြီးသွားတယ်။ အဲ့လိုပြရာကနေ Cleo နဲ့ ကလေးတွေရဲ့ ဆက်ဆံမှုတွေ၊ သူ့ရဲ့ချစ်သူနဲ့ သူ့ကြားက ဆက်ဆံရေးတွေကို ခပ်ပါးပါးလေးပြသွားပါတယ်။
Cleo ဆိုတာ ဘယ်သူလဲ ဆိုတာကို ပရိတ်သတ်နဲ့ ရင်းနီးသွားစေပါတယ်။

သူနဲ့မိသားစုကြားက ရင်းနှီးမှုအတိုင်းအတာနဲ့ သူ့ရဲ့စရိုက်တွေကို ဖော်ပြသွားပုံက သိမ်မွှေ့မှု အပြည့်ရှိပြီး ညင်သာလွန်းလှပါတယ်။

၁၉၇၀-၁၉၇၁ ခုနစ်မှာ ဖြစ်ပျက်တဲ့ အကြောင်းတွေကို ရိုက်ထားတာမို့ ထိုအချိန်က မက္ကဆီကိုနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို နားလည်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ အဲ့အချိန်မှာ မက္ကဆီကိုမှာ Dirty war လို့ လူသိများတဲ့ ပြည်တွင်းမငြိမ်သက်မှု အရှိန်ရနေချိန်ပါ။ အမေရိကန်နောက်ခံအားပေးမှု၇ထားတဲ့ လက်ရှိအစိုးရနဲ့၊ ကျောင်းသားတွေကြားက ပဋိပက္ခတွေ ရင်ကြားစေ့မရ ရှိနေချိန်ဖြစ်ပါတယ်။

ထိုနိုင်ငံရေးအခြေအနေတွေဟာ ဇာတ်လမ်းရဲ့နောက်ကွယ်မှာ စကတည်းက ရှိနေပါတယ်။ အမြဲတမ်းလိုလိုရှိနေပေမယ့် ဇာတ်လမ်းရဲ့အရှိန်ကို လျော့သွားလောက်အောင်ထိ ရှေ့မရောက်ပါဘူး။ အဲ ဇာတ်လမ်းဟာ ထိုနိုင်ငံရေးအခြေအနေတွေနဲ့ ရောထွေးပြီးရှုပ်ထွေးလာချိန်မှာ ကျွန်တော်တို့အဖို့ ရုပ်ရှင်ရဲ့ climax ကို ရောက်ပါတော့တယ်။

(ရုပ်ရှင်အညွှန်းကို MMDB Facebook page မှ ကူးယူဖော်ပြပါသည်)

Roma (2018)
Roma (2018)
Roma (2018)
Roma (2018)
Roma (2018)
Roma (2018)
Roma (2018)
Roma (2018)
  • Download Links Server Size Quality